မြန်မာနိုင်ငံ၌ ၂ဝ၁၄ - TopicsExpress



          

မြန်မာနိုင်ငံ၌ ၂ဝ၁၄ ခုနှစ်တွင် ဆောင်ရွက်မည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်း စဉ်များ ဆွေးနွေး Thursday, 22 August 2013 ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီနှင့် ပြည် ထောင်စု ရှေ့နေချုပ် တို့အား မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စတာ ကင်တားနား သည် နေပြည်တော်ရှိ အဆိုပါ ရုံးများ၌ သီးခြားစီ လာရောက် တွေ့ဆုံသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ပကတိ ဖြစ်ပေါ် တိုးတက်မှု အခြေအနေများ၊ လူ့အခွင့်အရေး ဆိုင်ရာ တိုးတက် မြှင့်တင်ရေး ကိစ္စရပ်များကို လည်းကောင်း၊ မြန်မာနိုင်ငံ၌ ၂ဝ၁၄ခုနှစ်တွင် ဆောင်ရွက်မည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်များနှင့် ပဋိပက္ခ နယ်မြေများ၌ ကောက်ယူမည့် အစီ အစဉ်များ၊ ရခိုင်ပြည်နယ်အတွင်း လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ယင်းလုပ်ငန်းစဉ်များ အပေါ် နိုင်ငံ တကာ အဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက်နေမှုများကို လည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့်အညီ စာချွန် တော်များဖြင့် တောင်သူလယ်သမား များအား အကာအကွယ် ပေးနေမှုများ၊ Legal Reform နှင့်ပတ်သက်၍ သက် ဆိုင်ရာ ဝန်ကြီး ဌာနများ၏ ဆောင်ရွက် နေမှုများကို လည်းကောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြကြောင်း သိရှိရ သည်။ myawady.mm/allnews/local/item/23137-2013-08-22-12-10-58
Posted on: Thu, 22 Aug 2013 07:05:01 +0000

Trending Topics



Recently Viewed Topics




© 2015