28.7.2013 နေ့က ကျနော်တို့ - TopicsExpress



          

28.7.2013 နေ့က ကျနော်တို့ အဖွဲ့သားတွေ နလံတောင်ကို သွားခဲ့ကြသေးတယ်ဗျ... အဲဒီမှာ ဆရာတော်ကြီးကို ဝါဆိုသင်္ကန်း ကပ်လှူရင်း ကလေးတွေအတွက်လည်း ထီး အလက် ၆၀ နဲ့ အဝတ်အစားတွေ ဝေပေးခဲ့သေးတယ်... ဒါကတော့ ကျနော်တို့အဖွဲ့ရဲ့ နလံတောင်အတွက် ဒုတိယမြောက်အလှူပါ... ပထမအလှူကတော့ 31.3.2012 တုန်းကပေါ့... နလံတောင်ကျောင်းနဲ့ ပတ်သတ်လို့ အသေးစိတ် သိချင်ရင်တော့ "sainlanooyin.blogspot/2012/03/march-29.html?m=1" မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်... 2013-2014 ပညာသင်နှစ်မှာ နလံကျောင်းအတွက် လစဉ်ဆရာငှားရမ်းပေးထားတာတွေလည်း ရှိပါတယ် ... ဆရာတစ်ယောက်ကို ၄၀၀၀၀ကျပ်စီနဲ့ အဖွဲ့ရဲ့ Fund ထဲက တစ်ယောက်စာ ပြီးတော့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ကိုနေမျိုးအောင်က တစ်ယောက်စာ လစဉ်လှူဒါန်းနေပါတယ်... အခုရက်တွေမှာ ကျနော်တို့နဲ့ မတွေ့လို့ မကြုံလို့ မသိသေးတဲ့ အဖွဲ့ဝင်များသိအောင် တစ်ဆက်တည်း ပြောလိုက်ပါ့မယ်... ပြည်မြို့ရဲ့အနောက်ဘက်ကမ်း ပန်းတောင်းမြို့နယ်ထဲမှာရှိတဲ့ စစ္စယံရွာကျောင်းအတွက်လည်း လစဉ်ဆရာငှားခ ၂၀၀၀၀ကျပ် လှူဒါန်းနေပါတယ်... ဒီကိစ္စမှာတော့ ဆရာ ၄ယောက်စာအတွက် စုစုပေါင်း ၁၅၀၀၀၀ကျပ်ကို ပြည်မြို့ပေါ်မှာရှိတဲ့ ပရဟိတအဖွဲ့အစည်းတွေနဲ့ စေတနာအလှူရှင်တွေစုပေါင်းပြီး လစဉ်လှူဒါန်းနေတာပါ... ကျနော်တို့ အဖွဲ့အ နေနဲ့ကတော့ လစဉ်၂၀၀၀၀ကျပ ပါဝင်ကူညီထားပါတယ်...်္စ္စစစ္စယံကျောင်းနဲ့ပတ်သတ်တဲ့ အသေးစိတ်ကိုတော့ နောက်ရက်အချိန်ရရင် တင်ပေးသွားပါ့မယ်...
Posted on: Fri, 02 Aug 2013 19:35:54 +0000

Trending Topics



Recently Viewed Topics




© 2015