Hello Madam Media Group - TopicsExpress



          

Hello Madam Media Group မှရွေးချယ်ထားသည့် Miss Universe Myanmar အလှမယ် ၂၀ ဦးဟာ စက်တင်ဘာ ၂၅ ရက်နေ့မှာ မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ်ကို သွားရောက်ကာ ဆီးဂိမ်းအားကစားပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ဖို့ လေ့ကျင့်ပြင်ဆင်နေကြတဲ့ အားကစားသမားတွေကို သွားရောက်အားပေးခဲ့ကြပါတယ်။ ထို့နောက် ဓမ္မစေတီလမ်းရှိ လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားတဲ့ အိမ်တွင်းမှုလုပ်ငန်းပညာသင်ကျောင်းကို သွားရောက်လေ့လာခဲ့ကြပါတယ်။ ဆက်လက်ပြီး မြန်မာငြိမ်းချမ်းရေးစင်တာကို သွားရောက်ခဲ့ကြကာ မြန်မာနိုင်ငံငြိမ်းချမ်းရေး ရရှိစေဖို့ ဂျိုးဖြူများလွှတ်ခဲ့ပြီး ဆုတောင်းခဲ့ကြပါတယ်။ ညနေပိုင်းမှာတော့ ဦးလှထွန်း မေတ္တာရိပ်မွန်ကင်ဆာဖောင်ဒေးရှင်းကို သွားရောက်ပြီး ကင်ဆာရောဂါဝေဒနာ ခံစားနေရသော ဝေဒနာရှင်များကို သွားရောက်အားပေးစကားပြောကြားခဲ့ကြသည်။ ခိုင်ဝေလွင် ၊ ဓာတ်ပုံ - အိသွဲ့(တန့်ယန်း)
Posted on: Thu, 10 Oct 2013 05:52:30 +0000

Trending Topics



Recently Viewed Topics




© 2015