Avatar ဇာတ်ကား၏ - TopicsExpress



          

Avatar ဇာတ်ကား၏ ထူးခြားသောအချက်အလက်များ (အပိုင်း-၁) -ဇာတ်ကားထဲက Navi ဘာသာစကားကို ဘာသာစကားပညာရှင် Paul R.Froomer က အလုံးစုံ ဖန်တီးထားတာပါ။ ဒါရိုက်တာ James Cameron က လူသားဘာသာစကားနဲ့လည်း မတူရဘူး၊ သရုပ်ဆောင်တွေလည်း အလွယ်တကူအသံထွက်နိုင်မယ့် ဘာသာစကားမျိုး တီထွင်ပေးပါဆိုပြီး သူ့ကို ငှားရမ်းခဲ့တာပါ။ Froomer ဟာ စကားလုံးပေါင်း ၁၀၀၀ ခန့်ကို တီထွင်ခဲ့ရပါတယ်။ -သူ့ရဲ့တီထွင်နိုင်စွမ်းဟာ အင်မတန်လေးစားစရာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အင်တာဗျူးတစ်ခုမှာ မင်းသား Sam Worthington က Navi ဘာသာစကားဟာ သူ့အတွက် အမေရိကန်စကားထက်တောင် ပြောရတာ ပိုလွယ်နေပါတယ်တဲ့။ -ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်းဟာ ရိုက်ကွင်းထဲမှာ စိတ်ဆတ်တဲ့လူတစ်ယောက်ပါ။ သူက သံရိုက်စက်ကို အမြဲဆောင်ထားပါတယ်။ ဇာတ်ကားရိုက်နေရင်း ဘယ်သူ့ဖုန်းပဲထမြည်မြည် လုဆွဲပြီး နံရံမှာ သံနဲ့ရိုက်လိုက်ပါတယ်။ -ဇာတ်ကားထဲက မင်းသား Jake ရဲ့ခြေထောက်ဟာ အပြင်က တကယ့်လူရဲ့ခြေထောက်ကို Digital နည်းပညာနဲ့ ကူးထည့်ထားတာဖြစ်ပါတယ်။ ရိုက်တဲ့အခါ မင်းသားကို Wheel Chair ပေါ်မှာ ဒီအတိုင်းထိုင်ခိုင်းပြီး Edit လုပ်တော့မှ ပြန်ဖျက်ထားတာဖြစ်ပါတယ်။ -ဇာတ်ကား Frame တစ်ခုစာ (တစ်စက္ကန့်ရဲ့ ၂၄ပုံ ၁ ပုံ)အတွက် CGI Effect ကို ၄၇ နာရီကြာ အချိန်ယူလုပ်ခဲ့ရပါတယ်။ -ဇာတ်ကားတစ်ခုလုံးရဲ့ ၄၀% ကိုသာ တကယ်ရိုက်ကူးခဲ့တာဖြစ်ပြီး ကျန်တဲ့ ၆၀% က CGI Effect တွေပါ။ -သရုပ်ဆောင်တွေ ဇာတ်ကားနဲ့ အံဝင်ခွင်ကျဖြစ်ဖို့အတွက် ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်းက သရုပ်ဆောင်အားလုံးကို ဟာဝိုင်အီကို ခေါ်သွားပါတယ်။ တောထဲမှာပဲနေ၊ တောင်တွေတက်၊ မီးပုံပွဲတွေလုပ်၊ ငါးတွေကင်စား၊ ရွက်ဖျင်တဲတွေထိုးပြီး နေကြပါတယ်။ အိပ်တဲ့တစ်ချိန်ပဲ ဟိုတယ်ပြန်အိပ်ကြရတာပါ။ မင်းသမီး Zoe Saldana ဆိုရင် အဲဒီခရီးစဉ်တစ်လျှောက်လုံး Warrior လိုသာ ဝတ်ဆင်ခဲ့ပါတယ်။ -စတူဒီယိုတွေက Jake Sully နေရာမှာ Matt Damon ၊ဒါမှမဟုတ် Jake Gyllenhaal ကို သရုပ်ဆောင်စေချင်ပါတယ်။ ဂျိမ်းစ်ကင်မရွန်းက Sam Worthington ကိုပဲ ရွေးခဲ့တာပါ။ -ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်းက Jake Sully နေရာမှာ သရုပ်ဆောင်မယ့် မင်းသားကို လူသစ်ထဲကပဲ ဖြစ်စေချင်ပါတယ်။ နို့မို့ဆိုရင် ပရိသတ်အပေါ်မှာ သူ့ဇာတ်ကားဟောင်းတွေက လွှမ်းမိုးမှုရှိနေနိုင်ပါတယ်။ -ဒီဇာတ်ကားဟာ ကုန်ကျစရိတ်အများဆုံး ဇတ်ကားပါပဲ။ ကုန်ကျမှုစရိတ် စုစုပေါင်း $280,000,000 (သန်း၂၈၀) ရှိပါတယ်။ -ဂျိမ်းစ်ကင်မရွန်းက ဇာတ်ကားကို ၁၉၉၉ မှာ အပြီးရိုက်ကူးချင်တာပါ။ ဒါပေမယ့် Effect ထည့်တဲ့နည်းပညာတွေက အဲသလောက်မကောင်းသေးတော့ တကယ်လုပ်မယ်ဆိုရင် အကုန်အကျအရမ်းများပါမယ်။ သန်း ၄၀၀ လောက်ကုန်ပါ့မယ်။ ဘယ်ကုမ္ပဏ္ဏီမှ အဲသလောက် မထုတ်ပေးနိုင်ပါဘူး။ (ဒီနေရာမှာ ကျွန်တော် ဂျိမ်းစ်ကင်မရွန်းရဲ့ ဇွဲကို ချီးကျူးပါတယ်။ လုံးဝလက်မလျှော့ပါဘူး။ နောက် ၁၀ နှစ်ကြာတဲ့အခါ သူရိုက်ပြနိုင်ခဲ့ပြီလေ။) -သူရိုက်ချင်တဲ့ ဒီဇာတ်ကားကို CGI Effect နဲ့ ရိုက်လို့ရတယ်။ အကုန်အကျသက်သာမယ်ဆိုတာကို သူက Lord Of The Rings : The Two Towers ဇာတ်ကားကို ကြည့်နေရင်း သိသွားခဲ့ပါတယ်။ -ဂျိမ်းစ်ကင်မရွန်းက ဟိန္ဒူနတ်ဘုရားတွေဖြစ်တဲ့ သျှီဝ၊ ရာမ၊ ခရစ်ရှနာတို့ကို ကြည့်ပြီး Navi တွေကိုလည်း အပြာရောင်ခန္ဓာကိုယ်နဲ့ ဖန်တီးဖို့ အကြံရသွားခဲ့တာပါ။ အပိုင်း (၂) ဆက်လက်တင်ပြပေးပါ့မယ်...။
Posted on: Sun, 02 Mar 2014 04:17:28 +0000

Trending Topics



Recently Viewed Topics




© 2015