Credit to >>> Zaw Zaw Htun နေ့ လည်က - TopicsExpress



          

Credit to >>> Zaw Zaw Htun နေ့ လည်က စိတ်ကောက်သွားတဲ့ အကိုကဗျာဆရာ နိုင်ငံရေးသမား ကြီး Lululattyar Yar အတွက် ... သမ္မတကြီးရဲ့ကဗျာ ကွယ်လွန်နေ့စွဲများ May 26, 2013 at 12:04pm အမတ်မင်းနှင့်နောင်တော်သမ္မတကြီးရဲ့ ကွယ်လွန်နေ့စွဲများ ကဗျာနှင့်ကွန့်မြူးဥာဏ်(Poetry and creative mind) ဆိုတာက အမေရိကန်ကဗျာဆရာများ အကယ်ဒမီ (The Academy of American Poets) ရဲ့ ရန်ပုံငွေအစီအစဉ်လေး တစ်ခုပါ။ ၂၀၀၄ ခုနှစ် ဧပြီလ (၆)ရက်နေ့က အဲဒီအစီအစဉ်လေးမှာဆီးနိတ်အမတ် အက်ဒွပ်ကနေဒီ (Edward M.Kennedy) က ကဗျာရွတ်ခဲ့ပါတယ်။ လင်ကွန်စင်တာ မှာရှိတဲ့အဲလစ်တာလီခမ်းမ (Alice Tully Hall) မှာ ကျင်းပတဲ့ ဒီအခမ်းအနားကြီးမှာတော့ အခြားသောထင်ရှားသူများ ဖြစ်တဲ့ မာရီယန်စထရိ (Meryl Streep) တို့လို သရုပ်ဆောင်ကြီးတွေကလည်းတက်ရောက်သလို ကယ်ဗင်ကလိန်း တို့လို ဆရာကြီးတွေလည်း တက်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံရေးလောကကဆီးနိတ်အမတ်ကြီး 'ကနေဒီ" က ကဗျာရွတ်သွားပါတယ်။ ဒါဟာ နိုင်ငံရေးသမားကြီးတစ်ဦးရဲ့ကဗျာအပေါ်ထားရှိတဲ့ သဘောထားကို ပြသသွားပါတယ်။ အက်ဒွပ်ဟာ အမေရိကန်သမ္မတဟောင်းကြီး သမ္မတကနေဒီရဲ့ညီလည်း ဖြစ်ပါတယ်။ အက်ဒွပ်ဟာ ဆီးနိတ်လောကမှာ ဝါရင့်ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။ သမ္မတကြီးကနေဒီ အကြောင်းကတော့ တော်တော်များများ သိပြီးသားလို့ ယူဆတယ်။ အမေရိကန်သမိုင်းက ဖြတ်သန်းသွားတဲ့မရှိမဖြစ်မှတ်တိုင်တွေထဲက အိုင်ကွန်တစ်ခုပါ။ သူ့ညီ အက်ဒွပ်ဟာလည်း နိုင်ငံရေးလောကမှာနာမည်ရှိသူပါ။ အဲဒီအခမ်းအနားမှာ အက်ဒွပ်ကဗျာဖတ်မယ်ဆိုတော့ လူတွေက ဘယ်လိုကဗျာများ ဆီးနိတ်အမတ်မင်းဖတ်လေမလဲလို့ သိချင်ကြပါတယ်။ ဒီလို ဝါရင့်နိုင်ငံရေးသမားကြီးကို ဘယ်လိုကဗျာမျိုးကများလှုတ်ခတ်နိုင်လေမလဲပေါ့လေ။
Posted on: Tue, 03 Sep 2013 14:43:50 +0000

Trending Topics



Recently Viewed Topics




© 2015