Chief Architect Software က ထုတ်တဲ့ Room Planner - TopicsExpress



          

Chief Architect Software က ထုတ်တဲ့ Room Planner ဆိုတဲ့ mobile application လေးပါ။ itunes ကနေ free download လုပ်လို့ ရပါတယ်။ Version က 1.4 ပါ။ file size က 94.9 MB ရှိတာမို့  iTunes က Cellular network နှင့် မပေးပဲ WiFi နှင့် download လုပ်ခိုင်းပါတယ်။ ကျွန်တော်ကတော့ ဟမ်းဖုန်းတစ်လုံးကနေ WiFi လွင့်ပြီး download လုပ်လိုက်ပါတယ်။ program က အလကားရပေမယ့် sample plans ဆိုတာတွေကိုတော့ purchase လုပ်ရပါတယ်။ သိပ်မများပါဘူး။ ၀.၉၉ ဒေါ်လာထဲပါ။ နံရံတွေတပ်ပြီး အခန်းဖွဲ့ ရပါတယ်။ နံရံတွေမှာ တံခါး၊ ပြူတင်းတွေ တပ်လို့ ရပါတယ်။ အခန်းထဲမှာ သက်ဆိုင်ရာ ပရိဘောဂ အစိပ်အပိုင်းတွေ ထည့်လို့ ရပါတယ်။ 2D ကနေ 3D bird-eye view ကြည့်လို့ ရပါတယ်။ Material-Painter မှာ Brick-Stone-Tile, Colors, Carpet-Rugs, Wood-Metal, Textile-Patterns ဆိုပြီး ရွေးချယ်တပ်ဆင်လို့  ရပါတယ်။ သွားရင်းလာရင်း ရောက်တဲ့ နေရာမှာ ကိုယ့်စိတ်ကူးထဲက လူနေအိမ် အခန်းဖွဲ့ လေးတွေကို ပုံဖော်ကြည့်လို့ ရတာမို့  building designers တွေ ဆောင်ထားသင့်တဲ့ application လေးပါ။
Posted on: Tue, 10 Sep 2013 12:02:30 +0000

Trending Topics



Recently Viewed Topics




© 2015