Corruption လို့ဆိုလိုက်ရင် - TopicsExpress



          

Corruption လို့ဆိုလိုက်ရင် လာဘ်စားတယ်လို့မြင်ကြတာများပါတယ် ငွေယူပြီး လုပ်ကိုင်ပေးတယ် ငွေမပေးရင်ထစ်ထားတယ် ဆိုတာကို ပြောကြတယ်။ Dr U Myint ရဲ့ စာတန်းမှာတော့ Corruption is defined as use of public office for private gain. Examples of corrupt behaviour would include: (i) bribery, (ii) extortion, (iii) fraud, (iv) embezzlement, (v) nepotism, (vi) cronyism, (vii) appropriation of public assets and property for private use, and (viii) influence peddling. လို့ဆိုထားတယ်။ မြန်မာလို့ ဆိုရင်တော့ (က) လာဘ်ပေးလာဘ်ယူခြင်း၊(ခ) ခြိမ်းခြောက် ငွေညှစ်ခြင်း၊(ဂ) လိမ်လည်ခြင်း၊(ဃ) အလွဲသုံးစား လုပ်ခြင်း၊(င) ဖော်လံဖား၍ အကျိုးစီးပွား ရှာခြင်း (nepotism) (စ) သားတူညီများ ကောင်းစားရေး ဆောင်ရွက်ချက်ခြင်း (cronyism) (ဆ) အများပြည်သူပိုင် ပစ္စည်းကို ကိုယ်ပိုင်အဖြစ် သုံးစွဲခြင်းနှင့် (ဇ) သြဇာသုံးအကြံအဖန်လုပ်ခြင်း တို့ ဖြစ်ပါသည်။ နောက်မြန်မာတွေ ပြောကြတဲ့ အဂတိလိုက်စားတယ်ဆိုတာရှိတယ်။ အဂတိ တရား (၄)ပါးဆိုတာ ကတော့ (၁။)ဆန္ဒာဂတိ=လောဘသံယောစဉ်ရှိတဲ့အတွက်အဂတိလိုက်ခြင်း လူပြောများတဲ့ ငွေယူတာ ရာထူးယူတာ ပေးတာ တွေ နဲ့ အများသိတဲ့ အဂတိပါ (၂။) ဒေါသာဂတိ = မုန်းတဲ့အတွက် အဂတိလိုက်ခြင်း ကိုယ်မကျေနပ်တဲ့ သူုဖြစ်လို့ ကိုယ်နဲ့ ဘက်မတူလို့ ပြိုင်ဖက်မို့စတာကြောင့် တရားသဖြင့်မလုပ်ပေးတာတွေ က ဒီအထဲပါနေပါတယ် (၃။) မောဟာဂတိ = အမှားအမှန်ကိုမသိ၊ ဆင်ခြင်တုံတရားမရှိတဲ့အတွက် အမှန်မသိမှု - အမှား အမှန် ဝေဖန်နိုင် တဲ့ ဆင်ခြင်တုံတရားမရှိတဲ့အတွက် ဓမ္မ လမ်းကြောင်း က နေ သွေဖီ ပြီး မလုပ်သင့်တာ မဖြစ် သင့်တာ ကို ဖြစ် စေတာ --- အကုသိုလ် ဖြစ်စေတာ၊ ဘာမှမသိဘဲ ဆရာကြီးလုပ်ပြီး ထင်ရာလျောက်လုပ်နေတာ လို့ ထင်ပါတယ် (၄။)ဘယာဂတိ= ကြောက်တဲ့အတွက်အဂတိလိုက်ခြင်း မလုပ်ပေးရင် တခုခုဖြစ်မှာ စိုးလို့လုပ်ပေးသူတွေ မိသားစုငှဲတယ်တော့ ဘာတို့ကြောင့် တလွဲလုပ်ပေးရသူတွေဖြစ်နိုင်ပါတယ် အဂတိလိုက်စားတာရယ် corruption ဆိုတာ ရယ်ကို သိနေကြတာ မပြည့်စုံဘူးလို့ ထင်လို့ ရေးလိုက်မိတာပါ ကိုးကားတာတွေ comment မှာ တင်ပေးပါမယ်။
Posted on: Sat, 25 Jan 2014 04:01:21 +0000

Trending Topics



Recently Viewed Topics




© 2015