Android နှင့် 4G စနစ်တို့ ကို - TopicsExpress



          

Android နှင့် 4G စနစ်တို့ ကို Samsung မှ ကင်မရာတွင်ပါ ထည့်သွင်းလာပြီ။ Samsung မှ Galaxy NX ကင်မရာ ကိုဈေးကွက်ထဲသို့ ဖြန့် ချိတော့မည်ဟု ကြေညာလိုက်ပါပြီ။ Galaxy Nx သည် ပထမဆုံး lens (မှန်ဘီလူး) ပြောင်းတပ်လုပ်လို့ ရပြီး 4G နှင့်ချိတ်ဆက်အသုံးပြုနိုင်ပြီး Android system ပါထည့်သွင်းထားတဲ့ ကင်မရာတစ်ခုပါပဲ။ 20.3-megapixel APS-C sensor (Advance Hybrid Focus System and the DRIMe IV Image Singal processor) ကို အသုံးပြုထားပြီး၊ Burst rate က 8.6 fps ရှိပါတယ်။ ဒီကင်မရာရဲ့  အဓိက features ကတော့ 3G နှင့် 4G ချိတ်ဆက်လို့ ရပြီးတော့ Android 4.2(Jelly Bean) system ပါရှိနေလို့  NX ကင်မရာက smartphone တွေမှာပါရှိတဲ့ function တွေကိုပါလုပ်ဆောင်နိုင်ပြီးတော့ ဓာတ်ပုံရိုက်ကူးရေးအတွေ့ အကြုံတွေကိုလဲ တိုးပွားစေမှာပါ။ Samsung Galaxy NX ကို ဇူလိုင်လမှာ စတင်ဖြန့် ချိတော့မှာဖြစ်ပြီး ဈေးနှုန်းကိုတော့ အတိအကျ မသတ်မှတ်ရသေးပါဘူး။ shariblog/2013/06/samsung-adds-android-to-nx-range/ မှဘာသာပြန်တင်ဆက်ထားပါသည်။ Photo Source: shariblog/wp-content/uploads/2013/06/samsung-galaxy-nx.jpg (Samsung Galaxy NX)
Posted on: Wed, 31 Jul 2013 11:09:59 +0000

Trending Topics




© 2015