@@ How to build “Self-Confidence” ? __ - TopicsExpress



          

@@ How to build “Self-Confidence” ? __ မိမိကိုယ်မိမိ ယုံကြည်မှု ဘယ်လိုတည်ဆောက်ကြမလဲ ## ***************************************************** Self-Confidence ကို လူတော်တော်များများသိကြလိမ့်မယ်လို့ ထင်ပါတယ်။ သို့သော်လည်း လိုက်နာမှု အားနည်းရခြင်းကြောင့် အမှန်တကယ် ကိုယ်ရှိနေတဲ့ Level ကိုယ်သိထားတဲ့ Knowledge တွေက ကျားဖြစ်နေသော်လည်း လုပ်ဆောင်ချက်တွေမှာ ကြောင်သာသာ ဖြစ်နေရတာတွေ တွေ့ကြရမှာပါ။ ကျွန်တော်တို့တွေရဲ့ ဘ၀ ရှုထောင့်ကဏ္ဍပေါင်းစုံမှာ Self-Confidence ရဖို့ နေ့စဉ်နဲ့ အမျှ လှုပ်ရှားရုန်းကန်နေကြရပါတယ်။ ၀မ်းနည်းဖို့ ကောင်းတာက လူတွေမှာ Self-Confidence ချို့တဲ့အတွက် စက်ဘီးစီးရာမှာ ဘီးပေါက်တယ်ဆိုတဲ့ အပြစ်အနာအဆာလေး တစ်ချက်ကြောင့် လိုရာကို လွယ်လွယ်ကူကူ မရောက်နိုင်သကဲ့သို့ အောင်မြင်မှုပန်းတိုင်ကို ရရှိဖို့ ဘ၀မှာ ခက်ခဲနေကြတာ တွေ့ကြရမှာပါ။ ဒီလိုခက်ခဲမှုရလဒ်တွေ ကြုံတွေ့လာရပြီးနောက် အလားတူ ပန်းတိုင်မျိုး ဆွတ်ခူးဖို့ စိတ်မပါတော့ဘဲ ကြောက်ရွံ့တွန့်ဆုတ်မှုတွေ၊ စမ်းတ၀ါးဝါး လုပ်ဆောင်မှုတွေ၊ အလွန်အမင်း ငြင်းဆန်တောင်းပန်လာမှုတွေကို ဇောင်းပေး အသားပေး လာပါတော့တယ်။ ဒါဆိုသင်ဟာ ယုံလွယ်အောင်ပြောတတ်တဲ့ တစ်ပါးသူရဲ့ စည်းရုံးမှုအောက်မှာ သူသိထားတာကိုပဲ လုပ်လုပ် မသိတာကိုပဲလုပ်လုပ် သင်ကတော့ ထောက်ခံဖို့ အသင့်ဖြစ်နေတော့တာပါဘဲ။ Self-Confidence ကို တည်ဆောက်ဖို့ အရေးကြီးဆုံးသော အခြေခံသော့ချက်က Courage သတ္တိပါဘဲ။ “Courage is when you are scared, and in spite of your fear, you do what has to be done.” ကြောက်ပင်ကြောက်သော်လည်း လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်တာဟာ သတ္တိပါဘဲ။ တကယ်တော့ ယုံကြည်မှုခွန်အားရစေရန် သတ္တိရှိဖို့လိုသလို သတ္တိရှိဖို့အတွက် ယုံကြည်မှုခိုင်ခိုင်မာမာတော့ ရှိရမှာပါ။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ သဘောတရားပါဘဲ။ ကျွန်တော်တို့ဟာ လူတွေကို လှုံ့ဆော်ဖို့ ငွေဆိုတာ အရေးတကြီးလိုအပ်မယ်မထင်ဘူး။ တရားနည်းလမ်းကျတဲ့ လှုံ့ဆော်မှုရှိဖို့ အဓိကအရေးကြီးဆုံးက မိမိကိုယ်မိမိ ယုံကြည်မှုတည်ဆောက် လိုက်တာပါဘဲ။ မိမိရဲ့ ပရိသတ်၊ သူငယ်ချင်း၊ အထက်လူကြီး၊ ဖောက်သည်၊ အဆင့်အတန်းတူသူ စသဖြင့် သူတို့နဲ့ ပလဲပနံသင့်အောင် ပေါင်းနိုင်ဖို့ Self-Confidence ရှိကိုရှိရပါမယ်။ သူတို့ဆီက ယုံကြည်မှု ရရှိပြီဆိုတာနဲ့ သင်ဟာ အောင်မြင်မှု တံခါးပေါက်ရဲ့ သော့ချက်ကို ရှာတွေ့လိုက်တာပါဘဲ။ Self-Confidence ရှိလာတာနဲ့ စန္ဒီမြင့်လွင် သီချင်းထဲကလို “စကားလုံးလှလှလေးနဲ့ လာမချုပ်နဲ့” မဟုတ်တော့ စကားလုံးလှလှလေးနဲ့ လူတွေကို လွှမ်းမိုးချုပ်ကိုင်နိုင်ဖို့ အသင့်ဖြစ်နေပါပြီ။ စကားလုံးလှလှလေးတွေ ပြောတတ်ဖို့အတွက် အတိုကောက် 7C ကိုအလွယ်တကူ မှတ်သားထားနိုင်ပါတယ်။ Clear, Correct, Complete, Concise, Consistent, Courtesy, Convincing တို့ပါဘဲ။ Clear သင်ပြောတဲ့ စကားလုံးတွေက ရှင်းရှင်းလင်းလင်း ဖြစ်ရပါမယ်။ Correct သင်ပြောတဲ့ ရှင်းလင်းတဲ့ စကားလုံးတွေက အမှန်တွေဖြစ်ရပါမယ်။ Complete သင်ပြောတဲ့ အမှန်တွေက ကျစ်လစ်ပြည့်စုံရပါမယ်။ Concise သင်ပြောတဲ့ ပြည့်စုံမှုဟာ လိုတိုရှင်းဖြစ်ရပါမယ်။ Consistent သင်ပြောတဲ့ လိုတိုရှင်းစကားလုံးဟာ ဗရမ်းဗတာ မဟုတ်ဘဲ ရှေ့နောက်ညီရပါမယ်။ Courtesy သင်ပြောတဲ့ ရှေ့နောက်ညီစကာလုံးတွေဟာ တစ်ပါးသူ နားမှာ နားဝင်ချိုပြီး ယဉ်ကျေးသိမ်မွေ့နေရပါမယ်။ Convincing သင်ပြောတဲ့ ယဉ်ကျေးသိမ်မွေ့မှုဟာ အများ နားလည် သဘောပေါက် ယုံကြည်စိတ်ချရမယ် ဆိုတာပါဘဲ။ သင့်ရဲ့ Self-Confidence အဆင့်အတန်းကို သင့်ရဲ့ နေထိုင်မှု အလေ့အကျင့်၊ လက်ဟန်ခြေဟန် စကားပြောပုံအနေအထား၊ ဘယ်လိုစကားပြောသလဲ၊ ဘာတွေကိုပြောသလဲ စသဖြင့် နည်းလမ်းများစွာဖြင့် ပြသနိုင်ပါတယ်။ Self-Confidence ရှိသူမှာ တခြားသူတွေရဲ့ ဝေဖန်ကဲ့ရဲ့မှုတွေ ပျက်ရယ်ပြုမှုတွေရှိနေတာတောင်မှ မိမိယုံကြည်ရာကို လုပ်ကြတယ်။ စွန့်လွှတ်စွန့်စား လုပ်ရတဲ့ အလုပ်မျိုးကို လိုလိုလားလားလက်ခံပြီး အောင်မြင်အောင် လုပ်ပြကြတယ်။ လုပ်ခဲ့သမျှ မှားယွင်းမှုတွေကို ၀န်ခံပြီး အမှားတွေထဲက သင်ခန်းစာယူတတ်ကြတယ်။ လုပ်ဆောင်ချက် ပြီးမြောက်မှုအပေါ် အခြားလူတွေရဲ့ ချီးကျူးထောပနာ ပြုမှုကို စောင့်ဆိုင်း နေတတ်ကြတယ်။ တစ်ပါးသူတွေရဲ့ ချီးမွမ်းစကားကို “ကျွန်တော်တကယ်ပဲ အဲဒီအပေါ်မှာ ကြိုးစားပြီးလုပ်ခဲ့ရတယ်။ ကျွန်တော့်ရဲ့ အရည်အချင်းကို အသိအမှတ်ပြုတဲ့အတွက် ကျေးဇူးပါဘဲ”လို့ ချစ်ခင်နှစ်သက်ဖွယ် ပြန်ပြောတတ်ကြတယ်။ ဒါမှမိမိကိုမိမိ အားရကျေနပ်လာမယ်၊ ယုံကြည်မှုတွေတိုးပွားလာမယ်။ အကောင်းထဲကအဆိုးအနေနဲ့ Over Self-Confidence မိမိကိုယ်ကိုယုံကြည်မှု လွန်ကဲလွန်းရင်လည်း ပညာလွန်တော့ မာနဖြစ်ရပါတယ်။ မောက်မာဝင့်ကြွားတာမျိုး မဖြစ်စေဖို့ Remind သတိကပ်ဖို့တော့ လိုတာပေါ့။ Remind လုပ်ဖို့ Result ရလဒ်နဲ့ Review ပြန်လည်ဆန်းစစ်ဖို့တော့ လုပ်ရမှာပါ။ Self-Confidence နဲ့ Self-Confidence လွန်ကဲနေတတ်တဲ့ သူတွေမှာ ရှိတတ်တဲ့ ပုဂ္ဂလအရည်အချင်းတွေက ဒွန်တွဲနေတတ်တယ်။ ပြောဆိုပြုမှုပုံတွေပေါ်မူတည်ပြီး ခွဲခြားကြည့်ရမှာပါ။ အောက်ပါအချက်များဖြင့်တိုင်းတာကြည့်ပါမယ်။ 1. ပုဂ္ဂိုလ်ရေး အရည်အချင်းရှိခြင်း၊ 2. ဥာဏ်ပညာကြီးမားခြင်း၊ 3. တရားမျှတခြင်း၊ 4. စိတ်ဓာတ်ကြံ့ခိုင်ခြင်းနှင့် တည်ကြည်ဖြောင့်မတ်ခြင်း၊ 5. ကိုယ်ကျင့်သိက္ခာကောင်းမွန်ခြင်း၊ 6. ပရိယာယ်ကြွယ်ဝခြင်း၊ 7. သွက်လက်ဖျတ်လတ်စွာခြင်း၊ 8. ခွန်အားကြီးမားခြင်း၊ 9. ရုပ်ရည်ချောမောလှပခြင်း၊ 10. အရွယ်ရောက်ခြင်း၊ 11. ဥစ္စာဓနကြွယ်ဝခြင်း၊ 12. မျိုးရိုးမြင့်မြတ်ခြင်း နံပါတ်(၁)ကနေ(၇)ထိက Self-Confidence ရှိသူတွေရဲ့ Intelligence ဥာဏ်ပညာနဲ့ Effort ကြိုးစားအားထုတ်မှုဖြစ်လို့ လုံးဝသေချာပေါက်ဖြစ်ပြီး တချို့တွေမှာ နံပါတ်(၈)ကနေ(၁၂)က ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းပေါ် အားကိုးပြီး Self-Confidence လွန်ကဲတတ်ကြပါတယ်။ ဟီရိသြတ္တမရှိတဲ့ အရှက်တရား non-modesty ဟာ Self-Confidence လွန်ကဲမှုရဲ့ ရလဒ်ပဲဖြစ်ပြီး တစ်ခုခုလုပ်ရမှာ၊ ပြောလိုက်ရမှာ၊ မိမိသွင်ပြင် အနေအထားကို သိမ်ငယ်ပြီး ရှက်နေတဲ့ အရှက်တရား Shame ကတော့ Low Self-Confidence ရဲ့ ဆိုးကျိုးတွေပဲဖြစ်ပါတယ်။ Low Self-Confidence တွေရဲ့ အကြောက်တရားနှစ်မျိုးက အကြောင်းရင်းကို သိလို့ကြောက်တဲ့ အကြောက်တရား Fear နဲ့ အကြောင်းရင်းလည်း မသိဘာမှန်းလဲမသိတဲ့ ခဲမှန်ဘူးတဲ့ စာသူငယ်ကဲ့သို့ အကြောက်တရား Dread တို့ဘဲဖြစ်ပါတယ်။ Low Self-Confidence ရှိသူတွေနဲ့ အကြောက်တရားတွေကို နေ့စဉ်တွန်းလှန်ဖို့ မိမိကိုယ်ကို လေ့ကျင့်ယူရမှာ ဖြစ်ပါတယ်။ လူဆိုတာကတော့ ပြည့်စုံတယ်ရယ်လို့ မရှိပါဘူး။ မရှိသေးတဲ့ ပြည့်စုံမှုအတွက် မိမိစရိုက် လက္ခဏာ Characteristic တွေကို ပြင်ယူလေ့ကျင့်ယူ ရတာဖြစ်ပါတယ်။ လေ့ကျင့်မှုများလာရင် အလေ့အထ Habit ဖြစ်လာပြီး မိမိစရိုက် လက္ခဏာအနေနဲ့ အသွင် ပြောင်းသွားတော့တာပါဘဲ။ ကိုယ်မထိတွေ့ဘူးတဲ့ အရာ ကိုယ်မသိသေးတဲ့ အရာတွေနဲ့ ကြုံတွေ့ရတဲ့အခါမျိုးမှာလည်း Low Self-Confidence ဖြစ်တတ်ကြပါတယ်။ ဒါကသဘာဝကျနိုင်ပြီး စူးစမ်းလေ့လာဖို့ သတ္တိနဲ့ အချိန်တစ်ခုတော့လိုပါလိမ့်မယ်။ Low Self-Confidence ရှိသူတွေမှာ အခြားလူ တွေးထားသမျှ ညွှန်ပြသမျှကိုပဲ အခြေခံပြီး ကိုယ်ပိုင်အတွေးအခေါ် မထုတ်ဘဲ အသင့်စားလုပ်ဆောင် တတ်ကြတယ်။ စွန့်စားမှုတွေနဲ့ ကျရှုံးသွားမှာကို ကြောက်တဲ့ကြောက်ရွံ့မှုတွေ ကြုံတွေ့ရမှာစိုးသောကြောင့် သက်သောင့် သက်သာပဲရှိတဲ့ မလုပ်မရှုပ်မပြုတ်ထဲမှာပဲ နေတတ်ကြတယ်။ အမှားတွေကို ဖုံးကွယ်ဖို့ ကြိုးစားပြီး တစုံတယောက်မသိခင် ကိုယ့်ဘာသာကို ဖြေရှင်းလိုက်နိုင်မှာပဲလို့ မျှော်လင့်ထား တတ်ကြတယ်။ မိမိရဲ့ လက်ကိုင်တရားဟာ အခြားလူတွေကဲ့သို့ ဖြစ်နိုင်ခြေရှိကြောင်း မကြာခဏဆိုသလို မိမိဘာသာထုတ်ဖော် ချီးကျူးနေတတ်တယ်။ “အဲဒါက အမှန်တကယ်က ဘာမှမဟုတ်ပါဘူးကွာ ဘယ်သူမဆို လုပ်တတ်တာပဲ” လို့ တပါးသူရဲ့ ချီးကျူးထောပနာပြုမှုကို ပယ်ရှားပစ်တတ်ကြတယ်။ မိမိကိုယ်ကို ကျိုးနွံစွာနေတာ၊ ချီးမွမ်းမခံရဲတာတွေဟာ ကြာလာတာနဲ့အမျှ Low Self-Confidence ဖြစ်လာတော့တာပါဘဲ။ မြောက်လုံးပင့်လုံးတွေကိုလည်း ကြောက်ရွံ့သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လူတော်တော်များများက ကျိုးနွံစွာနေတာ သိမ်ငယ်စွာနေတာကို ရောင့်ရဲတတ်တယ်လို့ အရှေ့တိုင်းသားတွေက မှတ်ယူပြီး အမှတ်ပေးကြတယ်။ အမှန်တကယ်က အရှိကို အရှိအတိုင်းမြင်ပေးရမှာပါ၊ လူတစ်ယောက်ဟာ ချီးမွမ်းထိုက်တယ်ဆိုရင် မြောက်လုံးပင့်လုံးမပါဘဲ ချီးမွမ်းပြီး၊ ချီးမွမ်းခံရသူဟာလည်း မိမိလုပ်ဆောင်ချက်အပေါ် မိမိအားရကျေနပ်မယ်ဆိုရင် လူ့အဖွဲ့အစည်းတွေဟာ ပိုပြီး တိုးတက်ဖို့ရာပဲရှိမယ်။ ပင်ကိုအရည်အချင်းထက် ကြိုးစားမှု ၀ီရိယကို အသိအမှတ်ပြုတာက ပိုကောင်းမယ်ထင်တယ်။ အရမ်းကို Sensitive ဖြစ်လွန်းတဲ့ Low Self-Confidence ရှိသူတွေဟာ အဆိုးဆုံးပြောရရင် ပြသာနာကို ရင်မဆိုင်ရဲပဲ မိမိကိုယ်ကို သေကြောင်းကြံစည်မှုကြီးတွေပါ လုပ်ကြတာကို တွေ့ကြရမှာပါ။ Self-Confidence မှာ Self-efficacy မိမိကိုယ်စွမ်းကိုယ်စနှဲ့Self-esteem မိမိကိုယ်ကိုတန်ဖိုးထားမှုတို့ ရှိနေတယ်။ Self-efficacy မှာ မိမိကျွမ်းကျင်တတ်မြောက်ထားတဲ့ အတတ်ပညာနဲ့ ပန်းတိုင်ကို ရရှိမယ် လိမ့်မယ်လို့ မိမိအရည်အချင်းကို အာရုံသိဖြစ်နေကြတယ်။ လေ့လာသင်ယူမှုနဲ့ ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ရင် အောင်မြင်လိမ့်မယ် ယုံကြည်ကြတယ်၊ ဒီယုံကြည်မှုပေါ်မူတည်ပြီး လူတွေကို ဦးဆောင်ဖို့ရာ ခက်ခဲလွန်းတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမယ့် အဟန့်အတားတွေရှိနေလိမ့်မယ်လို့ လက်ခံထားကြတယ်။ Self-esteem မှာ ယေဘုယျအားဖြင့် မိမိတို့ရဲ့ ဘ၀ရှင်သန်မှုကို နိုင်နိုင်နင်းနင်း ထိန်းကျောင်းနိုင်မယ်၊ ပျော်ရွှင်မှုတွေ အမှန်တကယ်ရှိလာလိမ့်မယ်လို့ အာရုံသိဖြစ်နေကြတယ်။ ပျော်ရွှင်မှုတွေရဖို့ရာ အသိလေးမြင့်ဖို့ တန်ဖိုးထားလာကြတယ်။ မိမိကိုယ်ကိုတန်ဖိုးထားလာတာနဲ့ အမျှ ယုံကြည်မှုတွေ လက်ခံနိုင်စွမ်းတွေ မြင့်တက်လာတယ်။ How to build Self-Confidence? မိမိကိုယ်မိမိ ယုံကြည်မှု ဘယ်လိုတည်ဆောက်ကြမလဲ။ ** ဘ၀မှာ လုပ်ငန်းခွင်အတွင်း မိမိကိုယ်မိမိယုံကြည်မှု တည်ဆောက်ဖို့ အချက်တွေကတော့ (၁) ဘာတွေကို အောင်မြင်ခဲ့ဖူးပြီးပြီလဲဆိုတာကို မြင်ကြည့်ပါ (၂) သင်ရဲ့ အားသာချက်တွေ၊ အားနည်းချက်တွေကို သုံးသပ်ကြည့်ပါ (SWOT Analysis) (၃) ဘာတွေက သင့်အတွက် အရေးကြီးဆုံးလဲဆိုတာနဲ့ ဘယ်နေရာကို သွားဖို့ သင်အလိုရှိတာလဲ တွေးပါ (၄) သင်ရဲ့စိတ်ကို အနုတ်သဘောဆောင်တဲ့ အပြောအဆိုတွေရှောင်ကြဉ်ဖို့ တွေးပါ (၅) အောင်မြင်မှုကို ရရှိဖို့ရန်အတွက် သင့်ကိုသင် ကတိပေးပါ (၆) အောင်မြင်မှုကို ရရှိဖို့ရန်အတွက် လိုအပ်တဲ့ အသိပညာကို ရှာဖွေစုဆောင်းပါ (၇) အခြေခံကျမယ့် အချက်အလက်တွေအပေါ်မှာသာ အာရုံစူးစိုက်ပါ (၈) ပန်းတိုင်ကြီးကြီး မရောက်ခင် ပန်းတိုင်ငယ်လေးတွေ ခွဲထုတ်ပြီး အောင်မြင်မှု ရယူကြည့်ပါ (၉) ကျရှုံးမှုကို ကြံ့ကြံ့ခံမယ့် စိတ်ဓာတ်မျိုး ထိန်းသိမ်းမွေးမြူပါ (၁၀) အပေါ်က အချက်တွေကို လိုက်နာပြီး အောင်မြင်မှုဆီသို့ အရှိန်အဟုန်ဖြင့် ရွှေ့ပါ ** ဘ၀မှာ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ချစ်ခင်လေးစားရသူတွေနဲ့ တွေ့ဆုံတဲ့အခါ မိမိကိုယ်မိမိ ယုံကြည်ရှိစေဖို့ နည်းလမ်းတစ်ချို့ကတော့ (၁) ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချရမှုနည်းတာ၊ ရှက်တာ၊ အဆင့်အတန်းနိမ့်တာ၊ ရုပ်ရည်မလှမပ မတင့်မတယ်ဖြစ်တာ၊ နောင်တရခဲ့ရတာစတဲ့ မချင့်မရဲ ဖြစ်ခဲ့ရသမျှ စာရွက်တစ်ရွက်ပေါ်ချရေးပြီး ငိုပစ်လိုက် စာရွက်နဲ့ မျက်ရည်သုတ်ပစ်ပြီး အားရအောင် စုတ်ဖြဲပစ်လိုက်ပါ၊ အားလုံးကို စာရွက်ထဲမှာ မေ့ပြီး အပေါင်းလက္ခဏာ ဆောင်မယ့်အချက်တွေကို သတ်မှတ်လုပ်ဆောင်ပါ (၂) မိမိအရင်းနှီးဆုံး သူငယ်ချင်း၊ ချစ်ရသူနဲ့ ကိုယ့်အပေါ်နားလည်ပေးနိုင်သူနဲ့ ဆွေးနွေးပါ၊ တိုင်ပင်ပါ၊ ဖွင့်ပြောပါ၊ စိတ်ပေါ့ပြီး ယုံကြည်မှုတိုးစေပါတယ် (၃) လူဆိုတာ အမှားနဲ့ ကင်းတာမှ မရှိတာ၊ ဒါကြောင့် အမှားတွေပေါ်မှာပဲ ယူကြုံးမရဖြစ်ပြီး သိမ်ငယ်မနေပါနဲ့ အမှားတွေထဲက သင်ခန်းစာယူပြီး ရှေ့ချီတက်ပါ (၄) သင့်ရဲ့ အောင်မြင်ခဲ့မှုတွေကို အဓိပ္ပါယ်ရှိရှိ သတ်မှတ်ပါ၊ လူဆိုတာက တစ်နေရာမဟုတ် တစ်နေရာထူးချွန်တာချည်းပါဘဲ၊ တစ်ချို့က အားကစားမှာတော်တယ်၊ တစ်ချို့က အနုပညာမှာတော်တယ်၊ တစ်ချို့က စာပေဗဟုသုတကောင်းတယ် စသဖြင့် မိမိကိုယ်မိမိသတ်မှတ်ပြီး အားရကျေနပ်မှု ယူပါ (၅) မိမိမှာရှိတာတွေကို ကံအရ ဖြစ်ဖြစ်၊ ဘုရားသခင်ကပေးတာပဲဖြစ်ဖြစ် ကျေးဇူးတင်လိုက်ပါ၊ ပြည့်စုံတဲ့ မိသားစု ကိုယ့်မှာရှိတာ၊ ငွေကြေးချမ်းသာတာ၊ ခမ်းခမ်းနားနားအိမ်ကြီးမှာ နေရတာစသဖြင့် ဘ၀မှာ လူဖြစ်ရတာကို ကျေးဇူးတင်လိုက်ပါ (၆) အပေါင်းလက္ခဏာဆောင်ပါ၊ တခြားလူတွေရဲ့ အားနည်းချက်တွေကို ဝေဖန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၊ စာနာပါ၊ သနားပါ၊ ကိုယ်ချင်းစာကြည့်ပါ (၇) တစ်ပါးသူရဲ့ ချီးမွမ်းတာကို ချီးမွန်းခံရဲပြီး အပြုံးနဲ့ ကျေးဇူးတင်ကြောင်းတုံ့ပြန်ပါ (၈) နေ့စဉ် မှန်ရှေ့မှာ ရပ်ပြီး ကိုယ့်မျက်နှာကို ကြည့်ပြီး စိတ်ပါပါ ပြုံးကြည့်ပါ (၉) အယောင်ဆောင် ဟန်ဆောင်မှု၊ ဟာသစတဲ့ ပေါ့ပေါ့ပါးပါး လုပ်ရပ်မျိုးကို တစ်ပါးသူကို ပျော်ရွှင်အောင်စပါ၊ မိမိလည်း ပျော်ရွှင်လာပြီး ယုံကြည်မှု တိုးလာပါလိမ့်မယ် (၁၀) မိမိရဲ့ စံနမူနာ အလေ့အထ ကောင်းသော အလေ့အကျင့်တွေကို လိုက်နာပါ၊ ဆေးလိပ်မသောက်ဘူး၊ အရက်မသောက်ဘူး၊ လာဘ်မစားဘူး စသဖြင့်…. ကိုယ့်ကျင့်တရား ထိန်းကြည့်ပါ (၁၁) ပတ်ဝန်းကျင်မှာရှိတဲ့ တပါးသူနဲ့ အပြန်အလှန် အကူအညီပေးပါ၊ ယူပါ၊ ကျေးဇူးပဲလို့ပြောပါ (၁၂) မိမိကိုယ်မိမိ ပြီးပြည့်စုံတဲ့ သိသူတတ်သူဖြစ်ကြောင်း သတ်မှတ်ခြင်းမှ ရှောင်ကြဉ်ပါ၊ သင့်ရဲ့ ပန်းတိုင်ကို ထိန်းသိမ်းပါ ဒါမှ ကျွန်တော်တို့ဟာ လူအချင်းချင်း Face to Face ပြောရဲလာမယ်၊ မျက်လုံးချင်း Eye Contact ရှိလာမယ်၊ မိမိပေးလိုတဲ့ Message တွေဟာလည်း ပိုပြီး ယုံကြည်စိတ်ချဖွယ်ဖြစ်လာပါလိမ့်မယ်၊ ဘာသာရေး ယုံကြည်မှုတွေဟာလည်း မိမိကိုယ်မိမိ ယုံကြည်စေရတဲ့ အချက်တွေထဲက တစ်ချက်ဖြစ်ပါတယ်။ မိမိကိုယ်မိမိ ယုံကြည်မှုတိုးပွားပြီး ဘ၀မှာ အညွှန့်တလူလူတက်နေသော လူငယ် လူရွယ်များ ဖြစ်ကြပါစေဗျာ။ ............................................................. Reference : mindtools/ Ucs Jugger
Posted on: Sat, 17 Aug 2013 06:38:23 +0000

Trending Topics



Recently Viewed Topics




© 2015