Kyaw Swar - TopicsExpress



          

Kyaw Swar Myint စိတ်မကောင်းစရာပါ -------------------------- တေးသံရှင် ဆိုတေး လိုက်ပါလာတဲ့ မော်တော်ကားဟာ မိတ္ထီလာမြို့နယ် အတွင်း မိုင်တိုင် ၂၉၁ သုံးဖာလုံနဲ့ လေးဖာလုံကြားမှာ ယနေ့ နေ့လည် ၁၂နာရီခွဲက တိမ်းမှောက်ရာ အမျိုးသမီးတစ်ဦးသေးဆုံးပြီး ဆိုတေးပါဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့အမျိုးသမီးဟာ ဆိုတေးရဲ့ဇနီး မချောချော ဖြစ်ပြီး မိတ္ထီလာဆေးရုံ ရောက်ပြီးမှ သေဆုံးခဲ့တာဖြစ်ပါတယ်။ တေးသံရှင်ဆိုတေးဟာလည်း ခေါင်းကို ပြင်းထန်စွာထိခိုက်ဒဏ်ရာရခဲ့ပြီး ယခုအထိ သတိမရသေးဘူးလို့ ရန်ကုန်-မန္တလေး အမြန်လမ်း ရဲမှူးကြီးနေ၀င်းက ပြောပါတယ်။ ကားပေါ်မှာ လူလေးဦးလိုက်ပါလာပြီး ကျန်အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးဟာ ဒဏ်ရာရခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ သိရပါတယ်။ ဒဏ်ရာရသူတွေကို မိတ္ထီလာဆေးရုံ ကတဆင့် မန္တလေးဆေးရုံကြီးကို သယ်သူပို့ဆောင်ရာ ညနေ သုံးနာရီခွဲမှာ မန္တလေး ဆေးရုံကြီးကို ရောက်ရှိခဲ့ပါတယ်။ (The Modern News Journal)
Posted on: Sun, 14 Jul 2013 10:56:15 +0000

Trending Topics



Recently Viewed Topics




© 2015