ယခု ထုတ်လုပ်မယ့် Version သည် - TopicsExpress



          

ယခု ထုတ်လုပ်မယ့် Version သည် စမ်းသပ်ကာလ Beta Version မျှသာ ဖြစ်ပြီး ပိုမို ကောင်းမွန်သော Features များ များမကြာမီ ထပ်မံ ရောက်ရှိလာပါဦးမည်။ မြန်မာ့ ပထမဆုံး လူမှုကွန်ယက် ကို စတင်နိုင်အောင် ကူညီပေးတဲ့ အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ မိတ်ဆွေတို့နဲ့ အကိုက်ညီဆုံးဖြစ်မဲ့ လူမှုကွန်ယက် App တစ်ခု ဖြစ်လာဖို့ အကြံပြုချက်များအား ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ SQUAR ဟာ မိတ်ဆွေသစ်များ ရရှိဖို့၊ ဗဟုသုတများ မျှဝေဖို့၊ ၀ါသနာတူများ ဆွေးနွေးဖို့ အကောင်းဆုံးနေရာပါ။ အခမဲ့ App တစ်ခု အနေနဲ့ အမြဲတမ်း ရှိနေမဲ့ SQUAR ကို မြန်မာဘာသာ နဲ့ အသုံးပြုနိုင်အောင် စီစဉ်ထားပါတယ်။ SQUAR ကို Platform မျိုးစုံ မှာ အသုံးပြုနိုင်အောင် စီစဉ်ထားတဲ့အတွက် သင့်ရဲ့ မိတ်ဆွေတွေမှာ Android ဖုန်းမရှိလဲ စိတ်ပူစရာမလိုပါဘူး ။ ကမ္ဘာ္ဘအနှံ့ မှ သင့် မိတ်ဆွေတွေနဲ့ ဘယ်နေရာမှမဆို ဆက်သွယ်နိုင်မှာပါ။ မကြာမီ ရရှိမည့် Features အသစ်များမှာ .. • ဓါတ်ပုံ များ တင်ခြင်း၊ ရှယ်ခြင်း • ဆွေးနွေးခန်းများ ( public/private) ပြုလုပ်ခြင်း • စိတ်ဝင်စားသော ပို့ များအား Favorite လုပ်ခြင်း၊ Follow လုပ်ခြင်း • အခြား User များအား Favorite လုပ်ခြင်း၊ Follow လုပ်ခြင်း • ပို့စ်များအား သင့် ကိုယ်ပိုင် Facebook Wall တွင် ရှယ်ခြင်း • မိတ်ဆွေ သူငယ်ချင်းများ နှင့် Private စာပို့ခြင်း • ဂိမ်း ဆော့ခြင်း သင့်ရဲ့ အကြံပြုချက်များအား SQUAR မှ ကြိုဆိုနေပါတယ်။ အကြံပြုရန် ဒီနေရာ ကိုနှိပ်ပါ။ သို့မဟုတ် [email protected] သို့ လည်း အကြံပြုချက် များပေးပို့နိုင်ပါတယ်။ ကျနော်တို့ ရဲ့ Facebook စာမျက်နှာမှာလည်း အကြံပြုချက်များကို ပေးပို့နိုင်ပါတယ်။ မိတ်ဆွေတို့ရဲ့ အကြံပြုချက်များအား အစဉ်လေးစားလျက် ပျော်ရွှင်ပါစေ! SQUAR About us: ရည်ရွယ်ချက်: နည်းပညာကို အသုံးပြု၍ မြန်မာနိုင်ငံသားများကို ယဉ်ကျေးမှုနဲ့ ဆက်နွယ်သော သတင်းအချက်အလက်များနှင့် ရင်းနှီးကျွှမ်းဝင်မျှဝေနိုင်ရန်.. ရည်မှန်းချက်း မည်သည့် ဖုန်း၊ ကွန်ပျူတာ နှင့်မဆို ဆက်သွယ်နိုင်မဲ့ SQUAR လူမှု ကွန်ယက် တည်ထောင်နိုင်ရန် SQUAR သည် Silicon Valley မှ ၀ါရင့် နည်းပညာရှင်များ ဦးဆောင်သော မြန်မာ့ နည်းပညာ နှံ့စပ်သူများနှင့် ဖွဲ့စည်းတည်ထောင်ထားပါသည်။ အသေးစိပ် သိလိုပါက squar.asia မှာကြည့်ပါ
Posted on: Fri, 14 Jun 2013 18:38:39 +0000

Recently Viewed Topics




© 2015