*** တောင်တရုတ် - TopicsExpress



          

*** တောင်တရုတ် ပင်လယ်ပြင်မှ ဆူပါ တိုင်ဖုန်းမုန်တိုင်း မြန်မာနိုင်ငံသို့ ဦးတည် *** ရန်ကုန်၊ နိုဝင်ဘာ ၇ တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် တိုင်ဖုန်းမုန်တိုင်း (Haiyan) သည် နိုဝင်ဘာလ ၇ ရက်နေ့တွင် ဆူပါ တိုင်ဖုန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိလာရာ ရက်အနည်းငယ် အတွင်း ကုန်းတွင်းမုန်တိုင်း အဖြစ် အရှိန်လျော့ကျကာ မြန်မာနိုင်ငံသို့ ဦးတည် ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း Joint Typhoon Warning Center က နိုဝင်ဘာလ ၇ ရက်နေ့တွင် ခန့်မှန်းချက် ထုတ်ပြန်သည်။ အဆိုပါ တိုင်ဖုန်းမုန်တိုင်း Haiyan သည် ဆူပါ တိုင်ဖုန်းမုန်တိုင်း အဆင့် ရောက်ရှိလာပြီး ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ကမ်းခြေ အရှေ့ဘက် မိုင် ၅၀၀ ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြု၍ အနောက်မြောက်ဘက်သို့ ရွေ့လျားနေကြောင်း၊ နိုဝင်ဘာလ ၁၀ ရက်နေ့ ညပိုင်း အချိန်တွင် ဗီယက်နမ် ကမ်းခြေကို အင်အား အနည်းငယ်လျော့၍ ဖြတ်ကျော် ဝင်ရောက်မည် ဖြစ်ပြီး ကုန်းတွင်းမုန်တိုင်း အဖြစ် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံ နယ်စပ်သို့ ရောက်ရှိနိုင်ကြောင်း ယင်းခန့်မှန်းချက်တွင် ဖော်ပြထားသည်။ ကုန်းတွင်း မုန်တိုင်းအဖြစ် ဖြတ်ကျော် ဝင်ရောက်နိုင်ခြင်းကြောင့် နိုဝင်ဘာလ ၁၂ ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်းမှ တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ် မြို့နယ်တို့တွင် လေပြင်းများ ကျရောက်ပြီး အချိန်အခါမဟုတ် မိုးများ ရွာသွန်းနိုင်ကြောင်း JTWC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းတွင် ၂၀၁၃ ခုနှစ်အတွင်း အကြိမ် ၃၀ မြောက် ဖြစ်ပေါ်သည့် အဆိုပါ ဆူပါ တိုင်ဖုန်းမုန်တိုင်း ဝင်ရောက်နိုင်ခြင်းကြောင့် မြန်မာနိုင်ငံတွင်းရှိ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့တွင် နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့ အထိ မိုးဆက်တိုက် ရွာသွန်းနိုင်ခြေ ရှိကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းချက် ထုတ်ပြန်ထားသည်။ The Voice Weekly
Posted on: Fri, 08 Nov 2013 09:22:36 +0000

Trending Topics



Recently Viewed Topics




© 2015