Facebook behavior တစ်ခုအနေနဲ့ - TopicsExpress



          

Facebook behavior တစ်ခုအနေနဲ့ သတိပြုမိတာ တစ်ခုက နည်းနည်း အင်အားစိုက် ဖတ်ရှုရတဲ့ဟာတွေဆိုရင် နားလည်ပုံ ပြောင်းသွားတာပဲ။ အခု တွေ့မိတယ်။ သံဃာနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တိုက်မတွေ့စေနဲ့ ဆိုတဲ့ စကား။ ဒီစကားက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပဲ သံဃာတွေအလိုကျ လိုက်လုပ်ပေးရမလို သဘောကို ဆိုလိုသလို ဖြစ်နေတယ်။ အဲ့လို နားလည်ထားကြပုံပေါ်တယ်။ ကိုယ်မှတ်မိသလောက်တော့ ဒီလို သဘောကို 2013 ဇွန်လ လောက်မှာ ဦးဝီရသူဖက်က မွတ်ဒေါင်းဆိုပြီး ပစ်မှတ်ထားလာတဲ့အချိန် မျိုးဆက်အကောင့်ကနေပြီး စတင် ဝေဖန်ခဲ့တာ။ သုံးသပ်မှုမှာ အနှစ်သာရအနေနဲ့ ချဉ်းကပ်ပုံသိမ်မွေ့ဖို့လိုတယ်ဆိုတာကို သေသေချာချာ ထည့်ပြောစမြဲ။ ဒါက အဓိက အချက်။ ဒါပေမယ့် ဒါကို ဘယ်လိုနားလည်ကြသလဲမသိဘူး။ ချဉ်းကပ်ပုံသိမ်မွေ့ဖို့လိုတယ်ဆိုတာ သံဃာတွေဖက်က ဘယ်လို ခံစားရသလဲ။ သူတို့ ဘာကိုစိုးရိမ်တာလဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် သံဃာတွေက ဘယ်လိုမြင်တာလဲ စသဖြင့် စူးစမ်းပြီး ဆွေးနွေးညှိနှိုင်းကြဖို့။ အဲ့ဒါကို အချိန်ကိုက်ရွေ့လျားတုန့်ပြန်ခြင်း(Timely Response) လို့ ဖော်ပြခဲ့တယ်။ ဆိုလိုတာက တစ်ဖက်က ရွေ့လျားမှုစတင်လာတဲ့အချိန်၊ တိုက်စစ် စတင်လာတဲ့အချိန် ကိုယ့်ဖက်က ပိတ်ဆို့စရာရှိတာ ပိတ်ဆို့ဖို့။ တိုက်စစ်လမ်းကြောင်းကို လွှဲစရာရှိတာ လွှဲပေးဖို့။ ဦးဝီရသူတို့နဲ့ ဦးအောင်သောင်းတို့နဲ့ တွေ့ဆုံမှုတွေ ထင်ထင်ရှားရှားပါလာပြီ။ နောက် ဦးဝီရသူက မွတ်ဒေါင်းလို့ စလာပြီ။ ဒါက မြင်သာ သိသာနေတဲ့ လှုပ်ရှားမှုတွေပဲ။ ဒီလို တိုက်စစ်လမ်းကြောင်းကို ဘယ်လိုပိတ်ဆို့မလဲ...။ ပိတ်ဆို့ဖို့အတွက်လမ်းကြောင်းတွေလဲ မရှိတာမှမဟုတ်ဘဲ။ စစ်အာဏာရှင်ဟောင်းတွေဖက်က NLD ကို ကိုင်ဖို့ ဘာသာရေးကို ပါဝါမြင့်ဖဲချပ်လို သုံးတယ်။ ဒါကို စံနစ်တကျ အဆင့်လိုက် (ဒေသအဆင့်၊ တိုင်းအဆင့်၊ ပြည်နယ်အဆင့်၊ မီဒီယာအဆင့်) တုန့်ပြန်ခဲ့ရင် သက်ရောက်မှု ဒီလောက်ရှိချင်မှ ရှိမယ်။ အဲ့တုန်းက ပြောခဲ့ကြတယ်။ သံဃာနဲ့ ဒီချုပ် တွေ့စရာမရှိဘူး။ ဟုတ်ပြီ...အဲ့တုန်းက ခန့်မှန်းချက် သက်သက်သာမို့လို့ အထွေအထူးပြောဖို့မရှိဘူး။ အခု သံဃာ့ညီလာခံ ဆိုတာ နည်းတဲ့ ရဟန်းအင်အားမဟုတ်ဘူး။ အဲ့အထဲက ချမှတ်လာတဲ့ မူဝါဒ ဆယ်ချက်မှာ ၂ချက်က ဒီချုပ်နဲ့ ပဋိပက္ခအသွင်ဆောင်နေတယ်။ 20% ရှိနေတယ်။ ၅၉(စ) ဆိုတာ ဒေါ်စုကိုဒဲ့ပြောတာ။ နောက် မျိုးစောင့်ဥပဒေဆိုတာ ဒဲ့မဟုတ်ပေမယ့် နိုင်ငံရေးဂိမ်းအရ ကျဉ်းထဲကြပ်ထဲရောက်အောင် မွှေလို့ရအောင် ထည့်ထားလိုက်တဲ့ အချက်။ ဒါပေမယ့် ဒီအချက်ဟာ သံဃာတွေ အစည်းအဝေးထဲရောက်သွားပြီ။ေ၇ာက်သွားအောင် ထည့်လိုက်တဲ့အချက်က ဘယ်လိုနည်းနဲ့လဲ။ အဖြေက Psychological Warfare ခေါ် စိတ်ဓာတ်စစ်ဆင်ရေး။ ရဟန်းဘုန်းကြီးဆိုတာ ဘာသာကွယ်မှာကို အသက်သေမှာထက် ပိုစိုးရိမ်တတ်တဲ့အမျိုး။ ဒါနဲ့ခြောက်ပြီး ပြောတဲ့အခါ လူတွေလို တုန့်ပြန်မှာတော့မဟုတ်ဘူး။ ဘယ်လို ခြောက်သလဲ။ မီဒီယာပေါ်မှာ စံနစ်တကျ ဂွင်ဆင်ထားတဲ့ စိတ်ဓါတ်စစဆင်ရေးတွေနဲ့ ခြောက်တယ်။အဲ့ဒီနည်းနဲ့ ထည့်သွားတယ်။ အဲ့တော့ ရဟန်းတွေနဲ့ ကြေကြေလည်လည် ဆွေးနွေးညှိနှိုင်းလိုက်ရင်အကျိုးထူးမယ်လို့ ပြောခဲ့ဖူးတယ်။ အခုလဲ ပြောနေဆဲ။ ပြဿနာ ထပ်ဖြစ်နိုင်ရင်တော့ နောက်လဲ ထပ်ပြောရဦးမယ်။ NLD အစိုးရဖြစ်ရင် ဘာသာကွယ်မယ်ဆိုတာ ဆိုရှယ်မီဒီယာမှာ ပေါ်တင်၊ ပရင့်မီဒီယာ မှာ ခပ်ပါးပါး ထည့်နေတာ လနဲ့ချီလာပြီ။ ဒါတွေကို NLD က ရင်ဖွင့် ခါးစည်းခံနေရတယ်။ ကာမယ့်လူမရှိဘူး။ မတွေ့ဘူး။ ဒီမိုကရေစီစံနစ်ဖြစ်ရင် ဘာသာရေးအရ မစိုးရိမ်ရဘူးလို့ ဒီအကောင့်ကနေ ခဏခဏ ကြိုးစားဖော်ပြခဲ့တယ်။ ဒါပေမယ့် ဒီအကောင့်တစ်ခုက ဘယ်လောက်များ ထိေ၇ာက်မှာမို့လဲ။ ထိရောက်တဲ့ လှုပ်ရှားမှုတွေ ညီညီညွတ်ညွတ် လုပ်လိုက်ကြရင် 2007 ကတည်းက ကျောချင်းကပ် စည်းလုံးမှု ရှိတဲ့ လူတွေ သွေးကွဲဖို့မရှိဘူး။ တည့်တည့်ပဲထပ်ပြောရရင် မျိုးစောင့်ဥပဒေဆိုတာ ပြဌာန်းဖို့ရည်ရွယ်ချက်ကို မပါတာ။ NLD ကိုကြပ်ဖို့ မူလီသက်သက်ပဲ။ တစ်ကယ်တမ်းလုပ်ချင်ရင် ဗုဒ္ဓဘာသာလက်ထပ်ထိမ်းမြားဥပဒေဟောင်းကို ထပ်ဖြည့်စွက်တာ ဘာညာ လုပ်လို့ရနေသားပဲ။ အခုက သက်သက်ကြပ်တာ။ အခုလို သံဃာညီလာခံလုပ်ပြီး မူချမှတ်ခိုင်းတာ ကိုယ့်အမြင်အရတော့ စစ်အာဏာရှင်ဟောင်းတွေက လုပ်ခိုင်းတောင် အဲ့လောက် လွယ်မယ်မထင်ဘူး။ စစ်အစိုးရလုပ်ခိုင်းလို့ ဒီသောင်းဂဏန်းရှိ ရဟန်းတွေက လိုက်လုပ်တယ်ဆိုရင်တော့လဲ တစ်မျိုးပေါ့။ ၇ဟန်းတွေ အဲ့လောက်တုံးမယ်လို့တော့မမြင်ဘူး။ 2007၊ လက်ပတောင်း လတ်လတ် ဆတ်ဆတ်ကြီးရှိသေးတယ်။ အခု သံဃာတွေ Psychological Warfare သက်ေ၇ာက်မှု မိနေတယ်လို့ပဲမြင်တယ်။ ဒါကို ပြန်လည်စေ့စပ်ယူဖို့ လိုအပ်တယ်။ သံဃာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုကြောက်နေစရာမလိုသလို ဒီချုပ်ကလဲ သံဃာတွေကိုကြောက်နေဖို့ မလိုဘူး။ ဆရာ-ဒကာ နားလည်မှုယူကြဖို့က အဓိကပဲ။ သံဃာတွေနဲ့ ထိပ်တိုက်မတွေ့ပါဘူး လို့ ဖြေသိမ့်မယ့်အစား သံဃာတွေနဲ့ နားလည်မှုရယူပြီး သံဃာ့စည်းဝေးပွဲအကြီးစားကြီးတစ်ခုနဲ့ တစ်ခဲနက် ထပ်မံ ထုတ်ပြန်လိုက်ရင်တော့ ဒါဟာ တန်ပြန်စစ်ဆင်ရေးအောင်မြင်မှုပဲဖြစ်လိမ့်မယ်။ ချုပ်ပြောရရင် ထိပ်တိုက်တွေ့နေသလား ဆိုရင် မတွေ့သေးပါဘူး။ အရိပ်အယောင်တော့မြင်နေရတယ်။ အချိန်မှီဖြေရှင်းလိုက်ရင် အပွန်းအရှ မရှိဘဲ အင်အားပိုတောင့်လာမယ်။ ဆက်လွှတ်ထားရင် ပြဿနာတက်မယ်လို့မြင်မိတယ်။ ဒီ ဇွန်လ 2013 လောက်ကတည်းက ခန့်မှန်းသုံးသပ်တာနဲ့ပတ်သက်လို့ရှိရင် I am very happy to be wrong for this forecast။ အဲ့လိုပဲပြောချင်တယ်။ မှားသွားစမ်းပါစေ။ မှားသွားရင် ဘေးဥပါဒ်မဖြစ်ဘူး။ ခန့်မှန်းထားသလို မှန်လာရင်တော့ အခု ပြောနေတဲ့ မျိုးဆက်အကောင့်ကိုင်ထားတဲ့ နိုင်ငံသားအပါအဝင် ကျန်တဲ့ လူတွေပါ နစ်နာစရာရှိတယ်။ မျက်စိတစ်ဆုံးမြင်တတ်ဖို့လိုတယ်။
Posted on: Wed, 22 Jan 2014 21:48:32 +0000

Trending Topics



Recently Viewed Topics




© 2015