Computer Hacking - High-Tech - TopicsExpress



          

Computer Hacking - High-Tech Crime ----------------------------------------------------------------- ဒီနေ့ခေတ်မှာ ကျွန်တော်တို့ဟာ အိုးမကွာအိမ်မကွာ ဘဏ်ကို ဓားပြတိုက်လို့ ရတယ်ဗျ။ ဒီတော့ ဘယ်သူက ခေါင်းစွပ်အမည်းကြီးတွေ၊ သေနတ်တွေနဲ့ ထွက်ပြေးဖို့ကားတွေ လိုဦးမှာလဲဗျာ။ တကယ်လို့ ခင်ဗျားဟာ ကွန်ပြူတာကျွမ်းကျင်သူတယောက်ဆိုရင်တော့ ခင်းဗျားရဲ့ ပထမဆုံး ငွေတသန်းကို ဘာလက်နက်မှမလိုဘဲ ကွန်ပြူတာတလုံး၊ ဖုန်းတလုံးနှင့် မိုဒန်းတလုံးနဲ့ ချိတ်ဆက်ယူလို့ ရတယ်ဗျ။ ခင်ဗျား လုပ်ရမှာကတော့ ခင်ဗျားtargeနဲ့ ချိတ်ဆက်ထားတဲ့ ကွန်ယက်ထဲ ဝင်ရောက်သွားပြီး၊ passwordနည်းနည်းပါးပါးပြောင်းရိုက်ပြီး၊ နောက် systemထဲ ရောက်သွားပြီဆိုရင်တော့ ခင်ဗျား စိတ်ကြိုက် မွှေလို့ရပြီပေါ့။ ကံကောင်းစွာပဲ အဲလို့လုပ်ရတာကတော့ ခုကျွန်တော်ပြောသလောက် မလွယ်တာအမှန်ပဲ။ ဒါပေမဲ့ သတင်းအချက်အလက်တော်တော်များများ၊ ကျွန်တော်တို့ ဘဏ်အကောင့်တွေရော၊ စူပါမားကတ်က စတိုခန်းထဲက လက်ကျန် ပဲဘူးအရေအတွက်တွေကအစ ကွန်ပြူတာပေါ်မှာပဲ သိမ်းဆည်း လုပ်ဆောင်လာတာနဲ့အမျှ ကွန်ပြူတာ ရာဇဝတ်မှုတွေဟာ တိုးပွားနေတော့တာပဲ။ ဗြိတိသျှဘဏ်ငါးခုဟာ သူတို့ကွန်ပြူတာတွေထဲသို့ ဟက်ကာဂိုဏ်းတစ်ဂိုဏ်းရဲ့ ထိုးဖောက်ဝင်ရောက်ခံရပြီး ငွေညစ်ခံခဲ့ရတယ်လို့ သတင်းစာမှာ ဖော်ပြခဲ့တယ်။ ဟက်ကာတွေက သူတို့ဘယ်လိုဝင်ရောက်ခဲ့တယ်ဆိုတာကို သိချင်ရင် ငွေပေးရမယ်လို့ တောင်းဆိုခဲ့တယ်။ ဒီလိုဖြစ်ရပ်မျိုးဖြစ်လာရင် ဘဏ်တွေကတော့ ငွေပေးလိုက်ခြင်းဖြင့် သူတို့ရဲ့ အနာဂတ်ကို ကာကွယ်ရာရောက်တယ်ဆိုပြီး စဉ်းစားလေ့ရှိတယ်။ ကီးဘုတ်ရာဇဝတ်ကောင်တွေ ခိုးယူတာ ငွေပမာဏဘယ်လောက်များများရှိပြီလဲ ဘယ်သူမှ တိတိကျကျ မသိကြဘူးဗျ။ပြီးတော့ ဒီလိုအဖြစ်မျိုးဖြစ်ပြီဆိုရင် ဘဏ်တွေနဲ့ ကုမ္ပဏီတွေက လျှို့ဝှက်ဖို့ ကြိုးစားကြတယ်ဗျ။ ဘာကြောင့်လဲဆိုတော့ ဘဏ်ကို ယုံကြည်စွာ အပ်နှံထားတဲ့ သူတို့ဖောက်သည်တွေကို သူတို့ရဲ့ ဘဏ်အကောင့်တွေဟာ ကွန်ပြူတာရှိတဲ့ မည်သူမဆို ဝင်ရောက်လို့ရတာတယ်ဆိုပြီး မထင်စေချင်ဘူးပေါ့ဗျာ။ ကျွမ်းကျင်သူတချို့ကတော့ ကွန်ပြူတာ ရာဇဝတ်မှုအားလုံးရဲ့ ဆယ်ပုံတစ်ပုံလောက်ကပဲ သက်ဆိုင်ရာကို တိုင်ကြားကြတယ်လို့ ယုံကြည်တယ်။ Hogg Robbinson အာမခံကုမ္ပဏီက ခန့်မှန်းတာကတော့ ကွန်ပြူတာနဲ့ လိမ်လည်မှုကြောင့် ဗြိတိသျှကုမ္ပဏီတွေကို တနှစ်ကို ပေါင်သန်းလေးရာ ကုန်ကျစေတယ်။ ကွန်ပြူတာရာဇဝတ်တော်တော်များများဟာ အတွင်းလူပါတယ်။ ကုမ္ပဏီရဲ့ ကွန်ပြူတာမှတ်တမ်းကို ဝင်ရောက်ခွင့်ရှိတဲ့ ဝန်ထမ်းရဲ့ အကူအညီပါလေ့ရှိတယ်။ အတွင်းလူပါတဲ့ ရာဇဝတ်မှုနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ ရာဇဝတ်မှုမှတ်တမ်းရှိပြီး သတင်းစားခေါင်းကြီးပိုင်းကို နေရာယူ၊ ဆိုးသွမ်းတဲ့ ဟက်ကာတွေ လုပ်တဲ့ ရာဇဝတ်မှုက နည်းပါတယ်။ တကယ့်ဟက်ကာတစ်ယောက်ဟာ ရာဇဝတ်မှုကျူးလွန်ရင် ငွေကြေးရယူလိုမှုအတွက် လုပ်တာမဟုတ်ဘူးလို့ ထင်ရတာပဲ။ သူတို့အတွက် systemကို အနိုင်ယူရခြင်းက ပိုက်ဆံချမ်းသာတာထက် ပိုပြီးစိတ်လှုပ်ရှားစရာ ဖြစ်မယ်။ ဗြိတိသျှရဲ့ နာမည်ကျော်ကြားသော ဟက်ကာနှစ်ယောက်ကတော့ Nicholas Whiteley (Mad Hacker)နှင့် Edward Singhတို့ပဲဗျ။ လုံခြုံရေးညံ့တဲ့ ကွန်ပြူတာစနစ်ရှိတဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေအတွက်ကတော့ သူတို့ဝရမ်းပြေးနှစ်ယောက်ဟာ အန္တရာယ်ကောင်တွေပါပဲ။ သူတို့ဟာ ဗြိတိန်ရဲ့ အကောင်းဆုံးဟက်ကာဆိုတဲ့ နာမည်အတွက် ယှဉ်ပြိုင်နေသလားတောင် ထင်ရတယ်။ Whiteleyရဲ့ ဟက်ကင်းနေ့ရက်များဟာ သူ ရုတ်တရက် အဖမ်းခံရတဲ့ ဇွန်လမှာ ရပ်တန့်သွားပါတယ်။ အဲ့တုန်းက အသက်၂၁ပဲရှိသေးတဲ့ သူဟာ ကွန်ပြူတာCDတွေကို ဖျက်ဆီးမှုနဲ့ ထောင်လေးလကျခဲ့ရတယ်။ Edward Singhကတော့ ဗြိတိန်နှင့် အမေရိကန် အစိုးရပိုင်ကွန်ပြူတာတွေနှင့် စစ်ဘက်ဆိုင်ရာ ကွန်ပြူတာတွေကို သူက တိုက်ခိုက်ဝင်ရောက်(hack)ခဲ့တယ်လို့ ပြောပြီးနောက်မှာ လူထုရဲ့ စိတ်ဝင်စားမှုကို ရခဲ့ပါတယ်။ ခိုးယူဖို့ဆိုတာ ကျွန်တော်တို့ စိတ်ထဲမှာ ဘယ်တော့မှမရှိဘူးလို့ Singhက ပြောခဲ့တယ်။ ကျွန်တော်ကိုယ်ကျွန်တော် ကျွမ်းကျင်မှုမြင့်မားတဲ့ ဆော့လ်ဝဲအင်ဂျင်နီယာတစ်ယောက်လို့ပဲ မြင်တယ်လို့ သူကပြောပါတယ်။ သူ့ရည်ရွယ်ချက်ကတော့ သူတို့ရဲ့စနစ်တွေဟာ လုံခြုံမှုမရှိဘူးဆိုတာ သက်သေပြချင်ရုံသက်သက်နဲ့ လုပ်တယ်လို့ ဆိုပါတယ်။ တခြားအရာအားလုံးလိုပဲ USမှာဆိုရင် ဟက်ကာတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဟက်ကာဖြစ်ကြတယ်။ ဒီထရိုတ်မြို့မှာရှိတဲ့ ၁၂နှစ်အရွယ်ကလေးတစ်ယောက်ဟာ ခရက်တစ်သတ်မှတ်ပေးတဲ့ ကွန်ပြူတာထဲကို ဝင်ရောက်ပေးပြီး သူတွေတဲ့ နံပါတ်တွေကို ပြန်လည်ဖြန့်ဝေပေးတဲ့အတွက် တရားဆွဲဆိုခံရပါတယ်။ သူ့အမေက သတင်းထောက်ကို ပြောတာကတော့ သူ့သားဟာ ကျောင်းပိတ်ရက်မှာဆိုရင် တနေ့ကို ၁၄နာရီလောက် ကွန်ပြူတာသုံးတယ်လို့ ဆိုပါတယ်။ အဲ့ဒါက သူမကို အနှောက်အယှက် မဖြစ်ပါဘူးလို့ဆိုတယ်၊ ပြီးတော့ ကွန်ပြူတာဆိုတာ ဒီခေတ်ရဲ့ မရှိမဖြစ်ပဲလေ လို့ ကလေးအမေက သတင်းထောက်ကို ပြောတယ်။ နယူးယောက်က ဆယ်ကျော်သက်နှစ်ယောက် ၁၂နှစ်သားနှင့် ၁၇နှစ်သားတို့ဟာ ကွန်ပြူတာမဂ္ဂဇင်းထုတ်ဝေတဲ့ ကုမ္ပဏီရဲ့ ကွန်ပြူတာထဲကို ဝင်ရောက်မှုအတွက် တရားရင်ဆိုင်ခဲ့ ရပါတယ်။ သူတို့ဟာ ယဉ်ကျေးတဲ့ နှုတ်ဆက်စာတွေအစား ရိုင်းစိုင်းတဲ့စာသားတွေ ပြောင်းပစ်ခဲ့ပြီး၊ ဗုန်းပေါက်ကွဲနိုင်ကြောင်း ခြိမ်းခြောက်စာတွေ ထည့်၊ ကြေငြာရှင်တွေရဲ့ အမှာစာတွေကို ဖျက်ခဲ့တယ်လို့ တရားဆွဲဆိုခံရပါတယ်။ ဆိုက်ကို ဝင်ရောက်တဲ့ အသုံးပြုသူတွေကိုတော့ Daffy Duckက မရနိုင်သေးပါဘူး ဆိုတဲ့ စာသားပဲပြခဲ့ပါတယ်။ ကုမ္ပဏီကတော့ သူတို့ရဲ့ လက်ဆော့မှုကြောင့် ဒေါ်လာ ၂.၄သန်း နစ်နာခဲ့တယ်လို့ ဆိုပါတယ်။ ကာကွယ်ခြင်းက စုံစမ်းထောက်လှမ်းခြင်းထက် ပိုကောင်းပါတယ်၊ ဒါကြောင့် ကုမ္ပဏီတော်တော်များများဟာ ယခုဆို အချိန်ကုန် ငွေကြေးကုန်ကျခံကာ passwordတွေ၊codeတွေသုံးတဲ့ programတွေကို တီထွင်အသုံးပြုလာကြပါပြီ။ ဒါပေမဲ့ အသုံးပြုသူတွေက သူတို့ရဲ့ လျှို့ဝှက်နံပါတ်တွေကို တစ်ယောက်ကိုတစ်ယောက်ပြောတာ၊ မမေ့အောင်လို့ ကွန်ပြူတာမျက်နှာပြင်မှာ ကပ်ထားတာတို့၊ လျှို့ဝှက်နံပါတ်က passwordဆိုတာမျိုးကိုပဲ ပြန်သုံးမယ်ဆိုရင် ဒါမျိုးတွေကတော့ ဖြစ်မှာပါဘဲ။ ခုဆိုရင် ဟက်ကာတွေရန်က ကာကွယ်နိုင်တဲ့ ဆော့လ်ဝဲတွေ ထုတ်တဲ့ ကုမ္ပဏီတွေ အများကြီးရှိလာပါပြီ။ USက ကုမ္ပဏီတစ်ခုက သူ့စနစ်ဟာ ဟက်ကာတွေကို နှိမ်နင်းနိုင်ကြောင်း သက်သေပြဖို့အတွက် ဟက်ကာအယောက်၂ထောင်ကျော်ကို ဟက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဟက်ကာတွေကို နယူးယောက်နှင့် ဆန်ဖရန်စ္စကိုမှာရှိတဲ့ ရုံးနှစ်ရုံးက ကွန်ပြူတာနှစ်လုံးထဲမှာ ရှိတဲ့ လျှိုဝှက်သတင်းစကားကို ရဖို့ နှစ်ပတ် အချိန်ပေးခဲ့ပါတယ်။ သတင်းစကားကတော့ “မဆုတ်မနစ် ကြိုးစားလို့ အောင်နိုင်တဲ့ မုဆိုးဟာ မကြာခင်မှာပဲ သားကောင်ပြန်ဖြစ်မယ်” လို့ ဖြစ်တယ်။ ခင်ဗျား စိတ်သက်သာရချင်ရမယ်၊ ဒါမှမဟုတ် စိတ်ပျက်ချင်ပျက်မယ်……ဘယ်ဟက်ကာကမှ အဲ့ဟာကို ရအောင် မယူနိုင်ဘူးဆိုတာ သိရတော့။ (B-Tech 2nd Text Bookထဲက တွေ့လို့ မန်ဘာများ အပျင်းပြေ ဖတ်ရအောင် ဘာသာပြန်ပေးလိုက်ပါတယ်)
Posted on: Wed, 12 Jun 2013 19:15:54 +0000

Trending Topics



Recently Viewed Topics




© 2015