Isuzu Service Clinic တွင် Isuzu Vehicles - TopicsExpress



          

Isuzu Service Clinic တွင် Isuzu Vehicles များအား အခမဲ့ စစ်ဆေးပေးမည် ရန်ကုန်၊ သြဂုတ် ၁၃ ဂျပန်နိုင်ငံရှိ Isuzu Motors နှင့် MTG Company Limited တို့ ပူးပေါင်း၍ မြန်မာနိုင်ငံသို့ ရောင်းချပြီးသော ကားများအတွက် Isuzu Service Clinic တွင် Isuzu Vehicle များအား အခမဲ့ စစ်ဆေး ပေးမည့်အစီအစဉ်ရှိကြောင်း MTG Motors Trading Co.,Ltd မှ သိရှိရသည်။ Isuzu Motors နှင့် MTG Company Limited အနေဖြင့် မြန်မာနိုင်ငံသို့ ရောင်းချပြီးသော ကားများအတွက် အခါအားလျော်စွာ After-sales Service များကို လာရောက်လုပ်ကိုင်ပေးလျက်ရှိကြောင်း သိရသည်။ ယခုအစီအစဉ်အရ သြဂုတ် ၂၅၊ ၂၆၊ ၂၇ ရက်များတွင် ဂျပန်အင်ဂျင်နီယာများ ရန်ကုန်မြို့သို့ လာရောက်၍ Isuzu Service Clinic ကို အမှတ် ၁၇၂/၁၇၃၊ မြို့တော်ပတ်လမ်း (ခရေပင်လမ်းခွဲ)၊ ကမ္ဘောဇဘဏ် အနီး၊ ၂/ခ ရပ်ကွက်၊ မင်္ဂလာဒုံ မြို့နယ်၊ ရန်ကုန်မြို့တွင် တစ်နေ့လျှင် ကားအစီး ၃၀ လက်ခံ၍ အခမဲ့ စစ်ဆေးပေးပြီး မော်တော်ယာဉ်များ၏ အခြေအနေနှင့် ပြင်ဆင်ရန် လိုအပ်ချက်များကို Report ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ စစ်ဆေးပေးသည့် ယာဉ်များအား ပြင်ဆင်လိုသည့် ယာဉ်ပိုင်ရှင်များအနေဖြင့် MTG Isuzu Workshop အမှတ် H ၊ လှိုင်ရတနာအိမ်ရာ၊ ရန်ကုန်-အင်းစိန်လမ်းမကြီး၊ ရန်ကုန်မြို့တွင် ပြင်ဆင်သည့် လက်ခကို အထူးလျှော့ ဈေးနှုန်းများဖြင့် သြဂုတ် ၂၈ ရက် နောက်ပိုင်း၌ ပြင်ဆင်မှုများ ပြုလုပ်နိုင်ကြောင်း သိရသည်။ အဆိုပါ စစ်ဆေးမှုများကို ပြုလုပ်နိုင်ရန်အတွက် Isuzu Truck ၊ Isuzu Pick-up ၊ D Max Isuzu Trooper ၊ Big Hom ၊ Japanese brand Truck ပိုင်ရှင်များအနေဖြင့် MTG Company Limited ဖုန်း- ၉၅၁ ၅၀၃ ၅၉၀၊ ၅၁၄ ၁၆၅၊ ၆၃၈ ၂၆၄၊ ၆၃၈ ၂၆၇၊ ၀၉ ၈၆၁ ၂၁၉၅ တို့သို့ သြဂုတ် ၂၀ ရက် နောက်ဆုံးထား၍ ကြိုတင်စာရင်း ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။
Posted on: Fri, 16 Aug 2013 08:19:44 +0000

Trending Topics



Recently Viewed Topics




© 2015