EASI Travel Master Card အား - TopicsExpress



          

EASI Travel Master Card အား နိုင်ငံပေါင်း ၂၁၀ ကျော်တွင် စတင်အသုံးပြုနိုင် By Net Guide Journal Master Card နှင့် CB Bank တို့၏ ဝန်ဆောင်မှု အသစ်ဖြစ်သည့် CB Bank EASI Travel Master Card အား နိုင်ငံပေါင်း ၂၁၀ ကျော်တွင် စတင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။ ၎င်းကတ်သည် ချက်လက်မှတ်များဖြင့် ငွေပေးချေခြင်းနှင့် ငွေသားသယ်ဆောင် ပေးချေခြင်းတို့၏ နေရာတွင် အစားထိုး အသုံးပြုနိုင်ပြီး လွယ်ကူချောမွေ့ လုံခြုံစိတ်ချရကာ စရိတ်သက်သာသော နိုင်ငံတကာတွင် ငွေပေးချေနိုင်သည့် ကတ်ဖြစ်သည်။ မြန်မာနိုင်ငံသားများ ပြည်ပသို့ ခရီးထွက်ခွာသည့် အခါတွင် အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်ကာ အဆိုပါကတ်ကို ထုတ်လုပ်ပေးခြင်း ဖြစ်သည်။ CB Bank ၏ ဒုတိယဥက္ကဋ္ဌနှင့် CEO ဖြစ်သူ ဦးကျော်လင်းက ပြောကြားရာတွင် CB Bank ကနေ ယခုလို ကြိုတင်ငွေပေးချေရတဲ့ EASI Travel Master Card ကို ထုတ်ဝေခွင့် ရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံသားများ ပြည်ပခရီးသွားတဲ့အခါမှာ လုံခြုံစိတ်ချရပြီး ငွေအများကြီး သယ်သွားစရာမလိုဘဲ သက်သောင့်သက်သာ သွားနိုင်ရန်အတွက် ရည်ရွယ်ကာ ထုတ်လုပ်ပေးခြင်း ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၂၁၀ ကျော်မှာရှိတဲ့ ATM စက်တွေကနေ ငွေသား ထုတ်ယူနိုင်ပါတယ်။ ဒါ့အပြင် စားသောက်ဆိုင်၊ ဟိုတယ်၊ Shopping Center, ဆေးရုံစတဲ့ နေရာတွေမှာလည်း ဒီကတ်ကို အသုံးပြုကာ ငွေပေးချေနိုင်မှာပါ။ Online ကနေ ငွေပေးချေမှု ပြုလုပ်နိုင်ဖို့ အတွက်လည်း EASI Travel Master Card ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသားများ အီလက်ထရောနစ် ငွေပေးချေမှုများကို သုံးနိုင်ဖို့အတွက် ရည်ရွယ်ကာ ဒီဝန်ဆောင်မှုကို ပြုလုပ်ပေးတာပါ။ မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေ တော်တော်များများဟာ ဘဏ်ဝန်ဆောင်မှုများနဲ့ အခြားဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများကို အသုံးပြုမှု မရှိကြသေးပါဘူး။ ယခင်က မြန်မာနိုင်ငံသားတွေ ပြည်ပကို ခရီးထွက်တဲ့ အခါတွေမှာ ငွေသားတွေ ယူဆောင်သွားကြရမှာပါ။ အခုတော့ ဒီ EASI Travel Master Card ရှိလာတာကြောင့် ငွေသားတွေ ယူဆောင်သွားရန် မလိုတော့ဘဲ ပိုမိုလုံခြုံစိတ်ချရတဲ့ ငွေပေးချေမှုစနစ်ကို ပြည်ပမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ဟု Master Card အရှေ့တောင်အာရှ၏ President Mr.Matthew Driver က ပြောကြားခဲ့သည်။ EASI Travel Prepaid Master Card ပြုလုပ်သည့်အခါတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့) Passport ခရီးသွား အထောက်အထား စသည်တို့ လိုအပ်ပြီး စာရင်းဖွင့်မည့် လူကိုယ်တိုင် လာရောက် လျှောက်ထားရမည်။ အသက် ၂၁ နှစ်နှင့် အထက် မည်သူမဆို လျှောက်ထားနိုင်သည်။ လျှောက်ထားသည့် အခါတွင်လည်း CB Bank မှ သတ်မှတ်ထားသော လျှောက်လွှာကြေး၊ လစဉ်ကြေး၊ ပြည်ပ ATM တွင် ငွေသား ထုတ်ယူခနှုန်း အစရှိသည်တို့ကို ပေးဆောင်ရမည်။ EASI Travel Prepaid Master Card လက်ဝယ် ရောက်ရှိသည့် အချိန်မှ စ၍ ၂၄ နာရီအကြာတွင် စတင်သုံးစွဲနိုင်မည် ဖြစ်သည်။ အနည်းဆုံး အမေရိကန်ဒေါ်လာ ၅၀ မှ အများဆုံး အမေရိကန်ဒေါ်လာ ၅၀၀၀ အထိ စာရင်းဖွင့်နိုင်ပြီး မိမိထည့်သွင်းသော ငွေသားပမာဏကို မြန်မာကျပ်ငွေဖြင့် ပေးသွင်းရမည်။ ပေးသွင်းရာတွင် Exchange Rate သည် ငွေထည့်သွင်းသော နေ့၏ CB Bank မှ သတ်မှတ်ထားသော Selling Rate နှင့် တွက်ချက်၍ ထည့်သွင်းရမည်ဖြစ်ကော CB Bank ရုံးချုပ်နှင့် CB Bank ဘဏ်ခွဲများတွင် လျှောက်ထားနိုင်ကြောင်း သိရှိရသည်။ ထို့အပြင် EASI Travel Master Card ကို နိုင်ငံပေါင်း ၁၄ နိုင်ငံ၌ စမ်းသပ်သုံးစွဲခဲ့ပြီး ဖြစ်သည်။ ၎င်း Card ကို Online မှလည်း Pre-order ပြုလုပ်နိုင်ပြီး တစ်ကမ္ဘာလုံး၌ Master Card ကိုင်ဆောင် အသုံးပြုသူပေါင်း ၂ ဘီလီယံကျော် ရှိကြောင်း သိရှိရသည်။ ပြည့်ဖြိုး
Posted on: Mon, 28 Oct 2013 02:01:14 +0000

Trending Topics



ravelers in Beijing
Ipod Touch 5 Phone Case With Dog Image XWS-520797690593, UWQ7SN8,
Interested in joining the Snooze family as part of the brand new
Prio bondura 2021 sale amader chele&meyera borno malar sate
Naomi Klein essay on climate change. Worth reading. Climate
Per like beantwoord ik een vraag :| 1: verliefd? 2: single ? 3:

Recently Viewed Topics




© 2015