CSR ဆိုတဲ့ corporate social responsibility - TopicsExpress



          

CSR ဆိုတဲ့ corporate social responsibility ဆိုတာကို အများစု က အလှူအတန်းလုပ်တာ ပေးကန်းကူညီတာ လူမှု့ရေးအလုပ်တွေလုပ်တာလို့ မြင်ကြတာများပါတယ်။ ကတယ်တော့ အဲဒီဟာက မမှားပေမဲ့ မပြည့်စုံသေးပါဘူး။ Economic responsibility (Be profitable) Legal responsibility (Obey the Law) Ethical responsibility ( Be ethical. Do what is right. Avoid harm ) Discretionary responsibility (Contribute to the community and quality of life) ဆိုပြီး လေးခုကြားဘူးပါတယ် တစ်ချို့ စာအုပ်တွေမှာ ၅ ခု တိ့ ဒီထက်ပိုတာတို့လည်းရှိပါတယ်။ ပထမ တစ်ခုကတော့ စီးပွားရေးလုပ်ငန်းထောင်ပြီးလုပ်ကိုင်တာကို က CSR ပါဘဲ။ အလုပ်အကိုင်တွေဖန်တီးတယ် ဝင်ငွေတွေဖန်တီးတယ် အခွန်တွေ ရစေတယ်ဆိုတာ ကို က CSR ပါ။ သူများတွေဆီမှာတော့ အလုပ်အကိုင်အခွင့်အလန်း တွေ အများကြီးဖန်တီးနိုင်ပြီး တိုင်းပြည်ဝင်ငွေ ရှာပေးနိုင်တဲ့ အခွန်ပေးနိုင်တဲ့သူတွေဟာ သူရဲကောင်းတွေပါ။ ကိုယ်ဆီမှာတော့ ဆိုရှယ်လစ်မှိုင်းရှိခဲ့တော့ လုပ်ငန်းရှင်ကို ခေါင်းပုံဖြစ်သူလို့ မြင်နေတာကို က နိုင်င်တကာ အမြင်မရစေတဲ့ တိုင်ပြည်ဆင်းရဲကြောင်းတခုပါ။ ဒုတိယတစ်ခုကတော့ စည်းမျည်းစည်းကမ်းလိုက်နာတာ စောင့်ထိမ်းတာ လည်း CSR ပါဘဲ တိုင်းပြည်ဥပဒေက အစ ရုံးစည်းကမ်း လုပ်ငန်းစည်းကမ်း ယဉ်ကျေးမှု့ထုံးတန်းတွေအားလုံး လိုက်နာလေးစားတာ ကိုထည့်ထားပါတယ်။ ပထမ စီးပွားရှာသူတွေ သူရဲကောင်းမဖြစ်ရခြင်းမှာ ဒုတိယစည်းကမ်းမလိုက်တာတာကြောင့်လည်းပါပါတယ်။ ညစ်တာ မှောင်ခိုလုပ်တာ အခွန်ရှောင်တာ အာဏာပိုင်နဲ့ပေါင်းစားတာတွေ လုပ်တာကို ထိမ်းနိုင်မှ CSR ဖြစ်မှာပါ။ တတိယတစ်ခုကတော့ Ethical ဖြစ်ဖို့ပါ လုပ်ငန်း က ဝင်ငွေရတယ် ဥပဒေဘောင်တော့ဝင်ပါရဲ့ လူတွေ နဲ့သဘာဝပတ်ဝန်းကျင်ပျက်စေတာမျိုး ခွဲခြားဆက်ဆံတာမျိုး ချုပ်နှောင်အနိုင်ကျင့်တာမျိုးက အစ Ethical မဖြစ်တာတွေ ကို မလုပ်တာ ရှောင်ရှားနိုင်တာ ဥပဒေဘောင်ဘယ်လောက်ဝင်ဝင် အရေးယူလို့ ရရ မရရ မလုပ်သင့်တဲ့ အလုပ် အများဆိုးကျိုးဖြစ်စေတဲ့အလုပ် ကလေးလူမမယ်တွေ လမ်းမှားရောက်စေတဲ့အလုပ် လူကုန်ကူးတဲ့အလုပ်စတာတွေလို မလုပ်တာ ကိုဆိုလိုတယ်ထင်ပါတယ်။ ကိုယ်လုပ်တဲ့ အလုပ်က သူများပျက်စီးတွေတာတွေလည်း မလုပ်သင့်ဘူးလို့ဆိုပါတယ်။ မဟုတ်တာတွေလုပ်ပြီး ရတဲ့ငွေကို လှူတာမျိုး တွေကို တစ်ချို့ က CSR ဟုတ်ရဲ့လား မေးခွန်းထုတ်တာ ဒီနေရာကြောင့်ပါ။ ဒါက်ု စောင့်ထိမ်းတာလည်း CSR ပါဘဲ။ နောက်ဆုံး တစ်ခုကတော့ အများ CSR လို့ နားလည်တဲ့ မျှဝေခြင်းပါ။ မရှိဆင်းရဲသားတွေ လိုအပ်နေသူတွေကို လှူတန်းတာ ကူညီတာ ပေးကမ်းတာ တွေပါ။ ကိုယ်ဆီမှာတော့ အလယ်နှစ်ခုမှာ အားနည်းနေတယ်လို့ ခံစားရပါတယ်။တစ်ချို့ကလည်း ဒီလေးဆင့်ကို Value: Charity Value: Virtue Value: Law Value Profit လို့လည်း သတ်မှတ်ကြပါတယ်။ ဘာဘဲဖြစ်ဖြစ် CSR ဆိုတာ သူဌေးဖြစ်မှလုပ်ရတာမဟုတ်ပါ ငွေရှိမှလုပ်ရတာမဟုတ်ပါ Social အတွက် Reponbality ဆိုတာ တာဝန်ယူမှု့ခံယူချက်တက အဓိက ကျတယ်လို့ ထင်မြင်ယူဆမိပါတယ်။
Posted on: Thu, 23 Jan 2014 01:21:57 +0000

Trending Topics



Recently Viewed Topics




© 2015