Credit: :SQUAR သင့်ရဲ့ - TopicsExpress



          

Credit: :SQUAR သင့်ရဲ့ ချစ်ခြင်းမေတ္တာ အသွားအလာကို သင်ကြည့်ဖူးနေကြရုပ်ရှင်ပြဇာတ်တွေလို အထူးသဖြင့် ကိုရီးယားဒရာမာချိုးတွေနဲ့ နှိုင်းယှဉ်ပြီး စိတ်မကူးပါနဲ့။ ရုပ်ရှင်ဇာတ်ကားဆိုတာ ဇာတ်လမ်းဆင်ပြီးဇာတ်ညွန်းရေးသူ ဒါရိုက်တာစသည်ဖြင့်ကူညီပံ့ပိုးလို့ ဖြစ်လာတာပါ။ ဒါတောင် ကောင်းချင်တဲ့ ဇာတ်မှ ကောင်းတာပါ။ သင့်ရဲ့ ချစ်ခြင်းမေတ္တာတရားကိုတော့ ကံကြမ္မာက သီဖွဲ့ပြီး သင်ကိုယ်တိုင် ဇာတ်ညွှန်းရေးရတာမို့ မျက်လုံးကတစ်ဆင့် ကြည့်မယ့်အစား နားကတစ်ဆင့်နားစွင့်နေမယ့်အစား မသိစိတ်ကတစ်ဆင့်အတ္တတွေလွှမ်းခြုံနေမယ့်အစား မျက်လုံးလေးကိုပိတ် နားလေးကိုခဏအနားပေးပြီး နှလုံးသားနဲ့ ကြည့် ဦးနှောက်နဲ့ နားဆင်ပြီး အသိစိတ်နဲ့ ပျိုးထောင်လိုက်ပါ။ ဝမ်းနည်း ဝမ်းသာအရာရာဟာ သင်ဖန်တီးတဲ့ ကံကြမ္မာက ဇာတ်ညွှန်းခွဲပေးတာမို့ အရှိကို အရှိအတိုင်း လက်ခံခြင်းဟာ သင့်ကိုရော သင့်ပတ်ဝန်းကျင်က သင့်ရဲ့ချစ်ခြင်းကို ခံယူနေပြီး သင့်ကိုချစ်နေကြတဲ့ သူတော်တော်များများအတွက် သင်နဲ့အတူဘဝကိုဖြတ်သန်းရတာ ပေါ့ပါးစေနိုင်ပြီး ချစ်ခြင်းတရားကတော့ လေးနက်လာစေနိုင်ပါတယ်။
Posted on: Wed, 18 Sep 2013 21:47:40 +0000

Trending Topics



Recently Viewed Topics




© 2015