သောကြာနေ့ ဍ်ဖတ်ရူ - TopicsExpress



          

သောကြာနေ့ ဍ်ဖတ်ရူ့ ပူဇော်သော၊ ဧ၀ဂေလိကျမ်းစာ၏ထောက်ရူ့ ချက်.......................... သံမာကု ၃း၁၃-၁၉ ဓမ္မဟောင်းကျမ်းစာထဲမှာ၊ အထူးသဖြင့်၊ ပရောဖက်စာစောင်တွေမှာ၊ တောင်စဉ်တောင်တန်းတွေဆိုတာ၊ ဘုရားရှင်ရဲ့လူမျိုးတော်တွေ၊ တစ် နေ့ ၊ ချီးပင့်မြောက်စားခြင်းခံရမယ့်နေရာအဖြစ်၊ ရူ့ မြင်ကြပါတယ်။ သံ မာကုရဲ့ဧ၀ဂေလိကျမ်း ၃း၁၃-၁၉ မှာ၊ ခရစ်တော်သခင်က၊ သူနှင့် လက် တွဲမည့်၊ လုပ်ဖေါ်ကိုင်ဖက်များကို၊ ရွေးချယ်ရန်၊ တောင်ပေါ် သို့ တက်ကြွ သွားခြင်းဖြစ်ပါသည်။ တပည့်တော် (၁၂) ပါးကိုရွေးချယ်ခြင်း၏ဆိုလို ရင်းကား၊ ခရစ်တော်သခင်သည်၊ ဘုရားရှင်၏ဂတိတော်ကို၊ ပြည့်စုံစေ မည့်သူဖြစ်ကြောင်းပြ ဆိုနေခြင်းဖြစ် ပါသည်။ အကြောင်းမှာ၊ ဘုရားသ ခင်သည်၊ သစွာတည်ကြည်ပြီး၊ မိမိထားရှိသောဂတိတော်များကိုလည်း၊ ပြန်လည်ရုပ်သိမ်းတော်မမူပေ။ တပည့်တော် (၁၂) ပါးကိုရွေးကောက်၊ ခြင်းသည်၊ ဘုရားရှင်၏ လူမျိုးတော် သစ်အတွက်၊ အသက်တာအ သစ် ဖြင့်ရှင်သန်ရန်၊ သင်တန်းပေးခြင်းလည်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆို သော်၊ ကယ်တင်ခြင်းကျေးဇူးတော်သည်၊ အီစ္စရေးလူမျိုးများအတွက်ဟု၊ ကွက်၍မရည်ရွယ်ပါ။ အဘယ် ကြောင့်ဆိုသော်၊ ဘုရားသခင်သည်၊ မျက် နှာကြီးငယ်မလိုက်၊ အယုတ်၊ အလတ်၊ အမြတ်မရွေး၊ မိမိ၏မိုး ရေနှင့်၊ နေ ရောင်ကိုဖြာကျ၊ စီးဆင်းစေသကဲ့သို့ ၊ တပည့်တော်ကြီး (၁၂) ကိုလည်း၊ ကမ္ဘာအရပ်ရပ်သို့ စေ လွှတ်၍၊ ဧ၀ဂေလိသတင်းကောင်း ကိုဟောပြော ရန်စေလွှတ်မည်ဖြစ်သည်။
Posted on: Fri, 24 Jan 2014 09:12:10 +0000

Trending Topics



Recently Viewed Topics




© 2015