Depression ~~ American Population ရဲ့ 75% ဟာ - TopicsExpress



          

Depression ~~ American Population ရဲ့ 75% ဟာ စိတ်ကျရောဂါ Depression ဝေဒနာကို ခံစားနေကြရတယ်။ Psychiatrist နဲ့ ပြတဲ့သူကလည်း ပြပြီး ကုသမှု ခံယူတယ်။ ဆရာဝန်ခ ဈေးကြီးလို့ မပြနိုင်တဲ့သူ ... မပြချင်တဲ့သူတွေကလည်း .. ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိတ်မှိတ် ခံစားကြတယ်။ ကုသတဲ့ နည်းတွေကတော့ .. Medication ... Therapy , Group Meeting Gathering , Group Chat Talk (Team Work) နည်းတွေနဲ့ စိတ်ဓါတ်ကို ပုံမှန် အနေအထား ရောက်အောင် ပြန်လည် လုပ်ဆောင်ပေးတယ်။ အမေရိကားမှာတော့ Psychiatrist နဲ့ ပြဖို့အတွက် ... ပိုက်ဆံ အတော် အကုန်ခံရပါတယ်။ သာမန် ဆရာဝန်တွေထက်ကို ပိုဈေးကြီးတယ်။ Health Insurance ဝယ်ထားလို့ အကုန်အကျ ခံနိုင်တယ်.. ပေးတယ် ဆိုရင်တောင်မှ Depends on Co-Pay ပေါ်မှာ မူတည်ပြီး ပိုက်ဆံထပ်ပေးရပါသေးတယ်။ မြန်မာပြည်မှာတော့ စိတ်ရောဂါကု ဆရာဝန်နဲ့ ပြရင်ပဲ ... အရူးလိုလို .. စိတ်မနှံ့သလိုလို အမြင်တွေက ရှိနေကြတယ်။ တစ်ကယ်တမ်းတော့ ... စိတ်ရဲ့ အခြေအနေ အတက်အကျ ထွက်ပေါက်ကို ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင် Discuss လုပ်ခြင်းသာ ဖြစ်တယ်။ စိတ်ကျရောဂါ ဝေဒနာဆိုတာ ... အသက်အရွယ်မရွေး လူကြီးလူငယ်မရွေး ဖြစ်နိုင်ပါတယ်။ Temporary Depression ဆိုရင်တော့ ပြဿာနာ မရှိပေမယ့် ... Long Term Depression ဆိုရင်တော့ အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ ဒါကြောင့် စိတ်ကျရောဂါရဲ့ လက္ခဏာလေးတွေကို (မြန်မာလို ဘာသာပြန်) တင်ပြချင်ပါတယ်။ - မိမိကိုယ်မိမိ ... အမြဲတမ်းလိုလို စိတ်အားငယ်ပြီး ဝမ်းနည်းနေသလားးး (တစ်ချိန်လုံး စိတ်ထဲမှာ ငိုချင်နေခြင်း) စိတ်ခံစားမှုတွေ မြင့်တက်နေတတ်သလားးး ... စိတ်ထဲ ဘာမှ မရှိသလို ခံစားနေရသလား - မိမိကိုယ်တိုင် လုပ်နေကျ ဝါသနာပါရာ အလုပ်...အားကစား (သို့) လူမှုရေး လုပ်ငန်းတွေမှာ ... စိတ်ဝင်စားမှု လျော့နည်းလာသလား .. ပျော်ရွှင်ဖွယ်လို့ မခံစားရဘူးလားး - စိတ်တိုခြင်း .. ဒေါသထွက်ခြင်းဟာ အလွန်အမင်း ပိုဆိုးလာသလား - မိမိ မိသားစု (သို့) သူငယ်ချင်းများနှင့် ပေါင်းသင်းဆက်ဆံရတာ အခက်အခဲ ဖြစ်လာသလား - အစားအသောက် စားနေတဲ့ ပုံမှန် အနေအထား အပြောင်းအလဲ ဖြစ်လာသလားး ကိုယ်အလေးချိန် ကျခြင်း .. တက်ခြင်းမျိုး ရှိလာသလား - မိမိကိုယ်ကို သိပ်ပင်ပန်း နွမ်းနယ်နေသလို ခံစားနေရသလား - မနက်အစောကြီး နိုးနေတတ်ပြီး ပြန်အိပ်လို့ မရသလို ဖြစ်နေသလား - နေ့စဉ် ပုံမှန် အိပ်ချိန် ပြောင်းလဲလာသလား .. အရမ်းအိပ်ခြင်းး .. လုံးဝ မအိပ်တော့ခြင်း - မိမိကိုယ်ကိုမိမိ ခံစားမှုတွေကို ဆိုးဆိုးရွားရွား ခံစားနေရသလား... ကိုယ့်ကိုကိုယ် ထိခိုက် နာကျင်အောင် လုပ်ချင်နေသလား - တစ်နေ့တစ်နေ့ သေချင်လောက်အောင် .. သေလောက်တဲ့ အတွေးမျိုးတွေကို တွေးနေသလားးးး အထက်ပါ ရောဂါ လက္ခဏာမျိုး (၂)ပတ် ဆက်တိုက် ဖြစ်ပေါ်နေပြီဆိုရင်တော့ .. စိတ်ရောဂါကု ဆရာဝန် အကူအညီ အမှန်တကယ် လိုအပ်နေပါပြီ။ (မှတ်ချက်။။။ စိတ်ရောဂါကု ဆရာဝန်အား အရူးကု ဆရာဝန်ဟု မြန်မာလူမျိုးများ နောက်ပြောင်ခေါ်ဆိုနေခြင်းအားးး ကျွန်မ ရှုံ့ချပါသည်) Ref: Teen Depression from Regional Health Education (U.S.A) သမီးဆိုးးး ဆီလျော်အောင် ဘာသာပြန်သည်။
Posted on: Wed, 04 Sep 2013 08:50:00 +0000

Recently Viewed Topics




© 2015