Hash ဆိုတာဘာလဲ - TopicsExpress



          

Hash ဆိုတာဘာလဲ နှင့်ဗဟုသုတများ ပထမဦးဆုံး Hash ဆိုတာ ဘာလဲပြောရအောင်...။ ကျွန်တော်တို့ Forum တစ်ခုထဲကို ၀င်တဲ့အခါ Password ရိုက်သွင်းလိုက်ရင် အဲ့ဒီ့ Password ဟာ Web Server က သတ်မှတ်ထားတဲ့ Table တစ်ခုထဲကို ၀င်သွားပြီးအဲ့ဒီ့ Password ဟာ Table ထဲက Alogrithum အလိုက် အသွင်ပြောင်း လဲသွားပါတယ်။ ဒီလိုပေါ့f5d1278e8109edd94e1e4197e04873b9 ဗျာ သာမန် ကျွန်တော်တို့ရိုက်ထားတဲ့ ရိုးရိုး Password ကို PlainText လို့ ခေါ်ပြီး Hash Table က ထွက်လာတဲ့ ဟာကိုတော့ Hash လို့ခေါ်ပါတယ်။ ဥပမာ Plain Text ဟာ tester ဖြစ်ရင် Hash ကတော့ လူဖတ်မရတဲ့ f5d1278e8109edd94e1e4197e04873b9 ပေါ့။ Hash ကို ဘယ်သောအခါမှာ Plain Textအဖြစ်ပြောင်းလဲလို့မရတော့ပါဘူး။ Hash ကို Decrypt လုပ်နိုင်တယ်ဆိုတာ တစ်ကယ်တော့လုံးမှ မဟုတ်ပါဘူး။ Plain Text အဖြစ်ပြောင်းတာဟာလည်း Decrypt လုပ်တာမဟုတ်ဘဲ Brute Force လုပ်တာပါ။ နောက်မှ အဲ့ဒီ့ အပိုင်းကို သေချာရှင်းပြပါ့မယ်.။ ဒါဆို ဘယ်လို Access Gratiented ဖြစ်သလဲဆိုတော့ ကျွန်တော်တို့ Plain Text အဖြစ်ရိုက်သွင်း လိုက် တဲ့Pass ဟာ Hash Table ကို ဖြတ်ပြီး Hash ဖြစ်သွားပါတယ်။ အဲ့ဒီ့ Hash နဲ့ နဂို Password ကိုသတ်မှတ်တုန်းကData Base ထဲမှာ သိမ်းထားတဲ့ Hash တိုက်စစ်လို့တူတဲ့ အခါမှာ Access Gratiented ဖြစ်ပြီး မတူညီတဲ့အခါမှာတော့ Access Denied ပေါ့ဗျာ (တကယ်လို့ ခင်ဗျားသာ Web Server ထဲက Password တွေကို Hijack လုပ်ယူနိုင်တယ်ဆိုရင် Plain Text နဲ့ထွက်ပေါ်လာဖို့ ခဲယဉ်းပါတယ် Web Server အများစုက Hash Table များနဲ့ Crypt ထားတဲ့အတွက် Hashတွေပဲ ထွက်ကျလာမှာဖြစ်ပါတယ်။ ဒီလို Hash တွေကိုဖြည်ဖို့ Hash Type တွေ ကို သိဖို့လိုပါလိမ့်မယ် ) ကဲ ဒါဆို Hash ဆိုတာ ဘာလဲ သိလောက်ပါပြီ Type of Hash ဆိုတာလေးစရအောင် ပထမဆုံး အသုံးအများဆုံး Hash ဖြစ်တဲ့ MD5 Hash အကြောင်းစပါ့မယ် MD5 Hash MD5 Hash မှာ အလုံးပေါင်း သုံးဆယ့်နှစ်လုံးပှါင်ပါတယ် ( 128 Bit Encryption ပေါ့ဗျာ ) a-z နဲ့ 0-9 ပါဝင်ပါတယ် ဥပမာ – f5d1278e8109edd94e1e4197e04873b9 တကယ်လို့ အထက်က အချက် တစ်ခုခုနဲ့မတူရင် MD 5 Hash မဟုတ်ပါဘူး SHA1 SHA1 Hash ဟာလည်း အသုံးများတဲ့ Hash Type တွေထဲမှာပါဝင်ပြီး ပိုမို လုံခြုံမှုရှိပါတယ် SHA1 Hash မှာ အလုံးပေါင်းလေးဆယ်ပါဝင်ပါတယ် ( 160 Bit ပေါ့ ) အရင်အတိုင်းပဲ a-z , 0-9 ပါဝင်ပါတယ် ဥပမာ – ab4d8d2a5f480a137067da17100271cd176607a1 MySQL < 4.1 ဒီ Hash Type ကတော့ MySQL Version 4.1 အောက်က Server တွေမှာ အသုံးများပြီးတော့ ဒီ Type က မြင်တာနဲ့ Defacer ပေါက်စတွေဟာ ပျာယာ ခပ်တတ်ကြပါတယ သူ့ မှာ Character 16 လုံးပဲရှိပါတယ် ( 64 bits ရှိပါတယ် ) ထုံးစံအတိုင်း a – z , 0 – 9 ရှိပါတယ ဥပမာ – 606727496645bcba MySQL5 အရင်တုန်းက ကျွန်တော့်ကို ဒုက္ခ အပေးဆုံး Type တစ်ခုပါ အဲ့ဒီ့ တုန်းက Hash Type တွေကိုလည်းသေချာမသိ Skill ကလည်းချာသေး ( ခုလည်းချာတာပါပဲ ) တော့ ဟိုလူကယ်ပါ ဒီလူကူပါပေါ့ဗျာ ဟီး ပိုဆိုးတယ်ဗျ Character ၄ဿ လုံးရှိတယ အားလုံးက Capital Latter တွေချည်း ပြီးတော့ ခရပွင့် Star ( * ) နဲ့ စသဗျာ ဥမာ – *C8EB599B8E8EE7BE9F1A5691B7BC9ECCB8DE1C75 MD 5 ( WordPress ) ကျွန်တော် အကြောက်ဆုံး Hash ပါ ဘယ်လောက်ထိလဲဆို SQL Injection လုပ်လို့ Pass ကို ဒီ Hash ထွက်ရင် လှည့်ကိုမကြည့်တော့ဘူး အဲ့ဒီ့ ဆိုဒ်ကို လက်လျှော့ပစ်တယ် အဲ့ဒီ့အထိဆိုးပါတယ် ဟီး သူ့ မှာ $P$ နဲ့စပါတယ် 0-9 A-Z a-z အစုံကိုပါပါတယ် သုံးဆယ့်လေးလုံးရှိပါတယ် ကြည့်လိုက်ပါ $P$9QGUsR07ob2qNMbmSCRh3Moi6ehJZR1 MD 5 (phpBB3 ) phpBB3 နဲ့ဆောက်ထားတဲ့ Forum တွေမှာအသုံးပြုပါတယ် $H$ နဲ့စပါတယ် MD 5 WordPress လိုပါပဲ အစုံပါပါတယ် Character သုံးဆယ့်လေးလုံးရှိပါတယ် ဥပမာ – $H$9xAbu5SruQM5WvBldAnS46kQMEw2EQ0 ကဲ ဒါဆို Hash Type အစုံကို သိလောက်ပါပြီ Credit to:Phøêñïx Äçê
Posted on: Mon, 11 Nov 2013 11:36:24 +0000

Trending Topics



Recently Viewed Topics




© 2015