Facebook Down သွားခဲ့ခြင်း ( - TopicsExpress



          

Facebook Down သွားခဲ့ခြင်း ( စိုးရိမ် စရာ မဟုတ် ) မနေ့ည ( Oct 21, 2013 ) 13:00 GMT ( မြန်မာ စံတော်ချိန် ည ၇ နာရီ ) ခန့်ကနေ ( ၄ ) နာရီ လောက် Facebook ကြီး ဟန်း သွားခဲ့ ပါတယ် ... ဖြစ်ပုံ က Status တွေ Post တွေ တင်မရ ဘဲ ကြက်သေသေ သွားတဲ့ Freeze သဘော မျိုး ဖြစ်ခဲ့ တာပါ ... မိမိ ဝေါနဲ့ သူငယ်ချင်း တွေ ဝေါ ကို ကြည့်တာ ၊ Newsfeeds ကို လိုက် ကြည့် တာ စတဲ့ Browsing ပိုင်းတွေ မှာ ဘာမှ မဖြစ်ဘဲ ပုံမှန် အနေ အထား ရှိခဲ့ ပါတယ် ... ဒါပေမယ့် လို့ likes တွေ comments တွေ share တွေ လုပ်မရ ခဲ့ သလို Status တွေ Post အသစ် တင်တာတွေ လည်း မရခဲ့ပါဘူး ... ဒီအတွက် ကမ္ဘာ တဝှမ်းလုံး က ဖေ့ဘွတ်ခ် သုံးစွဲသူ တွေ ဟာ တွစ်တာ စတဲ့ တခြား ဆိုရှယ် မီဒီယာ တွေ ကနေ အပြစ်တင် ခြင်း ကို ဖေ့ဘွတ်ခ် အနေနဲ့ ခံခဲ့ ရပါ တယ် ... ဗိုင်းရပ်စ် လား ဆာဗာ ဒေါင်းတာ လား ကိုယ့် အကောင့် ကို ရီပို့စ် ထိတာလား စတဲ့ အသံ မျိုးစုံ မေးမြန်း အဝေဖန် အပြစ်တင် ခံရပေ မယ့် ဖေ့ဘွတ်ခ် ရဲ့ ပြောရေး ဆိုခွင့် ရှိသူကတော့ network maintenance နက်ဝပ် ကွန်ယက် ချိတ်ဆက်မှု တွေ ပြုပြင် ထိန်းသိမ်း နေလို့ ဖြစ်ရ တာပါ ... စိုးရိမ် စရာ မရှိ ပါဘူး ... အစိတ် အပိုင်း တစ်ရပ် အနေနဲ့ ပြုပြင် ရတာပါ လို့ ပြန်လည် ပြောကြား ခဲ့ပါတယ် ... ဖေ့ဘွတ်ခ် ဆာဗာ ဟာ ပုံမှန် အလို အလျှောက် ပြုပြင် ထိန်းသိမ်း တာမျိုးတွေ အမြဲတမ်း လုပ်ဆောင် နေပြီး မိမိ ပရောဖိုင် အလှည့်ကျ ရောက်တဲ့ အခါမှာ ပုံမှန် အားဖြင့် ငါးမိနစ် ကနေ အကြာဆုံး နှစ်ဆယ့် ငါးမိနစ် လောက်သာ ကြာ မြင့်တတ် ပါတယ် ... အခု ဆာဗာ ပြတ်တောက် သွားတဲ့ ဖြစ်စဉ် ဟာ ကမ္ဘာ တဝှမ်းလုံး နီးပါး လေးနာရီ လောက် အထိ ကြာမြင့် ခဲ့တဲ့ အတွက် ဖေ့ဘွတ်ခ် သုံးစွဲသူ တွေ ဟာ ဖေ့ဘွတ်ခ် ပြောရေး ဆိုခွင့် အရာရှိ ရဲ့စကား ကို ယုံရ ခက်ခက် ဖြစ်ခဲ့ ကြပြီး တော့ မိမိ တို့ ပုံတွေ ပို့စ်တွေ ဘက်ကပ် လုပ်တာ သိမ်းဆည်း တာ တွေ ကို လုပ်ဆောင် ခဲ့ကြ ပါတယ် ... မြန်မာ ပြည်တွင်း အနေနဲ့ ကတော့ အင် တာနက် လိုင်းကျတယ် လို့သာ ထင်မြင် ခဲ့ကြပြီး သတိထား မိ လိုက်ကြမှာ မဟုတ် ပါဘူး ... သတိထား လိုက်မိ သူ အချို့ ကတော့ ကိုယ့် အတွေးနဲ့ အထင်မှား ပြီး မဟုတ် မမှန် တဲ့ ကောလာ ဟလ တွေ ဖြန့်ဝေ ခဲ့ကြတာ ကို ပုံပါ အတိုင်း တွေ့ရမှာ ဖြစ်ပါ တယ် ... ဖေ့ဘွတ်ခ် ရဲ့ ဆာဗာ ဟန်းသွား ခဲ့တဲ့ အပေါ်မှာ အစိုးရိမ် ကြီးပြီး ရေးသား ပေးပို့ လာကြတဲ့ မက်ဆေ့ခ်ျ တွေ ကို ဆင်ခြင် သုံး သပ် သတိပြု နိုင်ကြ စေဖို့ ရေးသား တင်ပြ လိုက် ပါတယ် ...
Posted on: Wed, 23 Oct 2013 08:58:04 +0000

Trending Topics



Recently Viewed Topics




© 2015