Cherries နီနီရဲရဲ - TopicsExpress



          

Cherries နီနီရဲရဲ ချယ်ရီသီးလေး တွေက အမြင်လှ ရုံတင်မက သဘာဝက ပေးထားတဲ့ ကျန်းမာရေး အထောက် အကူပြု ဓာတ်များ စွာ ပါဝင်ပြီး အထူးသဖြင့် ဂေါက်ရောဂါ (gout) သမားတွေ စားသုံး သင့်ပါတယ်။ ချယ်ရီသီးဟာ ကျန်းမာစေတဲ့ စွမ်းအား၊ ဓာတ်တွေ အများအပြား ပါဝင်တဲ့ အသီးပါ။ ခံတွင်းဖွင့် အနေနဲ့ စားရင် ကယ်လိုရီ လျှော့ချ စားသောက်ဖို့ အတွက် ကောင်းမွန် လှတဲ့ အာဟာရပါ။ ဒီအသီး တွေမှာ ရောင်ရမ်းခြင်းနဲ့ ကင်ဆာတို့ကို ကူညီ တိုက်ဖျက် နိုင်မယ့် ဓာတ်တွေ လည်း ပါပါတယ်။ ဒီလောက်တင် မကသေး ပါဘူး။ ဓါတ်ခွဲ စမ်းသပ်ချက် တွေအရ ချယ်ရီသီး မှာပါတဲ့ quercetin နဲ့ ellagic acid တို့နှစ်မျိုးဟာ ပုံမှန်ဆဲလ် တွေကို မထိခိုက် စေဘဲ ကင်ဆာ ဆဲလ်တွေ သက်သက်ကိုပဲ သေစေခြင်း အားဖြင့် အကျိတ်တွေ ကြီးထွားမှုကို လျော့ကျ စေပါတယ်။ ချယ်ရီသီး တွေမှာ ဗိုင်းရပ်စ်ပိုးနဲ့ ဘက်တီး ရီးယား ပိုးတွေကို တိုက်ဖျက် နိုင်တဲ့ အစွမ်းလည်း ရှိပါ သေးတယ်။ ချယ်ရီသီး မှာပါတဲ့ နောက်ထပ် ဓာတ်တစ်မျိုး ဖြစ်တဲ့ Anthocyanin ဟာသွေးထဲက Uric Acid ပမာဏကို လျှော့ချပေး နိုင်လို့ ဂေါက်အဆစ်ယောင် ရောဂါ (Gout) ဖြစ်ပွားမှု လျော့စေတယ်လို့ လက်ခံထား ကြပါတယ်။ သုတေသန ပညာရှင် တွေကဒီ Anthocyanin ဓာတ်ဟာ အူမကြီး ကင်ဆာ ဖြစ်နိုင်ခြေ ကိုတောင် လျော့ကျ စေနိုင်တယ်လို့ ယုံကြည် ကြပါတယ်။ ဒါ့အပြင် ဒီဓာတ်ပေါင်းဟာ Ibuprofen (အကိုက်အခဲ၊ ယောင်ရမ်းမှု လျော့ကျဆေး တစ်မျိုး) လိုအာနိသင် ရှိတာကြောင့် ယောင်ယမ်းခြင်းနဲ့ နာကျင်မှုကို သက်သာ စေနိုင် ပါတယ်။ ပုံမှန် စားသုံး ခြင်းဖြင့် နှလုံး သွေးကြော ပိတ်ခြင်းနဲ့ လေဖြတ်ခြင်း တို့ကို ကျဆင်း စေမှာပါ။ တရုတ်ရိုးရာ ဆေးပညာ မှာတော့ ချယ်ရီသီးကို ဂေါက်ရောဂါ၊ အခြား အဆစ်ယောင် ရောဂါတွေနဲ့ လေးဖက်နာ ရောဂါတွေ ကုသရာ မှာလည်း တွင်တွင် ကျယ်ကျယ် သုံးလာ ကြတာပါ။ သံဓာတ်များများ ပါလို့ သွေးအားနည်းခြင်း ကိုလည်း ကုကြပါ သေးတယ်။ အဲပိုကောင်းတဲ့ အချက် ကတော့ သူတို့က ဆေးအနေ နဲ့ဆို အရသာလည်း ရှိသကိုး။ ဘယ်လောက် စားသုံးသင့် သလဲဆိုတော့ ဒေသအလိုက် ရာသီချိန်မှာ နေ့စဉ် လတ်လတ် ဆတ်ဆတ် စားပါ။ နောက်ပြီး ချယ်ရီသီး တစ်အိတ် လောက်ကို ရေခဲရိုက်ပြီး သင့်ရေခဲသေတ္တာ အခဲခန်းထဲ ထားကာ တစ်နှစ်ပတ်လုံး စားနိုင် ပါတယ်။ အခဲခံ ထားတဲ့ ချယ်ရီသီး တွေမှာ အာဟာရ တန်ဖိုး ရာနှုန်းပြည့် ပါဝင် တဲ့အပြင် သစ်သီး ဖျော်ရည်၊ ဒိန်ချဉ်နဲ့ ယာဂုတွေနဲ့ တွဲဖက်စားဖို့ အလွန် လိုက်ဖက် လှပါတယ်။ From: MMYC Myanmar Youth Center
Posted on: Thu, 11 Jul 2013 23:07:41 +0000

Trending Topics



Recently Viewed Topics




© 2015