လူတွေက - TopicsExpress



          

လူတွေက အမျိုးမျိုးပြောကြတယ် .. မြန်မာ ဆိုတာ .. ဇကာတင် ၁၆ ယောက်မှာတောင် ပါချင်မှပါမှာ .. တဲ့ .. ၅ ရက်နေ့ မှာတင် .. ပွဲသိမ်းဖျာလိပ်ပြန်လာရမှာတဲ့ .. ဒီတော့ တချို့ ဆို .. Final နေ့ ၉ ရက်နေ့ အတွက် လက်မှတ်ဝယ်ထားပြီးပေမဲ့ .. ၅ ရက်နေ့ အတွက် အပြေးကလေး လက်မှတ်ဝယ်လို့ .. မြန်မာ ဆိုတာ ကို အားပေးရအောင် ပြင်ကြဆင်ကြတယ် .. ဘယ်သူကပြောလဲ .. ဇကာတင် ၁၆ ယောက် မှာ မပါရင် ပြန်မလာနဲ့ လို့ .. ဘယ်သူ က ပြောလဲ .. Miss Universe ဆိုတဲ့ Crown ကြီး ကို မရခဲ့ရင် ပြန်မလာနဲ့ လို့ .. နှစ်ပေါင်း ၅ ဆယ်ကျော် ကြာမြင့်ခဲ့ပြီးမှ .. မြန်မာ ဆိုတဲ့ စာလုံး .. နိုင်ငံတကာ စင်မြင့်ထက်မှာ .. ပြန်တက်ခွင့်ရတာကို က .. ဂုဏ်ယူနေပြီးသား .. စကတည်းက ပြောခဲ့ဖူးပါတယ် .. ပတ်စာခွာ ဖျာလိပ် ပြီး .. အိမ်အပြန်မလှခဲ့ရင်တောင် .. နှစ်ပေါင်း ၅ဆယ်ကျော် .. အမေ့ခံထားရပြီးမှ .. လူရာပြန်သွင်းခံရတဲ့ .. ဒီ မြန်မာစလွယ်အတွက် .. ကျမ က တော့ ဂုဏ်ယူတယ် .. လို့ လေ .. ကချင် .. ကယား .. ကရင် .. ချင်း .. မြန်မာ .. မွန် .. ရခိုင် .. ရှမ်း .. တဲ့ ဒီလို တိုင်းရင်းသားတွေ ချစ်ချစ်ကြည်ကြည် နဲ့ နေထိုင်နေတဲ့ .. မဖွံ့ ဖြိုး မတိုးတက်နိုင်သေးဘဲ ... ယက်ကန် ယက်ကန် နဲ့ ပူလောင်ဖုန်တက်နေသေးတဲ့ .. ဒီ မြန်မာပြည် ကြီး အတွက် .. မရှက်မကြောက် .. အားငယ်စိတ်မဝင်ဘဲ .. ကျမ မြန်မာပြည် ကို ကိုယ်စားပြုပြီးလာပါတယ် .. လို့ .. နိုင်ငံတကာစင်မြင့်ထက် မှာ .. ပြောချရဲမဲ့ .. မိုးစက်ဝိုင် ဟာ .. စီးပွားရေးလဲ စီးပွားရေးအလျောက် .. နိုင်ငံရေး လဲ နိုင်ငံရေးအလျောက် .. ကျရှုံးနောက်ကျ ခဲ့ ရလို့ မြန်မာပြည် ဆိုတာ သူတို့အတွက် ဂုဏ်ငယ်စရာတခုလို့ ထင်တဲ့အတွက် .. ငါ မြန်မာ ဆိုပြီးတော့လူကြားထဲ လက်မထောင်ဖို့ နေနေသာသာ .. ရေငုံနှုတ်ပိတ်လို့ နေခဲ့ကြရတဲ့ ... ရေကြည်ရာမြက်နုရာမှာ ကျင်လည်ကျက်စားနေရတဲ့ တချို့ မြန်မာတွေထက် စာ ရင် .. အများကြီး သာ ပါ တယ် .. တရုတ်မ ဆိုတော့လဲ .. တရုတ်မ ပေါ့လေ .. ကောင်းတဲ့အတွေးလေးနဲ့ ဖြည့်တွေးရရင်ဖြင့် .. မြန်မာစစ်စစ် ကို သွားပြိုင်ခိုင်းလိုက်ရင်တော့ .. မြန်မာစစ်စစ် ဆိုတာမျိုး က .. ကျမ မျက်လုံးထဲ မြင်လာမိတာ .. ဟိုးတခါ .. အန်တီစု ကို .. ကက်ကက်လန်ရန်တွေ့ ခဲ့တဲ့ .. လက်ပံတောင်းတောင် က သွဲ့ သွဲ့ ဝင်း .. လို တုတ်တုတ်ခဲခဲ ပဲ ရမပေါ့ .. :D :D .. ( တကယ်တော့ မြန်မာမလေးတွေ လှတာ တပုံကြီး .. ဆိုတာ သိပါ့ ) ကဲ .. သွဲ့ သွဲ့ ဝင်း လို အဆင်အပြင်ထက်စာရင်တော့ .. မြန်မာပြည်မှာ လက်ရှိမှီတင်းနေထိုင်နေတဲ့ .. မြန်မာပြည်ဖွား .. တရုတ်သွေးနှောတဲ့ ကလေးမ လေး ... မိုးစက်ဝိုင် ကို ပဲ .. လတ်တလော လက်ခုပ်တီးပေးလိုက်ကြတာပေါ့နော် .. စာဖတ်ရတာလဲ ရှည်သွားမှာပဲ .. ကျမ တိုက်တွန်းချင်တာလေး က .. မြန်မာပြည် ကို ကမ္ဘာ က သိအောင် .. ကူညီတိုက်တွန်းနေကြတဲ့ .. သူတွေထဲ .. ကျမ အပါအဝင်ဖြစ်နေတာမို့ .. ကျမ email ထဲ မှာ .. ကျမ FB Msg မှာ လာလာပြီး share ပေးတဲ့ Link လေးတွေ ကို .. ခု ကျမ ဝေမျှချင်ပါတယ် .. ကျမ ကိုယ်တိုင်လဲ အားတဲ့ အချိန်မှာ Vote နေရတာမို့ .. ကျမ နဲ့ ကဏကောဇတွေဖြစ်လာမယ် ထင်တဲ့သူတွေ .. ကျမ wall ကို ကျော်သွားပေးဖို့ တောင်းပန်ပါတယ် .. ဟုတ်သော်ရှိ .. မဟုတ်သော်ရှိ Vote လဲ vote .. Share လဲ share ပေါ့ ရှင် .. နော့် .. တပိုင်တနိုင်ပေါ့ .. နောင်တနည်းစေချင်ပါတယ် လေ .. --------------------------------------------------------- အောက်ဖော်ပြပါ Link သည် အဓိကအရေးအကြီးဆုံးဖြစ်ပါသည်။ Link တွင် အနိုင်ရရှိသောသူများသည် နောက်ဆုံး Semi Final ဆန်ကာတင် (၁၆) ယောက်တွင် တိုက်ရိုက်ပါဝင်သွားမည်ဖြစ်ပါသည်။ missuniverse/members/profile/657643/year:2013 Vote ပေးနိုင်ရန်နောက်ဆုံးရက်သည် 8.11.2013 ဖြစ်ပါသည်။ Vote ပေးရန်နည်းစနစ် ၁. E-mail address ရိုက်ထည့်ပါ ၂. နိုင်ငံကို Myanmar ရွေးပါ ၃. Like ကို အများဆုံးဖြစ်သည့် 10 ကိုရွေးပါ ၄. Certify that you are 16 and above ဘေးရှိအကွက်ထဲတွင် အမှတ်ခြစ်ခြစ်ပါ ၅. Vote ကိုနှိပ်ပါ ၆. Vote Again ကိုနှိပ်ပြီးနောက်အကြိမ်များထပ်Vote လို့ရပါသည်။ မြန်မာနိုင်ငံအတွက် အားပေးကြပါဦး ခင်ဗျား... Credit to Thit Thit Myint Saing
Posted on: Fri, 01 Nov 2013 01:19:28 +0000

Trending Topics



Recently Viewed Topics




© 2015