Honda Fit GE6 ဆိုသည်မှာ .... အရင်က - TopicsExpress



          

Honda Fit GE6 ဆိုသည်မှာ .... အရင်က ကျွန်တော်တို့ တိုင်းပြည်မှာ ကားဆိုရင် Toyota မှ လက်ခံကြတယ်၊ ကြိုက်ကြတယ်၊ ရောင်းတန်းဈေးကွက်ဝင်ကြပါတယ်။ များသောအားဖြင့် တခြားအမျိုးအစားနဲ့ Toyota နဲ့ ယှဉ်ရင် Toyota က အသာရလေ့ရှိပါတယ်။ အခု ၁၃၀၀ စီစီ ကားလေးတွေမှာတော့ Toyota Belta, Vitz တို့နဲ့အပြိုင် လူကြိုက်များလာတာကတော့ Honda Fit ပါပဲ။ Honda Fit မှာဆို ရွေးချယ်စရာ (၂)မျိုး ထပ်ရှိပါသေးတယ်။ GD1 နဲ့ GE6 ပါ။ Honda Fit ကားလေးတွေကို ၂၀၀၁ ခုနှစ်က စတင် ထုတ်လုပ်ခဲ့ပြီး အရှေ့ပိုင်း ထုတ်လုပ်တဲ့ 1st generation ပုံစံဟောင်းကို သူ့ chassis code GD1 ကို အစွဲပြုပြီး Honda Fit GD1 လို့ ခေါ်ဝေါ်ကြသလို ၂၀၀၇ ခုနှစ် ၁၀ လပိုင်းမှ စတင်ထုတ်လုပ်ခဲ့တဲ့ 2nd generation ပုံပြောင်းလေးတွေကိုလည်း သူ့ chassis အတိုင်း GE6 လို့ လူသိများကြပါတယ်။ GE6 အကို အကြမ်းအားဖြင့် Modification / Grade ခွဲချင်တယ်ဆို G, G F package, L package ဆိုပြီး (၃)မျိုးခွဲခြားလို့ ရပါတယ်။ ရိုးရိုး G ဆိုရင် မှန်ကာလာ မပါဘူး၊ side mirror ဘေးမှန်မှာ မီးတန်းမပါသလို မှန်ချိုး၊ မှန်ခေါက် မရပါဘူး။ G F package ဆိုရင် G မှာ မရတာ၊ မပါတာတွေ ပါလာမယ်၊ ရလာပါမယ်။ L package ဆိုရင်တော့ aircon မှာ button type နဲ့ digital ဖြစ်သွားပါမယ်။ Smart key (turn start), Original TV & Audio controller စတဲ့ အချက်တွေကတော့ optional တွေမို့ package နဲ့ ခွဲခြားဖို့ ခက်ခဲစေပါတယ်။ ဒါ့အပြင် G 10th anniversary, Sporty Edition, She S, Smart Edition စတဲ့ အခွဲလေးတွေလည်း အများကြီး ထပ်ရှိသေးပေမယ့် အကြမ်းအားဖြင့်တော့ G, G F, L လို့ပဲ မှတ်ထားလိုက်ရင် မှတ်ရ ပိုလွယ်မှာပါ။ GE6 မှာ နောက်ထပ် ထူးခြားတာ တစ်ခုက ၂၀၁၀ ခုနှစ် ၁၀လပိုင်း နောက်ပိုင်းထုတ်တဲ့ ကားတွေဆို ရှေ့ဘန်ဘာနဲ့ အနောက်မီးခွက်ပုံစံ ကွဲပြားသွားပါတယ်။ (ပုံမှာကြည့်လိုက်ပါ၊ နောက်မီးခွက် အဖြူ တစ်တန်းတည်းနဲ့ အနီရောင်ကားလေးက မော်ဒယ်အမြင့်ပါ။) ဒီတော့ ရှေ့ရုပ်နဲ့ နောက်မီးကိုကြည့်လိုက်တာနဲ့ ဒီကားဟာ မော်ဒယ်အနိမ့်လား အမြင့်လား ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်ပါတယ်။ ပုံစံတူပြီး ကွဲပြားနေတဲ့ Chassis အလိုက် ခွဲခြားပြရင်ဖြင့် .... GE6 ဆိုရင် 1300cc, 2 wheel-drive GE7 ဆိုရင် 1300cc, 4 wheel-drive GE8 ဆိုရင် 1500cc, 2 wheel-drive GE9 ဆိုရင် 1500cc, 4 wheel-drive ပါ။ ဈေးကွက်အရတော့ အခွန်နှုန်းသက်သာတဲ့ ၁၃၀၀ စီစီတွေသာ သွင်းကြပြီး အဲ့ထဲမှာမှ GE6 ကိုသာ ရွေးချယ်ကြပါတယ်။ 4WD တွေကိုတော့ ဆီအုပ်မှာ စိုးလို့ အများစုက မကြိုက်ကြပါဘူး။ Honda Fit မှာပဲ ၂၀၁၁ ခုနှစ်မှ စလို့ Hybrid နဲ့ ထုတ်လုပ်သလို အရွယ်အစား ပိုကြီးတဲ့ Fit Shuttle တွေလည်း ရှိပါသေးတယ်။ ဒါပေမယ့် သူတို့က မြန်မာပြည်မှာ သိပ်မပေါက်တာမို့ ထည့်မရေးတော့ပါဘူး။ ရောကုန်မှာ စိုးလို့ပါ။ ===================== တခြားကားအကြောင်းတွေကိုလည်း အလျင်းသင့်သလို ရေးသွားပါဦးမယ်။ ကျွန်တော် သိထားသလောက်လေးတွေကို အားလုံးသိအောင် ဝေမျှပေးတာမို့ လိုအပ်တာတွေ၊ နားလည်မှု လွဲမှားနိုင်တာတွေလည်း ရှိနိုင်ပါတယ်။ ပြည့်ပြည့်စုံစုံ မဟုတ်တောင် ကားတွေကို အကြမ်းဖျင်း ခွဲခြားနိုင်ရုံလောက်တော့ အဆင်ပြေကြမှာပါ။ ကိုထွဋ်ထိပ်
Posted on: Mon, 16 Sep 2013 09:30:37 +0000

Trending Topics



/div>
Best Deal Laura Ashley SBF610 White Aida 10.5 Faux Silk Barrel
Job Title: Customer Representative (Local
Trademark Global, a leading ecommerce dropship company in Lorain,
Mustad Classic Hollow Point Salmon/Siwash Hook (Pack of 50) :
CODE_RED x 2 !!! TWO tiny New Yorkers WILL DIE TOMORROW – UNLESS
Hello nuer people in these media, this is head up and I believe

Recently Viewed Topics




© 2015