Ethics and Social - TopicsExpress



          

Ethics and Social awareness အမျိုးသမီးတစ်ယောက် နေမကောင်းလို့ သေလုမျောပါးဖြစ်နေတယ် ။ သူ့ကို ကယ်လို့ရမယ့်ဆေးရှိတယ်လို့ ဆရာဝန်ကပြောတယ်။ ကံကောင်းထောက်မစွာနဲ့ ဆေးကို ရှာတွေ့ခဲ့တယ်။ ဆေးက အမှတ်တကယ် ပေါင် ၂၀၀ ပဲကျသင့်ပေမယ့်၊ အဲဒီဆေးရောင်းတဲ့သူက ပေါင် ၂၀၀၀ ဆိုပြီးရောင်းတယ်။ လူနာအမျိုးသမီးရဲ့ယောင်္ကျားဖြစ်သူက ဆေးဖိုးမတတ်နိုင်တဲ့အတွက် အသိမိတ်ဆွေတွေဆီမှာ ပိုက်ဆံလိုက်ချေးပေမယ့် ဆေးဖိုးရဲ့ တစ်ဝက်ကိုပဲ ရှာနိုင်ခဲ့တယ်။အဲ့ဒီနောက် မရတဲ့အဆုံးမှာ ဆေးရောင်းတဲ့သူဆီသွားပြီး ဈေးလျှော့ပေးဖို့ ဒါမှမဟုတ် အကြွေးနဲ့ရောင်းပေးဖို့ကို တောင်းဆိုပေမယ့် ဆေးရောင်းသူက ငြင်းဆန်ခဲ့တယ်။ လူနာက ရောဂါပြင်းလို့ သေလုမျောပါးဖြစ်နေပြီ။ အဲဒါကြောင့် နောက်ဆုံးမှာ ယောင်္ကျားဖြစ်သူက ဆေးဆိုင်သွားပြီး ဆေးကို ခိုးလိုက်တော့တယ်။ *************************************** ယောင်္ကျားဖြစ်သူရဲ့လုပ်ရပ်က မှန်သလား၊ မှားသလား? သင်ဆိုရင် ဘယ်လိုလုပ်မလဲ ..? ဘယ်လိုလုပ်သင့်သလဲ ..? ဒီ Story သည် အောက်ကအချက်တွေထဲက ဘယ်အချက်နဲ့ ကိုက်ညီမလဲ ..? 1. Ethical and Legal 2. Illegal and Ethical 3. Unethical and legal 4. Unethical and Illegal from : DFM Chapter (8)
Posted on: Sun, 27 Oct 2013 10:00:41 +0000

Trending Topics



Recently Viewed Topics




© 2015