ဝယ်ကြပါဦး S.H.I.E.L.D. Acura - TopicsExpress



          

ဝယ်ကြပါဦး S.H.I.E.L.D. Acura TL ၂၀၁၂ ခုနှစ်တွင်းက ရုံတင်သွားတဲ့ Marvel Studios ရဲ့ Iron Man, Thor, Captain America စတဲ့ စူပါလူစွမ်းကောင်းတွေ ပါဝင်တဲ့ The Avengers သင့်အနေနဲ့ ကြည့်ဖူးမယ်လို့ ထင်ပါတယ်။ ဒီလူစွမ်းကောင်းတွေကို စီမံကြည့်ကြပ်တဲ့ အဖွဲ့ကတော့ အားလုံးသိပြီးတဲ့ Director Fury ခေါင်းဆောင်တဲ့ S.H.I.E.L.D. (Strategic Homeland Intervention Enforcement Logistic Division) ဆိုတဲ့ နိုင်ငံတကာ အဖွဲ့အစည်းကြီးပဲ ဖြစ်ပါတယ်။ The Avengers ရုပ်ရှင်ရဲ့ အဓိက စပွန်ဆာတစ်ခုကတော့ Honda ရဲ့ ဇိမ်ခံကားလိုင်းဖြစ်တဲ့ Acura ဖြစ်ပြီး ရုပ်ရှင်ထဲက S.H.I.E.L.D. အေးဂျင်တွေအားလုံးဟာ Acura ကားတွေကို အသုံးပြုခဲ့ ကြပါတယ်။ ဤ ကားများထဲမှ Acura MDX အား ယမန်နှစ်က လေလံတင် ရောင်းချခဲ့ပြီး ယခုအခါမှာတော့ ၂၀၁၂ မော်ဒယ် Acura TL ကို eBay ပေါ်၌ လေလံတင် ရောင်းချခဲ့ပါတယ်။ ဒီကားဟာ ရုပ်ရှင်အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ Acura ကား ၅ စီး အနက်မှတစ်စီးဖြစ်ပြီး ရောင်းချခဲ့တဲ့ လေလံဈေးနှုန်းမှာ ဒေါ်လာ ၃၂၉၀၀ ဖြစ်ပါတယ်။ ဒီဈေးနှုန်းဟာ မိုင် ၁၁၁၀ သာ မောင်းနှင်ရသေးတဲ့ TL တစ်စီးအတွက် အလွန်သက်သာတယ်လို့ ဆိုလို့ရပါတယ်။ ပစ္စည်းအစုံအလင် ထည့်သွင်းထားတဲ့ Acura TL တစ်စီးဟာ ဒေါ်လာ ၄၅၀၀၀ ကျသင့်ပါတယ်။ S.H.I.E.L.D. ရဲ့ MDX နဲ့ TL တို့ကို ပြင်ပသို့ ထုတ်ရောင်းခဲ့ပြီဆိုတော့ The Avengers ထဲမှာ Iron Man တစ်ဖြစ်လဲ ဥာဏ်ကြီးရှင် သူကြွယ်ကြီး Tony Stark စီးနင်းခဲ့တဲ့ Acura NSX Roadster ကိုလည်း ဘယ်တော့များလောက် လေလံတင်မလဲကို စိတ်ဝင်စားနေမိတာ အမှန်ပါပဲ။ --- AMK mmconsumerguide | The Best Reviews & Ratings Website in Myanmar ဘာပဲဝယ်ဝယ် Myanmar Consumer Guide ဖတ်ပြီးမှ ဝယ်ပါ။ LIKE (y) SHARE ✓ LOVE
Posted on: Sat, 25 Jan 2014 02:26:43 +0000

Trending Topics



Recently Viewed Topics




© 2015