၂၀၁၃ - TopicsExpress



          

၂၀၁၃ ဆိုးလ်နိုင်ငံတကာဒရာမာဆုအတွက် နောက်ဆုံးဆန်ခါတင်စာရင်းထွက်ပေါ် အောင်သုတ ၂၀၁၃ ခုနှစ် ဆိုးလ်နိုင်ငံတကာဒရာမာဆုအတွက် နောက်ဆုံးဆန်ခါတင်စာရင်းကို ဆု ရွေးချယ်ရေးကော် မတီက ထုတ်ပြန်လိုက်ပါတယ်။ ဆန်ခါတင်စာရင်းမှာ တီဗီရုပ်ရှင်တွေ၊ ဇာတ်လမ်းတိုအတွဲတွေ၊ ဇာတ် လမ်းတွဲတွေနဲ့ သီးခြားတစ်ဦးချင်းသီးသန့်ဆုတွေ ပါဝင်ပါတယ်။ ဒါ့အပြင် ဒီနောက်ဆုံးဆန်ခါတင် စာရင်း ထဲမှာ နိုင်ငံခြားဇာတ်ကားတွေဖြစ်တဲ့ Generation Wa (ဂျာမနီ)၊ The Jewish Cardinal (ပြင်သစ်) တို့ ပါဝင်လာပြီး ဒီဇာတ်ကားတွေက ပရိုဂရမ်၊ အကောင်းဆုံးဒါရိုက်တာဆုနဲ့ အကောင်းဆုံးမင်းသားဆုတို့ အတွက်ဝင်ရောက်ယှဉ်ပြိုင်ကြတာပါ။ တီဗီရုပ်ရှင်ဆုသုံးခုအတွက် The Jewish Cardinal က ရွေးချယ်ခံထားရတီဗီရုပ်ရှင်ဆုအတွက် ရွေးချယ်ခံထားရတာဟာ နိုင်ငံခြား ရုပ်ရှင်တွေဖြစ်တဲ့ Welcome and…Our Condolences (အစ္စရေး)၊ The Jewish Cardinal(ပြင်သစ်)၊ နဲ့ The Man (ဗြိတိန်)တို့ ရွေးချယ်ခံထားရသလို နောက်ဆုံးအဆင့်မှာ နောက်ထပ်ငါးကားပါဝင်ပါသေးတယ်။ Welcome and…Our Condolences ရုပ်ရှင်ဇာတ်ကားဟာ ဆိုဗီယက်ယူနီယမ်ကနေ အစရေးသို့ လာရောက်အခြေချနေထိုင်သူတစ်ဦးရဲ့ အတွေ့အကြုံတွေကို အခြေပြုရိုက်ကူးထားတဲ့ ဇာတ်ကားပါ။ အိမ်သုံးကင်မရာတစ်လုံးနဲ့ အသက် ၁၂ နှစ်အရွယ် လူငယ်လေးတစ်ဦးရဲ့ အမြင်ရှုထောင့်ကနေ ရိုက်ကူး ထားတာဖြစ်ပြီး ဆိုဗီယက်ကနေ အစ္စရေးသို့ ရွှေ့ပြောင်းနေထိုင်သူတွေ၊ ပြောင်းရွှေ့လာကြတဲ့ ၁၉၉၁ ခုနှစ်ဝန်းကျင်က ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ရှုပ်ထွေးတဲ့အဖြစ်အပျက်တွေကို ဒရာမာဆန်ဆန်ရိုက်ကူး ထားတာပါ။ The Jewish Cardinal ရုပ်ရှင်ဇာတ်ကားကတော့ ဂျူးဘာသာဝင်ကနေ ကက်သလစ်ဘာသာသို့ ပထမ ဆုံးပြောင်းလဲခဲ့တဲ့ ပြင်သစ်ဘုန်းတော်ကြီး ဂျင်းမာရီလူစတီဂါရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ။ ဒီဇာတ်ကားကတော့ ဆုနှစ်ခုအတွက် ရွေးချယ်ခံထားရတာဖြစ်ပါတယ်။ The Man ဇာတ် လမ်းကတော့ စီးပွားရေးကိစ္စနဲ့ အစည်းအဝေးကို တက်ရောက်လာတဲ့ ဘဏ်လုပ်ငန်း ရှင်အမျိုးသမီးငယ် တစ်ဦးဟာ ကူးစက်ရောဂါတစ်မျိုးဖြစ်တဲ့ SARS၊ အိုစမာဘင်လာဒင် တည်ထောင်ခဲ့တဲ့ အစ္စလမ်မစ်အစွန်း ရောက်တပ်ဖွဲ့ Al Qaeda၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ကြုံတွေ့နေရတဲ့ ကြွေးမြီပြဿနာတွေအကြောင်းကြား သိ လာရတာတွေကို ရိုက်ကူးပြထားတာပါ။ ဇာတ်လမ်းတိုအတွဲများတွင် အကောင်းဆုံးဇာတ်လမ်းတိုများ ပါဝင်နေ နောက်ဆုံးဆန်ခါတင် ဇာတ်လမ်းတိုအတွဲ တွေစာရင်းမှာတော့Homeland 2 (အမေရိကန်)၊ Orphan Black (ဗြိတိန်)၊ The Perfect Day (ကိုရီးယား)ဇာတ်လမ်းတိုအတွဲတွေ ပါဝင်နေပါတယ်။ ဗြိတိန်ဇာတ် လမ်းတွဲ GJ Orphan Black ဇာတ်လမ်းဟာ လူသားပုံတူမျိုးပွားခြင်း တားမနိုင်ဆီးမရဖြစ်လာတာကို ရိုက်ကူးထားတာဖြစ်ပြီး 2012 Primetime Emmy Awards ဆုရထားတဲ့ "Homeland 2" ဇာတ်ကား ကတော့ 2013 SDA မှာအသိအမှတ်ပြုခံရခြင်း နဲ့ ချီးကျူးခံရခြင်းတို့ကို ရှေးရှုရိုက်ကူးထားတဲ့ကားပါ။ ကိုရီးယားဒရာမာဇာတ်လမ်းတွေ ကြီးစိုးထားတဲ့ဇာတ်လမ်းတွဲတွေ ဇာတ်လမ်းတွဲတွေအတွက် နောက်ဆုံးဆန်ခါတင်စာရင်းမှာတော့ ကိုရီးယားဒရာမာ ဇာတ်လမ်းတွေတွဲ တွေကပဲကြီးစိုးထားပြီး KBS ကထုတ်လွှင့်တဲ့ My Husband Got a Family၊ MBC ကထုတ်လွှင့်တဲ့ Horse Doctor၊ SBSကထုတ်လွှင့်တဲ့ Jh Chaser နဲ့ tvN က ထုတ်လွှင့်တဲ့ "Reply 1997" ဇာတ်လမ်းတွဲ တွေပဲ အဓိကပြိုင်ဆိုင်ရမှာပါ။ နိုင်ငံခြားဇာတ်လမ်းတွဲတွေအနေနဲ့ကတော့ the House 8 (အမေရိကန်)၊ Prisoners of War2(အစ္စရေး) နဲ့ Karadayi (တူရကီ) ဇာတ်လမ်းတွဲတွေပါဝင်နေပါတယ်။ အစ္စရေး ဇာတ်လမ်းတွဲ "Prisoners of War2" ဟာ လက်ဘနွန်နိုင်ငံမှာ လျှို့ဝှက်စစ်ဆင်ရေးအတွက် တာဝန်ထမ်းဆောင်ရင်း ၁၇နှစ်ကြာ ဖမ်း ဆီးချုပ်နှောင်ခံရတဲ့ အစ္စရေးစစ်သားသုံးဦးအကြောင်း ရိုက်ကူးထားတာဖြစ်ပြီး တူရကီဇာတ်လမ်းတွဲ Karadayi ကတော့ လူသတ်သမားအဖြစ် မှားယွင်းစွာစွပ်စွဲခံရတဲ့ သူ့အဖေကို ကယ်တင်ဖို့ကြိုးစားတဲ့ သားတစ်ယောက်ရဲ့ ခရီးအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ နောက်ဆုံးဆုရွေးချယ်ခံရဖို့အတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်လာတဲ့ ဇာတ်လမ်းတွဲကိုးခုလုံးဟာ အကြိတ်အနယ်ယှဉ်ပြိုင်ရဖွယ် ရှိနေပါတယ်။ သီးသန့်တစ်ဦးချင်းဆုများ ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ၊ မင်းသား၊ မင်းသမီးစတဲ့တစ်ဦးချင်း သီးသန့်ထူးချွန်ဆုပေးမှုမှာတော့ အလွန်ပြင်းထန်တဲ့ပြိုင်ပွဲ တစ်ခုဖြစ်လာဖွယ်ရှိနေပြီး အကောင်းဆုံးမင်းသားဆုအတွက် ခုနစ်ဦးယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။ ဆန်ခါတင်စာရင်းမှာ ပါဝင်လာတဲ့ မင်းသားတွေကတော့ " Homeland 2" ဇာတ်လမ်း ရဲ့မင်းသား Damian Lewis၊ House 8 ဇာတ်လမ်းတွဲမင်းသား Hugh Laurie၊ Devil နဲ့ Dust ဇာတ်လမ်းတွေရဲ့မင်းသားတွေဖြစ်တဲ့ Anthony Hayes နဲ့ Moon-Sik Lee၊ KBS ရဲ့ စပါယ်ရှယ်မင်းသား ဆန်ဂျီဝန်တို့ဖြစ်ပါတယ်။ အကောင်းဆုံးမင်းသမီးဆုအတွက် ဆန်ခါတန်စာရင်းမှာ "Elementary " ဇာတ်ကားရဲ့အမေရိကန် မင်းသမီး Luci Liu၊ တရုတ်နာမည်ကျော်ဇာတ်လမ်းတွဲ "The Mu Saga" ထဲက မင်းသမီး Eunju Chu နဲ့ Walking the Dogs ဇာတ်လမ်းထဲက ဗြိတိန်မင်းသမီးချော Emma Thompson တို့ ပါဝင်နေပါတယ်။ ဒီဆုပေးပွဲကြီးကို လာမယ့်စက်တင်ဘာ ၅ ရက် မှာ ဆိုးလ်မြို့မှာရှိတဲ့ ကိုရီးယားအမျိုးသား ပြဇာတ်ရုံကြီး မှာကျင်းပမှာဖြစ်ပြီး MBC ရုပ်သံလိုင်းက ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။ Mizzima - News in Burmese
Posted on: Tue, 06 Aug 2013 09:54:13 +0000

Trending Topics



div>

© 2015