Excel4Expert 040 ဒေတာသွင်းတဲ့အခါ - TopicsExpress



          

Excel4Expert 040 ဒေတာသွင်းတဲ့အခါ လက်ကွက်တွေကို လက်အကျင့်ရအောင် လေ့ကျင့်ပေးထားပါ။ Cell ထဲ ဒေတာသွင်းပြိးရင် ဘယ်ဆဲလ်ကို ရွေ့စေချင်သလဲ ဆိုတာ ရွေးချယ်ချင်ပါတယ်ဆိုရင် ပြီးတော့ arrow key မနှိပ်ချင်ပါဘူးဆိုရင် File > Options ကနေ Excel Options dialog box ကို သွားပြီး Click Advanced tab After Pressing Enter, Move Selection check box ကို ခြစ်ပေးထားလိုက်ပါ။ အဲဒီမှာ တခြားဘာတွေ လုပ်လို့ရသလဲဆိုတာ တစ်ခါတည်း ကြုံတုန်း လေ့လာထားလိုက်ပါ။ ရောက်ဆဲ လုပ်ဆဲ cell ထဲက ဒေတာကို select လုပ်ထားတဲ့ range ထဲက cell အကုန်လုံးထဲ ကူးထည့်ချင်ရင် F2 နှိပ် ပြီးရင် Ctrl+Enter range တစ်ခု ရွေးထားပြီး အဲဒီမှာ ပါတဲ့ cell တွေထဲ ဒေတာ အတူတူ ထည့်ချင်ရင် cell တစ်ခုမှာ ဒေတာကို ထည့်ပြီးတဲ့အခါ Ctrl+Enter ပုံမှန်တိုးသွားချင်ရင် မူလတည်ကိန်းနဲ့ တစ်ခါတိုးပြီးသား ကိန်း ပါတဲ့ ကပ်လျက်ဆဲလ်နှစ်ခုကို seclect လုပ် ညာအောက်ထောင့်မှာရှိတဲ့ handle ကို ကလစ်ဖိဆွဲသွားလိုက်ရင် နောက်ဆဲလ်တွေမှာ အဲဒီ အတိုးနှုန်းအတိုင်း တိုးသွားမယ်။ တခြားကော်လံတွေမှာ ဒေတာ ရှိပြီးသားဆိုရင် handle ကို double-click ပေးလိုက်ပါ။ အလိုအလျောက် ဖြည့်ပေးသွားပါလိမ့်မယ်။ ရှိရင်းကိန်းအတိုင်း တခြားဆဲလ်တွေကို ဖြည့်ချင်ရင် handle ကို drag လုပ်သွားလိုက်ပါ။ ဆဲလ်ထဲမှာ စာချိုးချချင်ရင် Alt+Enter အပိုင်းဂဏန်း ဥပမာ ၂/၃ ထည့်ချင်ရင် သုည ၀ spacebar တစ်ချက်ပုတ် ပြီးရင် ၂ ပြီးရင် မျဉ်းစောင်း / ပြီးရင် ၃ ပြီးရင် Enter ဒီနေ့ နေ့စွဲကို ထည့်ချင်ရင် Ctrl+; (semicolon) အခု အချိန်ကို ထည့်ချင်ရင် Ctrl+Shift+;
Posted on: Sun, 28 Jul 2013 16:45:24 +0000

Trending Topics



ref="http://www.topicsexpress.com/After-more-than-8-years-of-directing-and-3-showreels-I’m-proud-topic-10154183906375403">After more than 8 years of directing and 3 showreels, I’m proud

Recently Viewed Topics




© 2015