ညီညွတ်ရေး တဲ့လား. . - TopicsExpress



          

ညီညွတ်ရေး တဲ့လား. . . ကိုယ့်(အတိုက်အခံ)အင်အားစု ညီညွတ်ရေး ပြိုကွဲမှာကိုတော့ ထည့်မစဉ်းစားဘဲ အမျိုးသားညီညွတ်ရေး ခေါင်းစဉ်တပ်ပြီး၊ ရန်သူနဲ့ သဘောတူညှိနှိုင်းမှု လုပ်တဲ့ သမိုင်းတိုင်း ဇာတ်သိမ်းမကောင်းဘူး။ ကိုယ့်ဘက်၊ သူ့ဘက် ငါရိုးဖြောင့်တာပဲ ဆိုတဲ့ မာန်တွေ ခံ လေ၊ ညှိရခက်လေပါပဲ။ အဓိက စဉ်းစားရမှာ က. . . ဒီတော်လှန်ရေးတခုလုံး ငါတို့ချည်းပဲ၊ ငါတို့တဖွဲ့ထဲ လုပ်ခဲ့တာလား အားလုံးရဲ့အားတွေနဲ့ လုပ်ခဲ့တာလား ဆိုတာကို အလေးအနက်စဉ်းစားရမှာ။ အာဏာပိုင်နဲ့ အဆင်ပြေရင် ခင်ဗျားတို့ ဆက်ရပ်တည်လို့ရမှာ သေချာသွားပြီ ခုလို ခင်ဗျားတို့ကို ဆန့်ကျင်လိုက်တဲ့ ဗကသ ကလေးတွေ မကြာခင်အမှည့်ခြွေခြွေခံရဖို့ များသွားပြီ။ ဒါကို ခင်ဗျားတို့ လမ်းစဉ်အောင်မြင်တယ် လို့ သတ်မှတ်မလား၊ ဒါကို အမျိုးသားညီညွတ်ရေးအောင်မြင်အောင် တည်ဆောက်နိုင်တယ် လို့ ခံယူမလား တစုံတခုသော အကျိုးအမြတ်အတွက်ပဲ ရည်ရွယ်တယ်ဆိုရင် ဒါကို ကိုယ့်ရဲဘော်ရဲဘက်တွေကို ချနင်းပြီး ရန်သူနဲ့ပူးပေါင်းသွားတဲ့ ဖေါက်ပြန်မှု လို့ပဲ ခေါ်ရလိမ့်မယ်။ ဘယ်သူဖြစ်ဖြစ် ဘယ်သူ လုပ်လုပ်. . . ချိုတူးဇော်
Posted on: Fri, 02 Aug 2013 05:28:06 +0000

Recently Viewed Topics




© 2015