Buying NoteBook Computer (Written by - TopicsExpress



          

Buying NoteBook Computer (Written by ပိုးကောင်လေး) ဒီကနေ့အချိန်အခါမှာဆိုရင် Notebook Computer သို့မဟုတ် Laptop computer သို့မဟုတ် Portable Computer တွေဟာ တန်ဖိုးအနေနဲ့ကြည့်မယ်ဆိုရင် desktop computer ဈေးနှုန်းလောက်ကိုကျဆင်းပြီး company တွေက အပြိုင်အဆိုင် ထုတ်လုပ်၊သွင်းယူနေတာကို တွေ့ရပါလိမ့်မယ်။ Company လို့ဆိုတဲ့နေရာမှာ ဒီ portable computer တွေကိုထုတ်လုပ်တဲ့ company, manufacture တွေ အပါအ၀င်၊ နိုင်ငံတိုင်းမှာ ရှိတဲ့တစ်ဆင့် ပြန်ရောင်းချတဲ့ company တွေအားလုံးကို ဆိုလိုပါတယ်။ Portable computer အသစ်ထုတ်ကုန်တွေကလည်း user တွေအကြိုက်၊ user တွေ အသုံးတည့်မယ့် ကိရိယာ တန်ဆာပလာတွေကို စုံနိုင်သမျှ စုံအောင်ထည့်သွင်းထုတ်လုပ်နေကြပါတယ်။ တချို့ company တွေကလည်း သူတို့ရဲ့ brand တွေဖြစ်အောင် အသိအမှတ်ပြုလောက်အောင် de facto စံနှုန်းတွေကို ချိုးဖျက်ပြီး သူတို့ရဲ့ကိုယ်ပိုင်စံနှုန်း proprietary တွေသတ်မှတ်ပြီး ထုတ်လုပ်တာတွေလည်း ရှိကြပါတယ်။ ဒါဆိုရင် A company ကထုတ်လုပ်တဲ့ ပစ္စည်းတွေ ထပ်ထည့်ချင်တယ်၊ upgrade လုပ်ချင်တယ်ဆိုရင် အဲဒီ A Company ကထုတ်လုပ်တဲ့ Hardware တွေ interface တွေနဲ့ပဲ တွဲဖက်သုံးရတယ်လို့ဆိုပါတယ်။ Laptop တွေအတွက် အကြောက်ဆုံး အရာကတော့ အပူချိန်မြင့်မားမှုပါပဲ။ အပူချိန်မြင့်မားလာရင် ဘယ် electronis device တွေမှ ခံနိုင်မှု မရှိပါဘူး။ တချို့သော laptop တွေဟာ အထူနဲ့ထုတ်လုပ်ပြီး တချို့ laptop တွေကို ပါးလွှာအောင် ထုတ်လုပ်ကြပါတယ်။ De facto standard တွေကတော့ ဘယ် company, manufacture တွေကပဲ ထုတ်လုပ်သည်ဖြစ်စေ hardware device တွေရဲ့ interface တွေဟာ standard လုပ်ထားပြီးသားဖြစ်တဲ့ အတွက် အားလုံးအလဲအလှယ်လုပ်ပြီး တပ်ဆင်လို့ရပါတယ်။ ဒါဟာလဲ အားသာချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။ Upgrade လုပ်သည်ဖြစ်စေ၊ ပျက်သွားလို့ လဲလှယ်ပြီး ထည့်တဲ့နေရာတွေမှာ အသုံးတည့် အသုံးဝင်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။ Notebook လို့ဆိုတာနဲ့ အဓိက အစိတ်အပိုင်းတွေ ဖြစ်တဲ့ display units and backup battery စနစ်တွေကို စတင်ရွေးချယ်ကြတာကို တွေ့ရပါတယ်။ ဒီစနစ် နှစ်ခုဟာ အားလုံးထက်ကို အရေးကြီးတဲ့အပိုင်းအဖြစ်သတ်မှတ်ကြပါတယ်။ အကြမ်းဖျင်းအားဖြင့် display screen တွေဟာ 12 inch ကနေပြီး 17 inch screen လောက်ထိ ရှိကြတာတွေ့ရပါမယ်။ Desktop Replacement screen တွေဆိုရင် 19inch/ 20 inch လောက်ထိ ရှိကြပါတယ်။ ဒီ screen တွေထဲမှာ 17inch နဲ့ 17inch တွေထက်ကျော်ရင် wide screen တွေအဖြစ် ထုတ်လုပ်ကြတာကိုတွေ့ရပါမယ်။ Manufacture တွေကတော့ display screen ratio တွေကို 4:3 (aspect ratio) အဖြစ် အကြမ်းဖျင်း ထုတ်ကြပါတယ်။ ဒါကလည်း screen resolution တွေအပေါ်မှာ မူတည်မှုရှိတာ တွေ့ရပါလိမ့်မည်။ Wide screen ratio တွေမှာ 10:6, 16:9, 16:9.5, 16.10 ဆိုပြီး အသီးသီး ရှိကြပါတယ်။ 10:9 ကတော့ Wide Screen ရဲ့ Standard ratio ဖြစ်ပါတယ်။ နောက်တစ်ချက်က Screen resolution တွေအပေါ်မှာ မူတည်ပြီး screen အမျိုးမျိုးသတ်မှတ်ကြပါတယ်။ XGA, WXGA, WSXGA ဆိုပြီး resolution တွေအပေါ်မူတည်ပြီး ခေါ်ဝေါ် သုံးစွဲကြပါတယ်။ Laptop Screen တွေမှာ အမျိုးအစား (type) နှစ်မျိုးနဲ့ manufacture များမှ ထုတ်လုပ်တာကို တွေ့ရပါမယ်။ Matte နဲ့ high gloss အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ Matte တွေကို industry standard အဖြစ်နဲ့ နှစ်ပေါင်းများစွာက ထုတ်လုပ်ခဲ့တာကို တွေ့ရပါလိမ့်မယ်။ ဒီစနစ်တွေဟာ များစွာသော အရောင်စုံလင်မှုနဲ့အလင်းရောင် ရိုက်ခတ်လှုပ်ရှားမှုတွေကို (အလင်းပြန်မှု)၊ တုံ့ပြန်မှုများတာကို တွေ့ရပါမယ်။ ကောင်းမွန်တဲ့ laptop screen တွေဟာ မြင်ကွင်းကျယ် ကောင်းမွန်ခြင်းနဲ့လုံလောက် ကောင်းမွန်တဲ့ အလင်းရိုက်ခတ်မှု တုံ့ပြန်မှုကို ရရှိပါလိမ့်မယ်။ ဒါကြောင့် matte screen ရဲ့အဓိက မကောင်းတဲ့အချက်ကတော့ အလင်းရောင်များတဲ့နေရာ၊ နေ့အလင်းရောင် (day light) တွေမှာ အသုံးပြုသူအတွက် အလင်းရိုက်ခတ်မှုနှုန်း များတာကြောင့် အလင်းပြုပြီး အဆင်ပြေမှုနည်းတာကို တွေ့ရပါလိမ့်မယ်။ High-gloss screen တွေကိုတော့ manufacture တွေမှာ ၂၀၀၆ ခုနှစ် နောက်ပိုင်းလောက်တွေမှာ ထုတ်လုပ်တာကို တွေ့ရပါလိမ့်မယ်။ High gloss တွေဟာ ကောင်းမွန်ပြတ်သားတဲ့ contrast, အရောင်ကြွယ်ဝမှု (richer color) နဲ့ မြင်းကွင်းကျယ် (wider view) အတွက် ပိုမိုကောင်းမွန် သင့်လျော်တာတွေကို matte screen တွေနဲ့နှိုင်းယှဉ် ကြည့်နိုင်ပါလိမ့်မယ်။ High gloss တွေအတွက် ထုတ်လုပ်တဲ့ manufacture တွေဟာ ကွဲပြားခြားနားတဲ့ နာမည်တွေ ပေးထားတာကို တွေ့ရပါလိမ့်မယ်။ Dell ကနေ ထုတ်တဲ့အခါမှာ TrueLife, Acer ကနေ ထုတ်တဲ့အခါ Crystal Bride နဲ့ HP ကထုတ်တဲ့ screen ဆိုရင် BrightView ဆိုပြီး ခေါ်ဝေါ်သုံးစွဲနေကြပါတယ်။ High gloss တွေဟာ အလင်းတုံ့ပြန်မှု (အလင်းပြန်မှု) နည်းတယ်။ အနီးအနား အရာဝတ္ထုတွေရဲ့ အလင်းပြန်မှုတွေကို သုံးစွဲတယ်လို့လည်း ပြောလို့ရပါတယ်။ ဒါကြောင့် နေအလင်းရောင်နဲ့ အပြင်ဘက်တွေမှာ (အလင်းရောင် တောက်ပနေသောအချိန်) အသုံးပြုရင် matte screen တွေထက် မြင်းကွင်းကို ကြည်လင်တဲ့အရောင်တွေကို ပေးနိုင်တာ တွေ့ရပါလိမ့်မယ်။ ဒါဟာ display unit နဲ့ ပတ်သက်တဲ့ အခြေခံအကြောင်းတွေပဲဖြစ်ပါတယ်။ Notebooks တွေမှာ အခြားသော feature တွေသုံးနိုင်အောင် ထည့်ပေးထားတာတွေကိုလည်း သိရပါမယ်။ အရင်တုန်းက notebook တွေမှာ add on device တွေကို ထပ်မံ ထည့်သွင်းအသုံးပြုမယ် ဆိုရင် အသုံးပြုလို့ရအောင် PC card ကိုခေါ်တဲ့ PCMCIA slot တွေပါတာကိုတွေ့ရပါမယ်။ PCMCIA (Personal Computer Memory Card International Association) ကနေ ယနေ့ notebook တွေမှာလည်း ဒီ slot တွေအနည်းဆုံးတစ်ခုလောက်တော့ပါရပါမယ်။ Laptop အကြောက်ဆုံးအရာ ________________________________________ Laptop တွေအတွက် အကြောက်ဆုံးအရာကတော့ အပူချိန်မြင့်မားမှုပါပဲ။ အပူချိန်မြင့်မားလာလျှင် ဘယ် electronic device တွေမှ ခံနိုင်မှုမရှိပါဘူး။ တချို့သော laptop တွေဟာ အထူနှင့်ထုတ်လုပ်ပြီး တချို့တွေကတော့ ပါးလွှာအောင်ထုတ်လုပ်ကြပါတယ်။ အပူပိုင်းနိုင်ငံ အသုံးပြုမှုနဲ့အအေးပိုင်းနိုင်ငံတွေ အသုံးပြုမှုဆိုပြီး ကွဲပြားခြားနားမှုတွေရှိပါတယ်။ အထူပဲဖြစ်ဖြစ်၊ အပါးပဲဖြစ်ဖြစ်၊ အပူချိန်ညှိမှုကိုတော့ အားလုံးလုပ်ထားပြီးသားဖြစ်ပါတယ်။ အထူးသဖြင့် ပန်ကာ (fan) တွေနဲ့ အောက်ဘက်၊ ဘေးဘက်တွေမှာ တပ်ထားပြီးဖြစ်ပါတယ်။ ဒါတွေကို အသုံးပြုတွေဟာ သတိထားကြပါမယ်။ ဒီ function တွေဟာ power management တွေမှာ ပါဝင်ပါတယ်။ အဓိက အပူချိန်ကို ထိန်းဖို့လုပ်ခြင်း ဖြစ်ပါတယ်။ - Laptop တွေကိုမျက်နှာပြင်ညီညာတဲ့နေရာမှာအသုံးပြုပါ။ မျက်နှာပြင်မညီညာတဲ့နေရာတွေမှာ အသုံးပြုပါက အောက်ဘက်မှာရှိတဲ့ လေ၀င်လေထွက်တွေပိတ်ပြီး အပူချိန်တတ်ပါလိမ့်မယ်။ - Laptop ၀ယ်လာတဲ့အခါမှာ display screen နဲ့ keyboard ကြားမှာ ခံထားတဲ့ keyboard protector တွေကိုဖယ်ရှားပြီး သုံးပါ။ အောက်ဘက်က fan တွေအတွက် အပေါ်ဘက်ကနေပြီး လေ၀င်၊ လေထွက်တွေကို ပိတ်ထားသလို ဖြစ်နေပါလိမ့်မယ်။ - Laptop fan တွေရဲ့ ဆူညံသံတွေကို နားထောင်ပါ။ Rpm မြင့်လာလေ အသံကျယ်လာလေပါပဲ။ Rpm ဘာကြောင့် မြင့်သလဲဆိုရင် အပူချိန်တတ်ပြီး fan တွေ ပိုအလုပ် လုပ်လို့ဖြစ်ပါတယ်။ - Fan တွေမှာ ဖုန်တွေ အမှိုက်တွေကို ၆လ တစ်ခါ၊ ၁နှစ် ၁ခါ maintain လုပ်ပေးပါ။ Rpm ကျလာပါက အအေးပေးစနစ် ချွတ်ယွင်းလာပြီး laptop ကို အပူချိန် တတ်လာပါလိမ့်မယ်။ - အရေးအကြီးအချက်ဖြစ်တဲ့ laptop ၀ယ်တဲ့အခါ laptop မှာတပ်မယ့် သို့မဟုတ် ထည့်သွင်းထား မယ့် အိတ်ကို ၀ယ်ယူဖို့ပါပဲ။ ဒီအိတ်ဟာ သယ်ယူမှုအတွက် အသုံးဝင်ခြင်း တစ်ခုတည်း မဟုတ်ပါဘူး။ Laptop တစ်ခုလုံးအတွက် အလေးချိန်ဖိမှု၊ ပြုတ်ကျမှု၊ အပူချိန် ထိန်းညှိမှု၊ ESD (ElectronicStatic Discharge), EMI (Electromagnetic Interference) သို့မဟုတ် RFI (Radio Frequency Interference) စတဲ့ ဘေးပြင်ပနှောက်ယှက်မှုတွေကိုပါ ၀န်ဆောင်မှုတွေပေးပါတယ်။ မိမိ ၀ယ်လိုက်တဲ့ laptop အတွက် တစ်ပါတည်း ထုတ်လုပ်ထားတဲ့ laptop ကိုဝယ်တာ အကောင်းဆုံးဖြစ်ပါတယ်။ Notebook Shopping Tips (Notebook ၀ယ်ယူဖို့လမ်းညွှန်ချက်များ) ________________________________________ အောက်ပါအချက်အလက်တွေကတော့ သာမန်အသုံးပြုသူတစ်ဦးအတွက် အဆင်ပြေနိုင်မယ့် Notebook ၀ယ်ယူဖို့ လမ်းညွှန်ချက်တွေပဲ ဖြစ်ပါတယ်။ A 1.73GHz Core Duo processor! စာစီစာရိုက်လုပ်တာ၊ Spreadsheet အသုံးပြုတာ၊ E-mail ပေးပို့တာစတဲ့ နေ့စဉ်လုပ်ဆောင် ချက်တွေအတွက် နောက်ဆုံးပေါ် အမျိုးအစား Processor တွေမလိုအပ်ပေမယ့် Core Duo Processor သုံးမယ်ဆိုရင် စွမ်းဆောင်ရည် ကောင်းမွန်တဲ့အပြင် battery သက်တမ်းကလည်း ပိုမိုကြာရှည်လာနိုင်မှာ ဖြစ်ပါတယ်။ 1GB or more of memory Memory ပမဏ ဒီထက်နည်းမယ်ဆိုရင်တော့ လုပ်ဆောင်ချက်တွေ နှေးကွေးသွားနိုင်ပါတယ်။ Supplemental battery လျှပ်စစ်မီးမရှိတဲ့နေရာတွေမှာ အချိန်ကြာမြင့်စွာ အသုံးပြုလိုတယ်ဆိုရင်တော့ notebook ၀ယ်ယူစဉ်ကတည်းက battery အပိုတစ်ခု တစ်ပါတည်းဝယ်ယူတာ၊ ဒါမှမဟုတ် battery အပို ထည့်သွင်းဖို့အတွက် modular bay ပါရှိတဲ့ အမျိုးအစားကိုရွေးချယ်တာတွေလုပ်သင့်ပါတယ်။ A 14.1 inch wide screen 12.1 inch ထက်ကြီးတဲ့ screen တွေဟာ မျက်စိအားစိုက် လုပ်ဆောင်ရမှုကို သက်သာစေနိုင်မှာ ဖြစ်ပြီး ငွေကြေးချွေတာဖို့အတွက်၊ ဒါမှမဟုတ် အရွယ်အစားသေးငယ်တဲ့ notebook ကိုပဲဝယ်ယူဖို့ ရွေးချယ်ထားတာ မဟုတ်ဘူးဆိုရင်တော့ screen အရွယ်အစားကြီးလေ ပိုကောင်းလေ လို့ဆိုရမှာ ဖြစ်ပါတယ်။ An 80GB Hard Drive Gigabyte လောက်ဆံ့တဲ့ သီချင်းတွေထည့်သွင်းတာ၊ database သုံးတာ၊ ဒါမှမဟုတ် Office suite တစ်ခုထက်ပိုပြီး install လုပ်ထားတာတွေ မဟုတ်ဘူးဆိုရင်တော့ 80GB ကတော့ အတော်အသင့် ကြီးမားတယ် လို့ဆိုရမှာဖြစ်ပါတယ်။ Touchpad Pointing Device Pointing Device တွေမှာတော့ အသုံးပြုသူတစ်ဦးနဲ့တစ်ဦး အကြိုက်ချင်းမတူညီကြပါဘူး။ ဒါပေမဲ့ အတော်များများကတော့ touchpad ကို pointing sick ထက်ပိုမိုသဘောကျကြတာကိုတွေ့ရပါတယ်။ Touchpad သုံးရမလား၊ eraserhead pointing device သုံးရမလား ဝေခွဲမရသူတွေကတော့နှစ်မျိုးစလုံးပါ ရှိတဲ့ notebook တွေကို ရွေးချယ်သင့်ပါတယ်။ ဒီကွန်ပြူတာတွေမှာ touchpad နဲ့ eraserhead တို့အတွက်သီးခြား mouse button တွေပါရှိလာဖို့ကိုလည်း စစ်ဆေးဝယ်ယူကြရပါမယ်။ Multiple USB Ports အခုနောက်ပိုင်း notebook အတော်များများမှာ USB 2.0 Port အနည်းဆုံးနှစ်ခု ပါလာကြတာကြောင့် အပိုပစ္စည်းကိရိယာတွေနဲ့ချိတ်ဆက်ဖို့ လိုအပ်တဲ့အခါ အသုံးတည့်နိုင်မှာ ဖြစ်ပါတယ်။ All-in-one Design တကယ်လို့ အပေါစား notebook တွေကိုပဲ ရွေးချယ်လိုတာမဟုတ်ဘူးဆိုရင်တော့ Optical drive အတွက် interbal bay ထည့်ပေးထားတဲ့ အမျိုးအစားတွေကို ၀ယ်ယူသင့်ပါတယ်။ ဒီလိုရွေးချယ်လိုက်တာဟာ လိုအပ်ရင် hard drive အပို၊ ဒါမှမဟုတ် battery အပိုကို အလွယ်တကူ တပ်ဆင် အသုံးပြုနိုင်ကြမှာ ဖြစ်ပါတယ်။ Notebook Skin Notebook တွေအတော်များများဟာ အရောင်အသွေးဆင်တူပြီး ဒီဇိုင်းလည်း သိပ်မကွာပါဘူး။ ကိုယ့်ရဲ့ Notebook လေးကို အပွန်းအပဲ့ဒဏ်ခံနိုင်ပြီး လှပတဲ့ဒီဇိုင်းပုံစံလေးတွေနဲ့တန်ဆာဆင်လိုတယ် ဆိုရင် Notebook skin လေးတွေဝယ်ကပ်ထားနိုင်ပါတယ်။ ဒီ skin လေးတွေဟာ အရောင်စုံ၊ ဒီဇိုင်းစုံရှိပြီး စင်္ကာပူနိုင်ငံကနေ တင်သွင်းရောင်းချမှုများပါတယ်။ အရည်အသွေးပြည့်မီတဲ့ကော် (Sticker) ကိုအသုံးပြုထားတဲ့အတွက် ပြန်ခွာလိုတယ်ဆိုရင်လည်း Notebook မျက်နှာပြင်မှာ ကော်သားတွေ ပေကျံနေခဲ့တာမျိုး မဖြစ်နိုင်ဘူးလို့ဆိုပါတယ်။ Battery ကိုဂရုစိုက်သန့်ရှင်းရေးနှင့်အားဖြည) ________________________________________ 1. Battery တွေကို အေးမြခြောက်သွေ့သောနေရာတွေမှာ ထားရပါမယ်။ 2. လူတွေရဲ့ စားသောက်စရာတွေနဲ့ ဝေးတဲ့နေရာတွေမှာ ထားရပါမယ်။ 3. Ni-Cd နဲ့ Ni-MH battery တွေကို အမြဲ ကြံ့ခိုင်မှုရှိစေရန် အမျိုးအစားကောင်းမွန်တဲ့ battery charger ကိုသုံးရပါမယ်။ 4. Battery တွေကို သီးသန့် သိမ်းဆည်းတဲ့နေရာမှာ battery အဖိုနဲ့အမ ခေါင်းတွေကို သန့်ရှင်းစေရန် အရက်ပြန်နဲ့သုတ်ရပါမယ်။ ကြေးချို၊ ခဲချိုးများ မတတ်အောင် cover (အဖုံး) ပြားများ တပ်ဆင်ရပါမယ်။ 5. Battery တွေကို ထုရိုက်ပြီးခွဲမကြည့်ပါနဲ့။ Battery ထဲမှာပါတဲ့ ဓာတုပစ္စည်းများသည် လူတွေအတွက် အန္တရာယ်များလွန်းပါတယ်။ စွန့်ပစ်တဲ့အခါမှာလည်း စနစ်တကျ စွန့်ပစ်ဖို့ လိုအပ်ပါတယ်။ Laptop တစ်လုံးဘယ်လိုဝယ်ယူရမလဲ။ ________________________________________ Laptop တစ်လုံးကို ၀ယ်ယူတဲ့အခါ မိမိပေးဝယ်ရတဲ့ တန်ဖိုးနဲ့လျော်ညီတဲ့ အမျိုးအစားတွေကိုရရှိဖို့ လိုအပ်တဲ့အပြင် သက်တမ်းပိုမိုကြာရှည်စွာ အသုံးပြုနိုင်ဖို့ကိုလည်း အဓိကထား စဉ်းစားကြရမှာ ဖြစ်ပါတယ်။ Notebook လို့လူသိများတဲ့ laptop တွေဟာ ကွန်ပြူတာသမိုင်း တိုးတက်မှုဖြစ်စဉ်ကြီးရဲ့ အသီးအပွင့်ရလဒ်တစ်ခုဖြစ်ပြီး တစ်နေရာတည်းမှာပဲထိုင်ကာ အလုပ်လုပ်နေစရာ မလိုတော့အောင် ကူညီပေးနိုင်ကြတာဖြစ်ပါတယ်။ အလွယ်တကူ သယ်ယူအသုံးပြုနိုင်မှုနဲ့စွမ်းဆောင်ရည်ကောင်းမွန်မှု တို့ကြောင့် notebook PC တွေဟာ တက္ကသိုလ်ကျောင်းသားတွေက အစ စီးပွားရေးလုပ်ငန်းရှင်တွေအဆုံး လူသန်းပေါင်းများစွာတို့ရဲ့ နေ့စဉ်ဘ၀ထဲကမရှိမဖြစ် လိုအပ်တဲ့ ကိရိယာ တစ်ခုဖြစ်လာပါပြီ။ ဈေးနှုန်းအသက်သာဆုံး အမျိုးအစားတွေဆိုရင်တောင် နေ့စဉ်လုပ်ဆောင်ချက်တွေအတွက် အဆင်ပြေပြေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ The Big Picture Notebook ကွန်ပြူတာ ၀ယ်ယူအသုံးပြုဖူးသူတွေအနေနဲ့ စွမ်းဆောင်ရည်နဲ့ချိတ်ဆက်မှု စနစ်တွေအပြင် အရွယ်အစား၊ အလေးချိန်၊ Screen အကျယ်၊ battery သက်တမ်း၊ keyboard အရည်အသွေးတွေနဲ့ built in wireless စတဲ့ လုပ်ဆောင်ချက်တွေကလည်း အရေးပါတယ်ဆိုတာကို သတိပြုမိကြမှာ ဖြစ်ပါတယ်။ Processor: Intel ရဲ့ Dual- core processor တွေကြောင့် notebook ကွန်ပြူတာတွေရဲ့စွမ်းဆောင်ရည် တိုးတက်လာခဲ့ပါပြီ။ PC World ရဲ့စမ်းသပ်မှုတွေအရလည်း dual core processor အသုံးပြုထားတဲ့ laptop တွေဟာ Single core processor အမျိုးအစားတွေထက် အတော်ကြီး မြန်ဆန်လာပြီး multitasking လုပ်ဆောင်ချက်တွေမှာဆိုရင် ပိုမိုသိသာတာတွေ့ရပါတယ်။ အခုနောက်ပိုင်း notebook အသစ်တွေမှာဆိုရင် စွမ်းဆောင်ရည်ပိုင်းပိုမို တိုးတက်လာတဲ့ Core Duo, Core 2 Duo and Core 2 Extreme Corei3 Corei5 Corei7 စတဲ့ အဆင်မြင့်အမျိုးအစားတွေကို အသုံးပြုလာတာတွေ့ရမှာဖြစ်ပါတယ်။ တချို့ Notebook တွေမှာတော့ Intel CPU တွေလိုမျိုးပဲ စွမ်းဆောင်ရည်မြင့်မားတဲ့ AMD Company ထုတ် Athlon Turion 64X2 dual-core Processor တွေကို အသုံးပြုထားတာတွေရှိပါတယ်။ ဒီ Turion 64X2 နဲ့ Core 2Duo နှစ်မျိုးစလုံးဟာ 64bit ကို support လုပ်ပေးနိုင်တဲ့အတွက် 64bit application တွေ ဈေးကွက်ထဲရောက်ရှိလာတဲ့အခါ ပိုမို အသုံးတည့်နိုင်မှာ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်နိမ့် notebook တွေမှာဆိုရင် Core Duo Processor တွေလောက် မြန်ဆန်မှုမရှိတဲ့ Intel Celeron M Processor တွေအသုံးပြုထားတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ Important Consideration: Processor မိမိအသုံးပြုနေတဲ့ CPU အမျိုးအစားက notebook တွေရဲ့ Application နဲ့ on-screen လုပ်ဆောင်ချက်တွေရဲ့ အမြန်နှုန်းကို အဆုံးအဖြတ်ပေးနိုင်တဲ့အတွက် ပိုမိုမြန်ဆန်တဲ့ တွက်ချက်မှုစနစ်ကို ရရှိဖို့အတွက်ဆိုရင် Core Duo၊ Core 2 Duo၊ Core i3၊ Core i5 Core i7 အမျိုးအစားကို ရွေးချယ်အသုံးပြုသင့်ပါတယ်။ System Memory: ဈေးနှုန်းသက်သာတဲ့ အမျိုးအစားကိုပဲ အဓိက ရွေးချယ်တာမဟုတ်ဘူး ဆိုရင်တော့ သာမာန် notebook အသစ်တစ်လုံးမှာ system memory 1GB ပါရှိတာတွေ့ရမှာဖြစ်ပါတယ်။ Notebook အတော်များများမှာ RAM 2GB အထိပါဝင်တတ်ကြပြီး အခုလိုမျိုး RAM2BG ပါရှိတဲ့အမျိုးအစား တွေဆိုရင်တော့ သက်တမ်းပိုမိုကြာရှည်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Important Consideration: 1GB or more of memory Memory ပမဏ ဒီထက်နည်းမယ်ဆိုရင်တော့ လုပ်ဆောင်ချက်တွေနှေးကွေးသွားနိုင်ပါတယ်။ Notebook အတွင်းထည့်သွင်းထားတဲ့ memory ပမဏများလေလေ application တွေအများအပြား တစ်ပြိုင်တည်း အသုံးပြုနိုင်လေလေ ဖြစ်ပြီး ကွန်ပြူတာရဲ့စွမ်းဆောင်ရည်ကလည်း ပိုမိုကောင်းမွန်လေလေဖြစ်ပါတယ်။ အခုလိုမျိုး အသုံးပြုရာမှာ ပိုမိုအဆင်ပြေလာပေမယ့် notebook တွေအတွင်း memory ကို upgrade လုပ်ရတာဟာ desktop တွေလောက်လွယ်ကူမှုမရှိတာကြောင့် စတင်ဝယ်ယူချိန်ကတည်းက Memory ပမဏ အများအပြားပါရှိတဲ့ အမျိုးအစားတွေကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ RAM ပမဏ 1GB လောက် ရှိရင်ပဲ notebook တစ်လုံးဟာ အဆင်ပြေတယ်လို့ဆိုနိုင်ပေမယ့် Window Vista ကိုထည့်သွင်းအသုံးပြု ထားတယ်ဆိုရင်တော့ RAM ပမဏကို 2GB လောက်အထိ upgrade လုပ်ဖို့စဉ်းစားသင့်ပါတယ်။ Graphic Memory Laptop Computer တွေမှာ သီးခြား Graphic card အသုံးပြုထားတဲ့ အမျိုးအစားနဲ့ intergrated graphic သုံးထားတဲ့ အမျိုးအစားဆိုပြီး နှစ်မျိုးကွဲပြားနေတာကိုတွေ့ရပါမယ်။ သီးခြား graphic card သုံး video chipset တွေကို nVidia နဲ့ ATI/AMD တွေကနေ ထုတ်လုပ်ကြတာဖြစ်ပြီး intergrated graphic တွေကိုတော့ intel က ထုတ်လုပ်ထားတာပါ။ မိမိရဲ့ notebook ကိုတစ်ခါတစ်လေမှသာ game ကစားဖို့ရည်ရွယ်ထားရင်တောင် main memory ကနေ gaphic အတွက်ရယူအသုံးပြုတာမျိုးမဟုတ်ဘဲ သီးခြား graphic card အသုံးပြုထားတဲ့ အမျိုးအစားတွေကို ရွေးချယ်ဖို့လိုအပ်ပါမယ်။ Game ကစားသူတွေအနေနဲ့ကတော့ 256MB ကနေ 512MB အထိရှိတဲ့ သီးခြား graphic memory အပြင် အဆင့်မြင့် 3D chip တွေလည်း လိုအပ်လာမှာဖြစ်ပါတယ်။ အစောပိုင်း integrated gaphic တွေဟာ စီးပွားရေးလုပ်ငန်းသုံးအတွက် အဆင်ပြေနေခဲ့ပေမယ့် Window Vista မှာတော့ Graphic စွမ်းဆောင်ရည် မြင့်မြင့်မားမား လိုအပ်လာတဲ့အတွက် အခုနောက်ပိုင်း အဆင့်မြင့် desktop အစားထိုး notebook တွေမှာ ဆိုရင် အဆင့်မြင့် ရှုပ်ထွေးတဲ့ graphic လုပ်ဆောင်ချက်တွေ ပါရှိလာတာတွေ့ရပါမယ်။ တချို့ Notebook တွေဟာ ကွန်ပြူတာတစ်ခုထဲမှာ graphic chip အများအပြားထည့်သွင်း အသုံးပြုနိုင်တဲ့ Scalable Link Interface (SLI) ပါရှိလာပါတယ်။ ဥပမာ - Alienware ရဲ့ Area 51M က 15x new model မှာ nVidia GeForce 8800M GTX card နှစ်ခုကို SLI စနစ်နဲ့အသုံးပြုနိုင်ပြီး ဈေးနှုန်းက လည်း တခြားအမျိုးအစားတွေအထက် ကြီးမြင့်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ Screen: Notebook ကွန်ပြူတာတွေရဲ့ screen ဟာတဖြည်းဖြည်းကြီးမားလာပြီး အများစုက မြင်ကွင်းကျယ်အမျိုးအစား ဖြစ်လာတဲ့အတွက် spreadsheet အသုံးပြုတာနဲ့ ရုပ်ရှင်ကြည့်ရှုတာတွေအတွက် ပိုမို အဆင်ပြေလာပါတယ်။ အခုအခါ ၁၄.၁လက်မ နဲ့ ၁၅လက်မအရွယ် မြင်ကွင်းကျယ် screen ပါရှိတဲ့ အမျိုးအစားတွေကို ၀ယ်ယူရရှိနိုင်ပြီဖြစ်တဲ့အတွက် ငွေကြေးချွေတာ အသုံးပြုနေရသူတွေတောင် resolution မြင့် notebook တွေကို အသုံးပြုနိုင်ကြပြီ ဖြစ်ပါတယ်။ Notebook ထုတ်လုပ်သူအများစုက ၁၇လက်မအရွယ် မြင်ကွင်းကျယ် အမျိုးအစားတွေကို ထုတ်လုပ်ရောင်းချ နေကြသလို မကြာခဏ ခရီးသွားလာရတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့လည်း ၁၂.၁လက်မ၊ ဒါမှမဟုတ် ၁၃.၃ လက်မအရွယ် မြင်ကွင်းကျယ် screen ပါရှိတဲ့ အမျိုးအစားတွေကို ရွေးချယ်နိုင်ကြမှာ ဖြစ်ပါတယ်။ ရိုးရိုး ၁၄.၁လက်မနဲ့၁၅လက်မအရွယ် notebook တွေဈေးကွက်ထဲမှာရှိနေပေမယ့် မြင်းကွင်းကျယ် screen အမျိုးအစားတွေလောက်တော့ ပေါပေါများများ မတွေ့ရတော့ပါဘူး။ Important Consideration: Screen Size Notebook တွေရဲ့ Screen အရွယ်အစားဆိုတာဟာ ထောင့်ဖြတ် တိုင်းတာရရှိတဲ့ အလျားကို ပြောတာဖြစ်ပြီး screen အရွယ်အစားကြီးလေလေ resolution မြင့်မားပြီး အချက်အလက်တွေ အများအပြားကို ဖော်ပြပေးနိုင်လေလေ ဖြစ်ပါတယ်။ Notebook အများစုဟာ အခုအခါ မြင်ကွင်းကျယ် model တွေဖြစ်လာကြပြီး ရိုးရိုး screen အမျိုးအစားတွေလည်း ရှိသေးပေမယ့် အတော်ကြီး ရှာဖွေဝယ်ယူကြရတော့မှာ ဖြစ်ပါတယ်။ Battery: Notebook ကွန်ပြူတာတွေရဲ့ ဘက်ထရီသက်တမ်းက တဖြည်းဖြည်း မြင့်မားလာနေပါပြီ။ PC world ရဲ့စမ်းသပ်မှုတွေအရလည်း Core Duo, ဒါမှမဟုတ် Core2Duo Processor သုံးထားတဲ့ laptop တွေရဲ့ ဘက်ထရီသက်တမ်းဟာ ပျမ်းမျှ သုံးနာရီခွဲလောက်အထိ ကြာရှည်အသုံးခံနိုင်တာကိုတွေ့ရပါတယ်။ ထုတ်လုပ်သူတွေအနေနဲ့ သူတို့ရဲ့ဘက်ထရီသက်တမ်းကို ကြိုးမဲ့ချိတ်ဆက်မှုစနစ်တွေကိုပိတ်ထားပြီး တိုးမြှင့်နိုင်သလို ဘက်ထရီသက်တမ်း ဘယ်လောက်ခံနိုင်တယ်ဆိုတဲ့ ဖော်ပြချက်ဟာ ရိုးရိုးဘက်ထရီနဲ့အသုံးပြုတာကိုလား၊ ဒါမှမဟုတ် သာမန်ထက် နှစ်ဆနီးပါး ကြာရှည်ခံနိုင်တဲ့ extender-life battery အသုံးပြုတာကို ပြောဆိုသလားဆိုတာမျိုးလည်း စစ်ဆေးကြည့်ရမှာဖြစ်ပါတယ်။ ယေဘုယျအားဖြင့် အပေါ့စား laptop တွေရဲ့ ဘက်ထရီအသုံးခံမှုဟာ desktop အစားထိုး notebook တွေထက် ပိုမိုကြာရှည်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Keyboard and Pointing Device: အသုံးပြုသူတွေအနေနဲ့လည်းဘယ် notebook keyboard ကိုမဆို ခဏတာအတွင်း အကျွမ်းတ၀င် ရှိသွားနိုင်ပေမယ့် ကြိုတင်စမ်းသပ်ပြီးမှ ၀ယ်ယူတာက အကောင်းဆုံးလို့ဆိုရမှာ ဖြစ်ပါတယ်။ ပါးလွှာပေါ့ပါးတဲ့ notebook အတော်များများမှာ သာမန်ထက် သေးငယ်ပြီး တစ်ခုနဲ့တစ်ခု နီးကပ်လွန်းနေတဲ့ ကီးတွေပါရှိကာ နေရာချထားမှုပုံစံကလည်း ရိုးရိုးကီးဘုတ်တွေနဲ့ ကွဲပြားခြားနားနိုင်ပါတယ်။ လက်ချောင်းကြီးတဲ့သူတွေအတွက်ဆိုရင်တော့ ultraportable keyboard တွေကို အသုံးပြုရတာအခက်အခဲ ရှိနိုင်ပါတယ်။ ကွန်ပြူတာအများစုမှာ eraserhead နဲ့ trackpad အမျိုးအစား pointing device တွေကို ရွေးချယ်ခွင့်ပေးမထားတာကြောင့်မိမိနှစ်သက်ရာ pointing device ပါရှိတဲ့ company ထုတ်အမျိုးအစားတွေကိုပဲ ရှာဖွေကြရမှာဖြစ်ပါတယ်။ ဒီအတွက် အကောင်းဆုံးကတော့ laptop တွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ USB mouse တွေကို ၀ယ်ယူသုံးဖို့ပဲဖြစ်ပါတယ်။ ကိုဇေရေ နောက်နေ့မှပဲ ကျန်နေတဲ့အပိုင်းလေးတွေကိုပို့ပေးလိုက်ပါမယ်ခင်ဗျာ။ အခုတော့ ပိုးကောင်လေးစာအုပ်တွေထဲမှရှာလို့ရသလောက်နဲ့ ပိုးကောင်လေးလက်မကိုက်သလောက် လုပ်ပြီးတော့တင်ပေးလိုက်ပါတယ်ခင်ဗျာ။ May big GOD bless for all!!! Optical and other Devices: Notebook ထုတ်လုပ်သူအများစုဟာ rewritabel DVD drive တွေထည့်သွင်းပေးထားတတ်ကြပြီး Combo လို့ခေါ်တဲ့ DVD-ROM နဲ့ CD-RW ပေါင်းစပ်ထားတဲ့ အမျိုးအစားတွေလည်း ၀ယ်ယူရရှိနိုင်ဦးမှာ ဖြစ်ပေမယ့် DVD-ROM၊ ဒါမှမဟုတ် CD-RW ချည်းပါရှိတဲ့ notebook တွေကတော့ မရှိသလောက် ရှားသွားပါပြီ။ Floppy drive အသုံးပြုဖို့ လိုအပ်သူတွေအနေနဲ့ ကတော့ USB စနစ်သုံး add on drive တွေကို ၀ယ်ယူနိုင်ကြမှာ ဖြစ်ပါတယ်။ Somewhat Important: Optical Drives ကွန်ပြူတာထုတ်လုပ်သူ အတော်များများဟာ laptop တွေထဲမှာ poritable DVD drive တွေ ထည့်ပေးထားကြပြီး ငွေကြေးချွေတာလိုသူတွေတော့ DVD-ROM/CD-RW drive တွေပါရှိတဲ့ အမျိုးအစားကို ရွေးချယ်နိုင်ကြမှာ ဖြစ်ပါတယ်။ Hard Drive: အခုအခါ hard drive ပမဏ 60GB သာပါရှိတဲ့တန်ဖိုးနည်း notebook တွေဟာ တဖြည်းဖြည်း ရှားပါးလာနေပြီး 80GB model တွေကလည်း တဖြည်းဖြည်း ဈေးနှုန်းသက်သာလာတာကို တွေ့ရမှာဖြစ်ပါတယ်။ 120GB, 7200 Rpm၊ ဒါမှမဟုတ် 160GB, 5400Rpm အမျိုးအစား အဆင့်မြင့် SATA hard drive တွေ ထည့်သွင်းဝယ်ယူလိုတယ်ဆိုရင်လည်း ဖြစ်ပါတယ်။ ကွန်ပြူတာအတွင်းရှိ hard drive ကအချက်အလက်တွေနဲ့ ပြည့်နှက်သွားတဲ့အခါမျိုးမှာ portable external drive တွေကို အသုံးပြုနိုင်ဖို့ စဉ်းစားနိုင်ပါတယ်။ Somewhat Important: Hard Drive Hard drive ပမဏများလေလေ အချက်အလက်တွေပိုမိုသိမ်းဆည်းထားနိုင်လေလေဖြစ်ပေမယ့် လူအတော်များများအဖို့ကတော့ 80GB ထက်ကြီးတာမျိုးတွေ လိုအပ်မှာမဟုတ်ပါဘူး။ Database တွေ၊ spreadsheet တွေ၊ digital photo and video file တွေကိုင်တွယ်အသုံးပြုရမယ်ဆိုရင်တော့ hard drive ပမဏ များများဆံတာကို စဉ်းစားသင့်ပါတယ်။ 7200Rpm အမြန်နှုန်းထက်နည်းတဲ့ hard drive တွေသုံးရင် တချို့လုပ်ဆောင်ချက်တွေမှာ နှေးကွေးသွားတာကို တွေ့ရနိုင်ပါတယ်။ Notebook ပျက်စီးမှုကို ကာကွယ်ပေးနိုင်တဲ့ နည်းလမ်း ________________________________________ အပူ၊ အအေး၊ ရေငွေ့နဲ့ရုတ်တရက် တုန်ခါမှုတွေဟာ မလိုလားအပ်တဲ့ Virus တွေ၊ Spyware program တွေလိုပဲ Laptop ကိုပျက်စီးဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ခပ်ပြင်းပြင်းတစ်ချက်လောက် ထိခိုက်မိတဲ့အခါ hard drive ပျက်စီးတာ၊ LCD ကွဲအက်တာ၊ motherboard ပျက်စီးတာတွေ ဖြစ်နိုင်ပါတယ်။ အခု tip တွေကတော့အကုန်အကျမရှိဘဲ Notebook ကိုအကာအကွယ်ပေးနိုင်ဖို့ ကူညီပါလိမ့်မယ်။ Stop Spinning: Hard drive ထဲက အလုပ်လုပ်နေချိန်မှာ ပြင်းထန်တဲ့ထိခိုက်မှုတွေကို ကြံ့ကြံ့မခံနိုင်ပါဘူး။ Notebook ကို နေရာနရွှေ့မီ turn off လုပ်ဖို့၊ ဒါမှမဟုတ် hibernation mode မှာထားဖို့ အချိန်မရရင် အဖုံးကိုပိတ်လိုက်ပြီး Standby mode ရောက်တဲ့အထိခေတ္တစောင့်ဆိုင်းပေးပါ။ Hold on tight: Notebook ကိုခိုင်မြဲစွာကိုင်တွယ်နိုင်ဖို့ 3M Safety Walk tape တွေတပ်ထားသင့် ပါတယ်။ ဒီလိုလုပ်တာ ချောထွက်မသွားအောင် အကာအကွယ်ပေးနိုင်တဲ့အပြင် လွတ်ကျသွားတဲ့အခါ ပြင်ရတဲ့ စရိတ်ထက်သက်သာပါတယ်။ Notebook ကို case ထဲမှာပဲထားထား၊ အပြင်ပဲထုတ်ထားထား ဂရုစိုက်ဖို့ လိုပါတယ်။ နောက်ပြီး ကားထဲမှာထားတဲ့အခါ တစ်သမတ်တည်းတုန်ခါနေတဲ့နေရာမျိုးမှာ မထားသင့်သလို ရုတ်တရက် ဘရိတ်အုပ်လိုက်တဲ့အခါ လျှော့ကျမသွားနိုင်တဲ့နေရာမျိုးဖြစ်သင့်ပါတယ်။ ကော်ဖီဆိုင်၊ လေဆိပ်၊ ရုံးခန်း၊ ဒါမှမဟုတ် လူအများစုရုံးရာနေရာတွေမှာ ရောက်ရှိနေတဲ့အခါ power cord ကိုဂရုစိုက်ပြီး အသုံးပြုသင့်ပါတယ်။ Power cord တစ်ခုကလည်း notebook ပျက်စီးစေနိုင်တဲ့ အခြေခံ အကြောင်းရင်း တစ်ရပ် ဖြစ်လာနိုင်ပါတယ်။ Get a good case: ပေါ့ပါးတဲ့နိုင်လွန်၊ ဒါမှမဟုတ် သားရေစတစ်ထပ်လောက်သာ သုံးထားတဲ့ အိတ်ဟာ အနည်းငယ် ထိခိုက်တာကို အကာအကွယ်ပေးနိုင်ပေမယ့် အမြင့်ကနေ လွတ်ကျတဲ့အခါမျိုး မှာတော့ နှစ်ထပ်၊ သုံးထပ်လောက်ခံထားတဲ့အိတ်မှသာစိတ်ချရပါမယ်။ ရေမြှပ်တွေအသုံးပြုထား မယ်ဆိုရင်တော့ အကာအကွယ်ကောင်းကောင်းပေးနိုင်ပါတယ်။ Wrap it up: Laptop ကို nonpad case၊ ဒါမှမဟုတ် backpack တစ်ခုနဲ့သယ်ဆောင်သွားလာမယ် ဆိုရင် protective skin တစ်ခုအတွင်းမှာထည့်ပြီး သွားလာသင့်ပါတယ်။ Monitor the temperature: Notebook တွေအတွက် အအေးဓာတ်ကို ထိန်းပေးတာဟာ သက်တမ်းရှည်ကြာအသုံးပြုနိုင်မယ့်အခြေအနေတစ်ခုဖြစ်ပါတယ်။ ပတ်ဝန်းကျင်က အပူချိန်မြင့်တတ်လာ လေလေ laptop အတွင်းက အပူချိန်မြင့်လာလေပါပဲ။ System အပူချိန်လွန်ကဲလာတယ်လို့သံသယ၀င်ရင် laptop ကလက်ခံနိုင်တဲ့ အမြင့်ဆုံးအပူချိန် (အများအားဖြင့် ၄၅ ဒီဂရီစင်တီဂရိတ်၊ ဒါမှမဟုတ် ၁၁၃ ဒီဂရီဖာရင်ဟိုက်) ကို စက်ရဲ့ documentation တွေမှာရှာဖွေစစ်ဆေးကြည့်သင့်ပါတယ်။ Go with the flow: Laptop အများစုဟာ အောက်ခြေပိုင်းကနေ အပူချိန်လျော့နည်းအောင် ပြုလုပ်ထားကြပါတယ်။ အောက်ခြေပိုင်းမှာ လေ၀င်လေထွက် ပိတ်ဆို့နေမယ်ဆိုရင် အပူချိန်လွန်ကဲမှု ဖြစ်ပေါ်စေနိုင်ပါတယ်။ Laptop ကို စောင်၊ အိပ်ရာခင်း၊ မွေ့ရာ၊ ဒါမှမဟုတ် နူးညံ့တဲ့အရာတွေပေါ်မှာ တင်ထားပြီး အသုံးပြုတာမျိုးရှောင်ရှားသင့်ပါတယ်။ ပေါင်ပေါ်တင်ပြီး အသုံးပြုရင်တောင် အပူချိန်မြင့်တတ် လာစေနိုင်ပါတယ်။ ကောင်းမွန်တဲ့ Notebook cooling pad တစ်ခုဟာ အပူချိန်လျော့နည်းအောင် ကူညီပေးနိုင်ပါတယ်။ Laptop မပျက်အောင်ကာကွယ်ပါ။ Hardware ပိုင်းဆိုင်ရာ အပျက်အစီးကတော့ ကိုယ်ဝယ်ယူခဲ့တဲ့ ပစ္စည်းရဲ့သက်တမ်းနဲ့အာမခံ၊ ကိုယ်သုံးစွဲတဲ့ကာလနဲ့ပမဏ၊ ဒါတွေပေါ်မှာ မူတည်နေပေမယ့်တချို့အပျက်အစီးတွေ ကတော့ ကိုယ်ကိုယ်တိုင်နဲ့တိုက်ရိုက်သက်ဆိုင်နေပါလိမ့်မည်။ ကိုယ့်မှာ ကွန်ပြူတာနှစ်လုံးရှိနေမယ်။ ဆိုလိုတာက ကျွန်တော်တို့ အီမေးလ်တွေ သုံးသလိုမျိုး Primary Email နဲ့ secondary Email ခွဲခြားထားသလိုမျိုး။ ကိုယ့်ရဲ့ desktop ကို primary ထားပြီး ဟိုဒီသွားလာဖို့ အတွက်တော့ laptop ကို secondary အဖြစ်ထားရှိနိုင်မယ်ဆိုရင်တော့အကောင်းဆုံးပေါ့။ ဒါပေမယ့်အဲဒီလို မဟုတ်ဘဲ laptop တစ်လုံးပဲရှိနေမယ်။ အဲဒီထဲမှာ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ၊ မိသားစုအတွင်းရေး၊ စီးပွားရေးလုပ်ငန်းဆိုင်ရာကိစ္စတွေ၊ ဓာတ်ပုံနဲ့ပုံရိပ်တွေ စတာတွေအားလုံးကို Laptop ကလေးတစ်လုံးတည်းနဲ့သာအလုပ်လုပ်နေရမယ်ဆိုရင်တော့ ဒီ laptop ကလေးကို အရမ်းခင်တွယ်မိမှာ ပါပဲ။ အပျက်စီးလည်းခံနိုင်မှာ မဟုတ်ပါဘူး။ Hardware ပိုင်းဆိုင်ရာ အပျက်အစီးကတော့ ကိုယ်ဝယ်ယူခဲတဲ့ ပစ္စည်းရဲ့ သက်တမ်းနဲ့အာမခံ၊ ကိုယ်သုံးစွဲတဲ့ကာလနဲ့ပမဏ။ ဒါတွေပေါ်မှာမူတည်နေပေမယ့် တချို့အပျက်အစီးတွေကတော့ ကိုယ်ကိုယ်တိုင်နဲ့တိုက်ရိုက်သက်ဆိုင်နေပါလိမ့်မယ်။ ဥပမာအားဖြင့် ကိုယ့်မှာမတ်တတ်ပြေးအရွယ် သားသမီးလေးတွေရှိနေပါလျက်နဲ့ကြမ်းပြင်ပေါ်မှာ laptop ဖွင့်လျက်သား ပစ်ထားတာမျိုးကစလို့ အခြေခံအချက်ကလေးတွေကိုတော့ laptop သုံးစွဲသူတိုင်း ထိန်းသိမ်း လိုက်နာရမှာပါ။ ၁။ Laptop ကိုတော့သော့ခတ်မသိမ်းခြင်း ရုတ်တရက်ကြားလိုက်ရရင်တော့ ဒီကိစ္စဟာ သိပ်မလိုဘူးလို့ထင်စရာ ရှိပါတယ်။ သော့ခေတ်မသိမ်းမိတဲ့အခါ အိမ်ကို ၀င်ထွက်နေတဲ့ ဆွေမျိုးသားချင်းတစ်ယောက်ဆီကနေ သင့်ရဲ့အတွေးစိတ်ကူးတွေပေါက်ကြားနိုင်ပါတယ်။ ကုမ္ပဏီတွေ၊ ရုံးလုပ်ငန်းနဲ့စီးပွားရေးဌာနကြီးတွေမှာသာ တာဝန်ယူနေရတယ်ဆိုရင်တော့ ပိုဆိုးပြီးပေါ့။ လျှို့ဝှက်ချက်တွေ ပေါက်ကြားရုံမကဘဲ ပြိုင်ဘက်လုပ်ငန်း အဖွဲ့အစည်းကို အလဲထိုးပစ်နိုင်မယ့် လက်နက်ကို အလဲထိုးပစ်နိုင်မယ့်လက်နက်ကို သင်ကိုယ်တိုင် ရွေးချယ်ပေးလိုက်သလိုမျိုးဖြစ်မှာပေါ့။ ဒါကြောင့်ဘယ်လိုနေရာမျိုးကိုမဆို ခဏတဖြုတ်သွားရတာဖြစ်စေ (Windows key နဲ့ L အက္ခရာကို ပူးတွဲနှိပ်ပြီး) Lock လုပ်သွားပါ။ ပြီးရင် Ctrl + Alt + Del ကိုပြန်နှိပ်ပြီး password ထည့်သွင်းရင်း ကိုယ့် Laptop ထဲကိုပြန်လည် ၀င်ရောက်နိုင်မယ့် နည်းလမ်းတွေကို ကြိုတင်ပြုလုပ်ထားပါ။ ၂။ Maintenance ပုံမှန်မလုပ်ခြင်း ဒီ maintenance ကိစ္စကတော့အပြောလွယ်သလောက်အလုပ်ခက်ပါတယ်။ ကုမ္ပဏီကြီး တွေ မဆိုထားဘိ။ တစ်ကိုယ်ရေသုံး laptop သမားတွေ ကိုယ်တိုင်တောင်မှ maintenance ပြုလုပ်ဖို့ လက်တွန့်နေတတ်ပါတယ်။ တချို့ကလည်းအချိန်မပေးနိုင်လို့၊ တချို့က မတတ်လို့စတဲ့ အကြောင်းပြချက် တွေနဲ့လူတစ်ဦးချင်းကတောင် မလုပ်နိုင်ရင် အဖွဲ့အစည်းကြီးတွေ ပုံမှန် maintenance မလုပ်ဖြစ်တဲ့ သဘောကိုတော့နားလည်လို့ရပါတယ်။ ကုမ္ပဏီကြီးတွေကတော့ထားပါတော့။ ကိုယ့်ရဲ့တစ်ကိုယ်ရေသုံး Laptop ကလေးအတွက်တော့ service သွားစရာလည်းမလိုပါဘူး။ သိပ်လည်းမခက်ခဲပါဘူး။ ကိုယ်ကိုယ်တိုင်လည်း လုပ်နိုင်ပါတယ်။ ဥပမာအားဖြင့် keyboard ကြားမှာ ရှိနေတဲ့ အညစ်အကြေးတွေကို အ၀တ်သန့်သန့်လေးနဲ့သုတ်ပစ်သလို သန့်ရှင်းရေးလုပ်မယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်လာမှာ မဟုတ်တော့ပါဘူး။ အတွင်းပိုင်းသန့်ရှင်းရေးအတွက်တော့ “C Cleaner” လို၊ “Registry repair pro” လို Software မျိုးလေးတွေနဲ့ registry error တွေရှင်းလင်းပါ။ ပျောက်ဆုံးနေတဲ့ dll ဖိုင်တွေကို ပြန်လည် ရှာဖွေနိုင်မယ့် “System repair CD” ခွေကလေးတစ်ခု ဆောင်ထားပါ။ တစ်ပတ်မှာတစ်ကြိမ်၊ ဒါမှမဟုတ်တစ်လမှာ တစ်ရက်လောက်သာ အချိန်ပေးကြည့်မယ်ဆိုရင် Laptop ရဲ့ Performance ဟာပိုပြီး ကောင်းမွန်လာတာကိုတွေ့ရပါမယ်။ ၃။ ပန်ကာကိုဂရုမစိုက်ခြင်း Laptop ဟာ desktop နဲ့မတူပါဘူး။ ပုံမှန် PC တစ်လုံးကို user တစ်ယောက်ဟာ အလွယ်တကူ ဖြုတ်နိုင်၊ တပ်နိုင်ပါတယ်။ ဘယ်ပစ္စည်းက ဘာအလုပ်လုပ်တယ်ဆိုတာကိုလည်းပုံမှန် စစ်ဆေးကြည့်ရှုနိုင်ပါတယ်။ Laptop ကျတော့ ကျွမ်းကျင်သူလိုပါတယ်။ ပစ္စည်းကို ဖြုတ်ပြီး ပြန်အထည့်မှာ အထိုင်မကျတာဖြစ်တဲ့အခါမျိုးမှာ အရမ်းဒုက္ခရောက်တတ်ပါတယ်။ ဒါကြောင့် Laptop ကိုအထူးသတိ ထားပါ။ သတိထားရမယ့် hardware တွေမှာ “ပန်ကာ” ကို အဓိက အာရုံစိုက်ပါ။ တကယ်လို့ပန်ကာ အလုပ်မလုပ်ဘူးဆိုရင် ပုံမှန်လုပ်ငန်းဆောင်တာတွေကို မဆောင်ရွက်ဆိုရင်၊ laptop အပူလွန်ကဲ လာပါလိမ့်မယ်။ ( ကားအင်ဂျင်တွေလို heat တတ်လာတတ်ပါတယ်။) over-heating (အပူလွန်ကဲခြင်း) ဟာ Monitor, memory and hardware တွေကို ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် ပန်ကာ အလုပ်လုပ်တာ မှန်ရဲ့လားဆိုတာဟာ သိပ်ကိုအရေးကြီးတဲ့ ကိစ္စဖြစ်ပြီး သံသယ တစ်စုံတစ်ရာ ရှိလာတာနဲ့ ပလပ်ဖြုတ်ပြီး service ဆီကို သယ်ယူသွားတာဟာ အကောင်းဆုံးပါ။ ဘယ်လိုအခြေအနေမျိုးမှာ overheat ဖြစ်တတ်သလဲဆိုတာကို သင်ယူသိရှိထားမယ်ဆိုရင်တော့ သင့်အတွက်အကောင်းဆုံး ဗဟုသုတတစ်ခု ဖြစ်မှာပါ။ ၄။ အပူချိန်ကို တတ်နိုင်သမျှလျှော့ချခြင်း သာမန် user တစ်ယောက်ဟာ အပူချိန်လျှော့ချတာတွေ ဘာတွေကို မသိနိုင်တဲ့အတွက်ဒီကိစ္စကို minor ပြဿနာတစ်ခုအနေနဲ့ထားကြည့်နိုင်ပါတယ်။ ဒါပေမယ့် လွယ်လွယ်ကလေးပဲ စဉ်းစားကြည့်ရအောင်။ “ လျှပ်စစ်မီးဖို” တစ်ခုကို မီးဖွင့်ထားမယ်ဆိုပါတော့။ ပြီးရင် ထမင်းအိုးတည်မယ် (နာရီဝက်လောက်ကြာမယ်) ပြီးရင် ဟင်းချက်မယ် (မိနစ်သုံးဆယ်ပတ်ဝန်းကျင်လို့ပဲထားကြည့်ရအောင်) ရေနွေးအိုးတည်ဦးမယ် (နာရီဝက်)။ အဲဒီလို လုပ်ငန်းကိစ္စ ၁၀မျိုးလောက်ကိုဆက်တိုက်ပြုလုပ်ခိုင်းစေတဲ့ အခါ “မီးဖို” ဟာခံနိုင်ရည်ထက် ကျော်လွန်ပြီး “အပူစီးကြောင်း” ပြင်းထန်လာပါမယ်။ အဲဒီလို အခြေအနေ မျိုးဟာ မန္တရာယ်ရှိနိုင်တဲ့အနေအထားပါ။ အခု Laptop ရဲ့ burn ပမဏကို လျှော့ချပါ ဆိုတာဟာ အဲဒီလိုပါပဲ။ တချို့ user တွေဟာ Laptop ကိုမီးပလပ်နဲ့ချိတ်ဆက်ပြီးကတည်းက အလုပ်လုပ်လိုက်တာ လူသားက အိပ်ချိန်မှာ အိပ်စက်သွားတာတောင်သူက အနားမယူရသေးပါဘူး။ ပထမဦးစ နှစ်တွေမှာတော့ ဒီကိစ္စဟာသိပ်သိသာမှာ မဟုတ်ပေမယ့် နှစ်နဲ့ချီပြီး ကြာမြင့်လာတဲ့အခါမှာ အဲဒီ Laptop ဟာ အပျက်မြန်လာပါတယ်။ ကိုယ်ရဲ့ အာမခံ (ဥပမာ သုံးနှစ်) သက်တမ်းအထိလည်း အပြည့်အ၀ မရတော့ဘဲ နှစ်နှစ်ခွဲလောက်နဲ့သာ ကံတော်ကုန်သွားရလေ့ရှိပါတယ်။ ဒါကြောင့် Laptop ကို သုံးလည်းသုံးမယ်။ တတ်နိုင်သမျှလည်း အနားပေးမယ်ဆိုရင် ခံနိုင်ရည်စွမ်းအားပိုမိုကောင်းလာမှာ အမှန်ပါပဲ။ ၅။ ဇိမ်ခံခြင်း Laptop လေးကိုထွေးပွေ့ထားမယ်။ ခုတင်ပေါ်မှာ ထိုင်ပြီး ခေါင်းအုံးကလေးတစ်လုံးကို အောက်ကခံလို့ laptop လေးကိုသုံးစွဲမယ်။ ဘေးနားမှာလည်း ကော်ဖီခွက်ကလေး တစ်ခုနဲ့ပေါ့။ ဇိမ်ပါပဲ။ လူတိုင်းနီးပါးလောက် ဒီလို ဇိမ်ယူကြတယ်။ ဒါပေမယ့် အဲဒါဟာပြဿနာပါ။ Laptop တွေဟာ desktop တွေလိုအပေါက်မျိုးစုံမပါဝင်ပါဘူး။ တကယ်လို့ခေါင်းအုံးနဲ့သာပိတ်ဆို့ထားသလို ဖြစ်သွားရမယ်ဆိုရင် လေ၀င်လေထွက် မကောင်းနိုင်တော့ပါဘူး။ အတွင်းမှာရှိတဲ့ ပန်ကာဟာ အပူငွေ့တွေကိုစွန့်ထုတ်ဖို့ လိုပါတယ်။ တကယ်လို့ စွန့်ထုတ်ဖို့ အပေါက်ပိတ်နေတယ်ဆိုရင် အပူချိန် လွန်ကဲလာပါမယ်။ ပန်ကာကိုလည်း ထိခိုက်နိုင်တဲ့အတွက် အလုပ်ကောင်းကောင်း လုပ်နိုင်တော့မှာမဟုတ်ပါဘူး။ ၆။ လုံလုံခြုံခြုံ သိုလှောင်မှုမရှိခြင်း များသောအားဖြင့် ကျွန်တော်တို့တွေ့ဟာ အပိုပစ္စည်းတွေကို သုံးစွဲတဲ့အကျင့်နည်းပါး ကြပါတယ်။ ဥပမာအားဖြင့် တီဗ္ဒီကို အိမ်ကလေးတစ်ခုနဲ့ထည့်ကြည့်ဖို့ မဆိုထားနဲ့။ တီဗ္ဒီအပေါ်မှာ ဖုံးအုပ်ဖို့ အဖုံးအကာ အ၀တ်ကလေးတစ်ခုတောင်မှ မထားတတ်ကြဘူး။ အဲဒီမှာ ကိုယ်အခန်းရဲ့ အပေါ်ထပ်ကဖြစ်စေ၊ တစ်နေရာကဖြစ်စေ၊ တီဗ္ဒီအိမ်ခွံမှာပါရှိနေတဲ့ အကွက်ကလေးတွေကတစ်ဆင့် ဖုန်မှုန့်နဲ့ရေခိုးငွေ့တွေအလွယ်တကူ ၀င်နိုင်ပါတယ်။ Laptop မှာလည်း ဒီလိုပါပဲ။ Laptop ကိုဒီအတိုင်းကြီး သယ်ယူသွားတာထက်စာရင် အိတ်တစ်ခုခုထဲထည့်ပြီးသယ်ဆောင်သွားတာက ပိုပြီးကောင်းပါတယ်။ ဒါမှသာ အီလက်ထရွန်နစ်ပစ္စည်းတွေနဲ့မအပ်စပ်တဲ့ဖုန်မှုန်နဲ့ရေခိုးရေငွေ့တွေအလွယ်တကူ မ၀င်ရောက်နိုင် မှာဖြစ်ပါတယ်။ အကောင်းဆုံးဖြစ်သင့်တာကတော့ Laptop ကို ပလပ်တွေဖြုတ်မယ်၊ ဘက်ထရီနဲ့ တခြားအပိုဆောင်းပစ္စည်းတွေကို ဖယ်ထုတ်ပြီး laptop ပဲသပ်သပ်အိတ်ကလေးအတွင်းသို့ ထည့်မယ်။ အလိုရှိရာကိုယူသွားမယ်။ ဒါဆိုရင်တော့ မိုးရွာနေတဲ့အချိန်မျိုးပဲ ဖြစ်ဖြစ်၊ လေတိုက်နေတဲ့ အခါမျိုးပဲဖြစ်ဖြစ် သိုလှောင်မှု လုံခြုံတဲ့အတွက် အန္တရာယ်ကြီးကြီးမားမား မတွေ့နိုင်တော့ပါဘူး။ ၇။ အရည်ကိုသတိမထားခြင်း ခွက်မှောက်လို့ဖြစ်ဖြစ်၊ ဖတ်စဉ်လွင့်ကျလို့ဖြစ်ဖြစ် ကီးဘုတ်တွေထဲကနေတစ်ဆင့် ဆားကစ်ဘုတ်ပြားတွေပေါ်မှာ အရည်တစ်မျိုး ၀င်ရောက်စီးဆင်းသွားပြီးဆိုရင်တော့ အဲဒီ laptop ရဲ့အနာဂတ်ဟာ သိပ်မလှတော့တာ အသေအချာပါပဲ။ အရည်ဆိုတာမျိုးမှာ ကော်ဖီ၊ ရေနဲ့အယ်လ်ကိုဟော၊ အချိုရည် အပါအ၀င်အရည်မျိုးစုံ ရှိပါတယ်။ ဘယ်လိုအရည်မျိုးပဲဖြစ်ဖြစ် laptop ကိုတိုက်ရိုက် ဒုက္ခပေးပါတယ်။ ဒါကြောင့်ဖြစ်နိုင်တယ်ဆိုရင် ရေသောက်မှာလား (စဉ်းစားပါ။) ကော်ဖီသောက်မှာလား (စဉ်းစားပါ။) ပြီးရင် ခပ်လှမ်းလှမ်းတစ်နေရာမှာ ခွက်ယူပြီးသောက်သင့်ပါတယ်။ တကယ်လို့ မနေနိုင်လို့ ကော်ဖီသောက်ရင်း Laptop သုံးမယ်ဆိုရင်တော့ laptop ကိုစားပွဲပေါ်မှာ တင်သုံးပြီး ကော်ဖီခွက်ကို ကြမ်းပြင်ပေါ်ကိုချထားသင့်ပါတယ်။ ၈။ မိုးရွာနေတဲ့အချိန်မှာဂရုမစိုက်ခြင်း အင်မတန်မှ အဖြစ်နည်းပါးလှပေမယ့် မိုးရွာနေတဲ့ အခါမျိုးမှာ laptop/desktop နဲ့လျှပ်စီး ကြောင်းဖြတ်သန်းစီးဆင်းနေတဲ့ ပစ္စည်းများ၊ တီဗ္ဒီနဲ့ရေခဲသေတ္တာတို့လို စတာတွေကို သုံးစွဲမယ်ဆိုရင် အထူးသတိကြီးစွာထားပြီးသုံးစွဲသင့်ပါတယ်။ မိုးက သာမန်အနေအထားရွာသွန်းနေတယ်ဆိုရင်တော့ ပြဿနာ မရှိပေမယ့် လျှပ်စီးခဏခဏလက်နေပြီး မိုးကြိုးပစ်မယ့်အနေအထားမျိုးတွေတွေ့နေရရင်တော့ လျှပ်စစ်စီးကြောင်း မှန်သမျှကို ခဏဖြတ်တောက်ထားပါ။ တကယ်လို့ မသုံးမဖြစ်သုံးရမယ့် အနေအထားမျိုးဆိုရင်တော့ laptop မှပါဝင်တဲ့ ဘက်ထရီနဲ့နှစ်နာရီခန့်သုံးစွဲပြီး အလုပ်လုပ်သင့်ပါတယ်။ ၉။ စိုတီးစိုစွတ်မနေပါနဲ့။ ရေခိုးရေငွေ့နဲ့စိုထိုင်းမှုဟာ Laptop နဲ့ရန်သူတွေပါ။ သင့်ဘာသာ မိုးရွာထဲဘောလုံး ထွက်ကန်လို့ရနိုင်ပါတယ်။ ဒါပေမယ့် laptop ကိုင်တော့မယ်ဆိုရင် လက်ကိုဖြစ်စေ၊ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ဖြစ်စေ ခြောက်သွေ့သန့်ရှင်းစေပြီးမှ သုံးစွဲသင့်ပါတယ်။ လက်ကလည်းစိုထိုင်း နေမယ်။ ရာသီဥတုကလည်းစိုတီးစိုစွတ်ဖြစ်နေမယ်ဆိုရင် laptop ထဲကိုရေခိုးရေငွေ့တွေဝင်ရောက်လာဖို့ အတွက် အလားအလာရှိပါပြီ။ ဒါဟာ laptop ရဲ့ Motherboard ကို အပျက်အစီးဖြစ်စေမယ့် လက္ခဏာဖြစ်ပြီး ဒီထက်ပိုဆိုးရင် LCD မျက်နှာပြင်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ ၁၀။ ဖုန်မှုန့်တွေကိုလျစ်လျုရှုခြင်း ဖုန်မှုန့်နဲ့သဲ၊ အညစ်အကြေးတွေမှန်သမျှဟာ Laptop ကိုကောင်းကျိုးလုံးဝမပေးပါဘူး။ ဒါကြောင့် ကြမ်းပြင်ပေါ်မှာ ပစ်ထားမယ့် သင့် laptop ကို စားပွဲပေါ်ကိုအရင်ဆုံးရွေ့ပြောင်းပါ။ ပြီးရင်ကြမ်းပြင်ကိုသန့်ရှင်းပါ။ အထူးသဖြင့် သဲနဲ့ဖုန်မှုန့်တွေဟာ Laptop အတွင်းထဲကနေ အပူငွေ့တွေကို အပြင်ကို လွှင့်ထုတ်ပေးနိုင်တဲ့ ပန်ကာပေါက်ကို ပိတ်ဆို့ပါလိမ့်မယ်။ အဲဒီနောက်မှာတော့ ပန်ကာအလုပ်မလုပ်ခဲ့အတွက် အပူချိန်လွန်ကဲခြင်းဖြစ်လာ ပါမယ်။ ဖြစ်သင့်တာကတော့ laptop ကိုစားပွဲပေါ်မှာ တင်ပြီးသုံးစွဲခြင်းဟာ အကောင်းဆုံးနဲ့အသင့်တောဆုံးပါပဲ။ ၁၁။ ကြမ်းပြင်ပေါ်မှာ ထားပြီးသုံးစွဲခြင်း လူတော်တော်များများလုပ်တတ်ကြတဲ့ပုံစံဟာ laptop ကိုကြမ်းပြင်ပေါ်မှာထားပြီး အိပ်လျက် အနေအထားနဲ့သုံးစွဲတတ်ခြင်းဖြစ်ပါတယ်။ အဲဒီအနေအထားမျိုးဟာ ကျန်းမာရေးအတွက်ရော၊ laptop အတွက်ပါ မကောင်းပါဘူး။ ကိုယ့်ရဲ့ laptop ဟာ screen သေးငယ်တဲ့အတွက် များများအာရုံစိုက်ရပါမယ်။ အဲဒီအခါ အချိန်ကြာမြင့်လာတာနဲ့အမျှ ဇက်ကြောတတ်တာနဲ့ မျက်လုံးကိုက်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒါအပြင်မှာ ကြမ်းပြင်ပေါ်မှာထားတဲ့အတွက် ဘယ်လောက်သန့်ရှင်းတဲ့ ကြမ်းပြင်မျိုးဖြစ်စေ အမှိုက်သရိုက်အသေးအမွှားတွေရှိပြီး မသန့်ရှင်းနိုင်တဲ့အတွက် laptop အတွက်လည်း ထိခိုက်စေနိုင်ပါတယ်။ ၁၂။ ဆန်းစစ်ဝေဖန်ဖို့အကျင့်မရှိခြင်း သုံးစွဲသူ တော်တော်များများဟာ ရောင်းချသူပြသပေးနေတဲ့ စာရွက်ပေါ်က ပစ္စည်းစာရင်းကို ကြည့်ရှုပြီး ပစ္စည်းတွေကို ၀ယ်ယူလာကြတာ များပါတယ်။ သုံးစွဲသူရဲ့ တစ်ရာခိုင်းနှုန်းလောက်ကသာ ပစ္စည်းရဲ့ System information ကိုကြည့်ရှုပြီး ၀ယ်ယူလေ့ရှိပါတယ်။ ဒါ့အပြင်မှာ ကိုယ့်ရဲ့ laptop ကိုဘယ်နေရာမှာ၊ ဘယ်လို အချိန်မျိုးမှာ သုံးစွဲရမလဲ။ ဘယ်လိုပစ္စည်းတွေကို ထိန်းသိမ်းရမလဲ စတဲ့ ဆောင်ရန် ရှောင်ရန် အချက်အလက်တွေကို ဂရုစိုက်ရပါမယ်။ များသောအားဖြင့် အီထက်ထရွန်နစ်ပစ္စည်း ၀ယ်ယူသူတွေရဲ့ ၂၀ရာခိုင်နှုန်းလောက်သာ ပစ္စည်းရဲ့ Manual book ကိုဖတ်ရူတတ်ပါတယ်။ တကယ်လို့ ပတ်သက်သမျှ အားလုံးကို ချင့်ချိန် စဉ်းစားမယ်ဆိုရင် laptop တစ်လုံးကို ၁၀နှစ် သက်တမ်းအထိ သုံးစွဲနိုင်မှာပါ။ ၁၃။ မျက်နှာပြင်ကို ဂရုစိုက်ခြင်း အဲဒီမှာရှိတဲ့ အကျင့်ကတော့ မျက်နှာပြင် ညစ်ထည်းသွားပြီးဆိုရင် ကိုယ်မှာရှိတဲ့ခုံသတ်ဝတ်နဲ့ ယောင်ယမ်းပြီးပွတ်လိုက်မိတာပါပဲ။ အ၀တ်ဖြူသန့်သန့်ကလေးထားပြီး တို့ထိရုံကလေးသာ တို့ထိပေးပါ။ LCD မျက်နှာဟာ pixel တွေနဲ့ဖွဲ့စည်းထားတဲ့အတွက် “pixel dead” ခေါ်တဲ့ screen တစ်ခုံးလုံး သုံးမရတာမျိုး ဖြစ်လာနိုင်ပါတယ်။ နောက်တစ်ကြောင်းက ကိုယ့်မှာရှိတဲ့ အလုက်စာရွက်တွေကို keyboard ပေါ်မှာ ထားပြီး၊ ညှပ်ပြီး laptop ပိတ်လိုက်မိပါတယ်။ နောက်နေ့မှာ အလုပ်ဆက်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့။ ဒါပေမယ့် စာရွက်စက္ကူ ပေါ်မှာ ရှိနေတဲ့ အညစ်အကြေးနဲ့ဖုန်မှုန်တွေဟာမျက်နှာပြင်ပေါ်ကို စွန်းထင်းသွားနိုင်ပါတယ်။ LCD ကိုတော့ အလွန်သန့်ရှင်းတဲ့စက္ကူမျိုးနဲ့သာ ထိတွေ့ပေးရပါလိမ့်မယ်။ Notebooks ပြဿနာ - ဘက်ထရီက ကြာကြာမခံဘူး။ (Windows ရဲ့ Power options ကိုသေသေချာချာ setting လုပ်ထားရင် ဘက်ထရီကို အတိုင်းအတာတစ်ခုအထိကြာကြာအသုံးပြုနိုင်စေပါတယ်။) အသေးစား - Windows ရဲ့ Power Setting ကိုဝင်ကြည့်ပါ။ ကွန်ပြူတာကို ဘာမှအသုံးမပြုတဲ့အချိန်မှာ ဘက်ထရီတွေအလကားမကုန်အောင် setting တွေကို ချိန်လို့ရပါတယ်။ Laptop ရဲ့ setup ပရိုဂရမ်ထဲမှာ လည်း power saving ကိုဖွင့်ပေးထားရဲ့လားစစ်ဆေးကြည့်ပါ။ ဘက်ထရီနဲ့သုံးနေတဲ့အချိန်မှာ ဗီဒီယိုဖိုင်တွေ compress လုပ်သလိုမျိုး hard disk ကိုမနားတမ်းသုံးရတဲ့ application မျိုးသုံးနေခဲ့ရင် ဘက်ထရီ အကုန်မြန်ပါတယ်။ နောက်ဆုံးအနေနဲ့အကြံပေးချင်တာကတော့ screen brightness ကိုနည်းနည်းလျှော့သုံးရင်လည်းပိုကြာကြာ အသုံးခံတတ်ပါတယ်။ အလတ်စား - Rechargeable ဘက်ထရီ တော်တော်များများကတော့ ပျက်လေ့ပျက်ထရှိကြတာပါပဲ။ Lithium ion ဘက်ထရီမျိုးဆိုရင် တစ်နှစ်ခွဲလောက်ကြာလာတာနဲ့စွမ်းအားသိပ်မကောင်းတော့ပါဘူး။ Nickel cadmium၊ Nickel metal hybridge ဘက်ထရီမျိုးဆိုရင်တော့ ပိုကြာကြာခံနိုင်ပေမယ့် “memory effect” ပြဿနာရှိုလို့ သိပ်မသုံးကြပါဘူး။ Nickel based ဘက်ထရီတွေက အားကုန်တောင် သုံးပစ်ပြီးမှ charging သွင်းတာပိုကောင်းပါတယ်။ အားမကုန်ခင်ပြန်သွင်းလိုက်ရင် volt level လောက်ရောက်သွားတာ နဲ့ ဆက်သုံးလို့မရတော့တာမျိုး ဖြစ်တတ်ပါတယ်။ အဲဒါကို memory effect လို့ခေါ်တာပါ။ Lithium ဘက်ထရီအဟောင်းတွေအတွက်ကတော့ အသစ်လဲလိုက်တာက အကောင်းဆုံးဖြေရှင်းနည်းပါ။ အပြင်းစား - စက်အသစ်ကြီးမှာ ဖြစ်နေတာလား။ ဒါဆိုရင်တော့စက်ရဲ့ specification ကိုပြန်စစ်ကြည့်ပါဦး။ P4CPU တို့၊ 7200-rpm hard disk အမျိုးအစားတို့ဟာ ပါဝါတော်တော်စားပါတယ်။ အဲဒီလိုမျိုးကို desktop အစားသုံးဖို့ ထုတ်ထားတဲ့ laptop မျိုးမှာ တွေ့ရတတ်ပါတယ်။ ဒီလိုသာဆိုရင်တော့ ဘက်ထရီက တစ်နာရီလောက်နဲ့တင်ကုန်သွားမှာပါပဲ။ အပိုဆောင်းဘက်ထရီတပ်လို့ရရင်တော့ Laptop or notebook တစ်လုံးဝယ်လျှင် အောက်ပါအချက်များအတိုင်း သတိပြု စစ်ဆေးရပါမည်။ * Laptop or notebook ကွန်ပြူတာ * ၄င်းအတွက် AC adapter ကြိုး * ကွန်ပြူတာထဲတွင် Battery ရှိ၊ မရှိ * အပို battery ပါ၊မပါ (အများအားဖြင့် သီးခြား ၀ယ်ရပါမည်။) * Battery အားသွင်းစက်နှင့်ကြိုးများ (အများအားဖြင့် ကွန်ပြူတာသို့ တိုက်ရိုက်ဆက်သွယ် ကာအားသွင်းကြပါသည်။) * Window စနစ် မူရင်း CD နှင့် အခြားအပိုပေးသော software CD များ * VGA, Sound, CD drive စသည်တို့ အတွက် driver cd များ * OEM or backup cd (၎င်းတွင် Window စနစ်နှင့် Driver software များကို ပေါင်း၍ထည့်ထားတတ်ပါသည်။) * အသုံးပြု လမ်းညွှန်းစာအုပ် (သို့) စာရွက်များ * အာမခံကတ်ပြား (သို့) ပြေစာ ။ အထူးသဖြင့် CD Drive သည် CD (or) DVD ဖတ်စက် * CD-RW စီဒီကူးနိုင် * DVD/CD-RW ဖတ်စက် + စီဒီကူးနိုင် * DVD-RW ဖတ်စက် + ဒီဗီဒီကူးနိုင် စသည် အချက်များကို မိမိဝယ်လိုသည့်အတိုင်း မှန်၊ မမှန် စစ်ဆေးရပါမည်။ ထို့အတူ ၎င်း CD drive အတွက် software သီးခြားပါမပါကိုလည်းကြည့်ပါ။ မှတ်ရန်မှာ Laptop, notebook အဟောင်းကို ၀ယ်လျှင် အထက်ပါအတိုင်းစုံလင်စွာရ နိုင်မည်မဟုတ်ပါ။ သို့သော်အတတ်နိုင်ဆုံးရအောင်တောင်းကြည့်ပါ။ Laptop ဟုခေါ်ကြခြင်းမှာ ပေါင်ပေါ်တင်၍ သုံးနိုင်သော အရွယ်အစားကြောင့်ဖြစ်ပြီး notebook သည် စာအုပ်တစ်အုပ် အရွယ်အစားကြောင့်ဖြစ်ပါသည်။ သို့သော် အခေါ် အဝေါ်များထက် မျက်မြင် အရွယ်အစားကို စစ်ဆေးဝယ်ယူနိုင်ပါသည်။ Laptop or notebook တစ်လုံးသည် တစ်ဦးချင်းသုံး ကွန်ပြူတာ (desktop) တစ်လုံးထက် များစွာဈေးကြီးပါသည်။ Desktop ထက်စာလျှင် အပျက်လည်းပိုမြန်ပါသည်။ ပြင်ရန်ခက်ခဲ၍ ပစ္စည်းများ အစားထိုးရန်လည်း ပို၍ခက်ခဲပါသည်။ သို့ဖြစ်၍ ၎င်းတို့ကို စည်းကမ်းတကျ အသုံးပြု ကိုင်တွယ်ရန်လိုအပ်ပါသည်။ Laptop or notebook များ၏ ပထမဆုံးပျက်စီးခြင်းတွင် အဖုံးအဖွင့်၊ အပိတ် (သို့) display screen ပါဝင်သည်။ ၎င်းတို့ကို ပတ္တာသဖွယ် ဆက်ထားသောကြောင့် အကြိမ်ပေါင်းများစွာ အဖွင့်၊ အပိတ် ပြုလုပ်ခြင်းအားဖြင့် ပတ္တာအဆက်များ ကြိုးအက်လာခြင်း အတွင်းမှ ဆက်သွယ်ကြိုးများ ပြတ်တောက်ခြင်းဖြစ်ပေါ်လာပါသည်။ အဖုံးအဖွင့်၊ အပိတ်ကို ဖြေးညင်းစွာ ဖွင့်ခြင်း၊ ပိတ်ခြင်းပြုလုပ်ရပါမည်။ တုန်ခါနေသောမျက်နှာပြင် (ဥပမာအားဖြင့် ကား၊ရထား) ပေါ်တွင်ဖွင့်ထားခြင်းဖြင့် ၎င်းအဖုံးသည် တုန်ခါနေသော ကြိုးပဲ့မှု ကိုမြန်ဆန်စေပါလိမ့်မည်။ မြင်ကွင်း မြင်ကွင်းကို Display panel, monitor, screen စသည် အမျိုးမျိုးခေါ်ကြသော်လည်း LCD ဟုပြောလျှင် လုံလောက်ပါသည်။ ၎င်း LCD ကိုမသုံးဘဲ သီးခြား monitor ဖြင့်ချိတ်ဆက် သုံးနိုင်ပါသည်။ Microphone ၎င်းကို frame ဘောင် အတွင်းမြုပ်ထားတတ်ပြီး အသံသွင်းနိုင်ပါသည်။ Laptop ရှေ့တွင် စကားပြောခြင်းဖြင့် ကွန်ပြူတာသို့ သက်ဆိုင်ရာ Software မှတဆင့် ဖမ်းယူသိမ်းထား နိုင်ပါသည်။ သို့မဟုတ် Internet မှတဆင့် အခြား တစ်နေရာသို့ ရောက်စေပါသည်။ Keyboard Key ခလုတ်အစုံပါဝင်ပြီး အချို့သည် PC ကွန်ပြူတာကဲ့သို့ရိုက်နိုင်ပါသည်။ သီးခြား keypad မပါသော်လည်း ၎င်းလုပ်ဆောင်ချက်များပါဝင်ပါသည်။ Key ခလုတ်များနေရာ ပိုစိတ်ထား၍ အလေ့အကျင့် မရှိသေးပါက ပုံမှန် keyboard တစ်ခုဖြင့် ချိတ်ဆက် သုံးနိုင်ပါသည်။ Speaker ၎င်းတို့သည် သံစုံ Studio speaker အမျိုးအစားများဖြစ်ကြပြီး Laptop ၏ Frame ထဲတွင်နှစ်မြုပ်ပြီး တည်ဆောက်ထားပါသည်။ အသံအနေအထား (သို့) စွမ်းရည်ကိုအားမရပါက သီးခြား speaker ဖြင့်ချိတ်ဆက် သုံးနိုင်ပါသည်။ Microphone Jack သီးခြား Microphone ဖြင့်တပ်ဆင် သုံးနိုင်ပါသည်။ Earphone Jack Earphone ဖြင့် နားထောင်နိုင်ရန်ဖြစ်၍ သီးခြား speakerများ (သို့) အသံချဲ့စက်များသို့ လည်း ချိတ်ဆက်နိုင်ပါသည်။ လမ်းညွှန်မီးများ Laptop သုံးနေစဉ် လုပ်ငန်းစဉ်များကို ကိုယ်စားပြု အလင်းရောင်ထွက်ပေးသည့် မီးလုံး (သို့) မီးရောင်များဖြစ်သည်။ ပြင်ပ ပါဝါကို သုံးနေသည်၊ ဘက်ထရီကို သုံးနေသည်၊ hard disk လည်နေသည်၊ CD drive အလုပ်လုပ်နေသည် စသည်တို့ကို မြင်နိုင်၊ သိနိုင်သည်။ ထို့အတူ keyboard တွင်လည်း Caps Lock သုံးနေသည်၊ Bluetooth ကိုသုံးနေသည် စသည်တို့ကိုလည်း မြင်နိုင်ပါသည်။ ကြိုးမဲ့ကွန်ရက် (Wireless LAN) ၎င်း ခလုတ်သည် Wireless Local Area Network လုပ်ဆောင်မှုကို ဖွင့်နိုင်၊ ပိတ်နိုင်ပါ သည်။ Touchpad pointing device (မောက်စ် ကိုယ်စားပြုလက်ပွတ်ပြား) ချောမွေ့ညီညာသော မျက်နှာပြင်ပေါ်သို့ လက်ညှိုးဖြင့် ပွတ်ခြင်းဖြင့် mouse လုပ်ဆောင် တာများကို ပြုလုပ်နိုင်ပါသည်။ အချို့တွင် (trackball) ခေါ် ဘောလုံးကဲ့သို့ အလုံးကို လက်ဖြင့် လှိမ့်ရပြီး အချို့တွင် (ergo Trac pointing device) ခေါ် ငုတ်တိုင်လေးကို လက်ဖြင့်ရွေ့လျားစေရ ပါသည်။ ပါဝါခလုတ်များ (Suspend/ Resume/ Power on Button) Laptop ကိုလုံးဝ ပိတ်လိုက်ခြင်း မဟုတ်ဘဲ ခေတ္တရပ်ထားနိုင်ပါသည်။ သို့မဟုတ် လုံးဝ ပိတ်လိုက်နိုင်ပါသည်။ မှတ်ဥာဏ်ကတ် ဖတ်စက် (memory card reader) ယခု ခေတ်စားနေသော Camera မှကတ်များ၊ MP3 player, mobile phone, PDA and flash drive စသည့်တို့မှ ကတ်များကို ထည့်နိုင်ပါသည်။ အချက်အလက်များကို ကူးယူနိုင်ပါ သည်။ ထို့အတူ USB, PCMCIA ပေါက်များနှင့်အခြားသီးခြားချိတ်ဆက်ပေါက်မျိုးစုံပါဝင်ရာ အဆိုပါ ports အပေါက်များကို လည်းလေ့လာထားသင့်ပါသည်။ အားလုံးအဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ။ ပိုးကောင်လေး နောက်ထပ်ရှာလို့ရရင်လည်းတင်ပေးပါမယ်ခင်ဗျာ့။ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။
Posted on: Sat, 15 Jun 2013 04:27:57 +0000

Trending Topics



Recently Viewed Topics




© 2015