မွေးမြူရေး အစာ - TopicsExpress



          

မွေးမြူရေး အစာ ထုတ်လုပ်ရန် အမေရိကန် အခြေစိုက် အဖွဲ့နှင့် ပူးပေါင်းမည် မြန်မာနိုင်ငံ၏ မွေးမြူရေး အစာ ထုတ်လုပ်သည့် လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် US Grain အဖွဲ့နှင့် မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်တို့ နည်းပညာ ပူးပေါင်း ဆောင်ရွက်မည်ဟု သိရသည်။ US Grain Council အဖွဲ့သည် အမေရိကန် နိုင်ငံ တစ်ဝန်းရှိ ပြောင်းဆန်၊ ဘာလီနှင့် ဂျုံစသည့် မွေးမြူရေး အစာ စိုက်ပျိုးပြုပြင် ထုတ်လုပ် ရောင်းချသူများ ပါဝင် ဖွဲ့စည်းထားသော အဖွဲ့ချုပ်ကြီး ဖြစ်သည်။ အဆိုပါ အမေရိကန် အခြေစိုက US Grain အဖွဲ့နှင့် မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တို့ ပူးပေါင်း ဆောင်ရွက်သည့် သဘော တူညီမှု စာချွန်လွှာ လက်မှတ် ရေးထိုးပွဲ အခမ်းအနားကို ဇွန် ၁၇ ရက်က မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ဧည့်ခန်းမ၌ ပြုလုပ်ခဲ့သည်။ US Grain Council အဖွဲ့တွင် အာရှဒေသ၌ မွေးမြူရေး အစာ ထုတ်လုပ်မှုနှင့် ပတ်သက်သည့် ပညာရှင် Technical Director Dr.Budi Tangendjaja နှင့် အစာစပ် စက်ရုံလုပ်ငန်း ဆိုင်ရာ ကျွမ်းကျင် ပညာရှင် Dr. Kimkoch တို့မှ အဖွဲ့ဝင် အဖြစ် လိုက်ပါလာပြီး အာရှတိုက်တွင် မွေးမြူရေး အစာ ထုတ်လုပ်သည့် စက်မှုလုပ်ငန်း အကြောင်းအား သုံးသပ် တင်ပြခြင်း၊ Read More >> myawady.mm/allnews/local/item/17984-2013-06-28-13-34-35
Posted on: Sat, 29 Jun 2013 02:51:35 +0000

Trending Topics



Recently Viewed Topics




© 2015