Big Power Neighbor ဇိန ကနေဒါမှာ - TopicsExpress



          

Big Power Neighbor ဇိန ကနေဒါမှာ လုပ်တယ်ဆိုတဲ့ ဘိုင်ပိုလာနဲ့ နီယိုစစ်အေး ဖြစ်လာမလား ဆိုတာမျိုး ပညာရှင် ငါးယောက် ပြောကြတာ ဖတ်ဖူးတယ် ။ ကြာတော့ နည်းနည်း ကြာပြီ ။ လူပြိန်းပြော ပြောရရင် ကန်ဘက်က ၂ယောက် တရုတ်ဘက်က ၂ယောက် ပညာရှင်ကီးတွေနဲ့ မှုတ် သွားကြတာ ရေပက်မဝင် အခန့်အထည်ကြီးတွေပါ ။ ကန်ဘက်က မှတ်မိတာ ဇာခါရီယာ ။ နည်းပညာပိုင်းအရ ၊ လူတွေရဲ့ စိတ်တွေ စနစ်တွေအရ ကန်ကို တရုတ်က မီနိုင်သေးပါဘူး စသဖြင့် ပြောတာပါ ။ တစ်ဘက် ကလည်း ကန် အိုင်ဗီလိဂ်တစ်ခုက ကျောင်းပြီး လက်ရှိတရုတ်အစိုးရ အကြံပေး။ ပြောတာများ ကန် စီးပွားရေး ဆိုဒ်ကြီးတာ ရာစု တစ်စုပါတဲ့ ။ တရုတ်ကဖြင့် ဘယ်နှရာစုက ဘာညာသရကာ စသည်ဖြင့် ပြန် တွယ် တာပဲ ။ နောက်ဆုံး အလှည့်ကျသူက အသက် ၉၀ ကျော် ဇိန စပယ်ရှယ်လစ် ကစ်ဆင်းဂျား သိပ် များများ မပြောဘူးရယ် ။ ကန်နဲ့တရုတ် တုဖက်ပြိုင်နေရမှာ မဟုတ်ဘူးတဲ့။ ပါဝါကြီးနှစ်ခုပေါင်း ငြိမ်းချမ်းသာယာဝပြောတဲ့ကမ္ဘာ ဖန်ဆင်းရမှာတဲ့ ပြတ်ကရော။ ဒေါ်စုကို အနောက်က သိဒ္ဓိ တင်နေတာတွေ ကောင်းပါတယ် ။ ဒါပေသည့် ဒေါ်စုကို တရုတ်က လက်တွဲလို့ရမယ် စဉ်းစားရုံနဲ့ ကိစ္စပြတ်မှာတွေ ရှိနေတယ် ။ အခုလည်း မြန်မာပြောင်းလဲရေးကို ဖိအားပေးဖို့ တောင်းဆိုတယ် ဆိုတာ ၊ တရုတ်ကို တစ်ခေါက် သွားလိုက်နိုင်တာက အများကြီး ပို ထိရောက်မယ် ။ တလောက ခြံထဲ အဝင်အထွက်နဲ့ ငွေစကလေး လှူ၊ အလည် ဖိတ်မလိုလို နဲ့ ။ တရုတ်အစိုးရကို ရေရှည်တွေးဖို့ ၊ နံဘေးက ကာလရှည်ကြာ ပေါက်ဖော် နိုင်ငံရဲ့ ကံကြမ္မာကို ချစ်ကြည်တာနဲ့အညီ ကြည့်ရှုစောင်မရာမှာ ရေရှည် သဘောဆောင် တဲ့ ဆက်ဆံရေး ထူထောင်နိုင်အောင် ရပ်တည်ပေးဖို့ တောင်းဆိုသင့်တယ် ။ ဟိုး ၉၀ နိုင်တုန်းက တရုတ်သံအမတ်ကြီးက ဘိုချုပ်တွေကို ခင်ဗျားတို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲသင့်တယ် ပြောခဲ့ဖူးတာမှ ရွေးကောက်ပွဲ နိုင် နိုင် ချင်း ပထမဆုံး ကွန်ဂရက်ကျူလေးရှင်းတာ တရုတ် ။
Posted on: Tue, 22 Oct 2013 08:19:29 +0000

Trending Topics



Recently Viewed Topics




© 2015