LEMV fans များအတွက် - TopicsExpress



          

LEMV fans များအတွက် သီတင်းကောင်းလေးတစ်ခု ပေးချင်ပါတယ်ခင်ဗျာ... ကျွန်တော်တို့ page က MV တွေကို အဓိကထားပြီး တင်ပါတယ်... ဒါပေမယ့် MV ဆိုတာက CD Album တစ်ခုလုံးမှာမှ သူတို့နှစ်သက်တဲ့ သီချင်း သုံးလေးပုဒ်သာ ရိုက်ကူး ဖြန့်ချိတာပါ.. ပြီးတော့ MTV ကအိမ်မှာနားထောင်တာပဲ အဆင်ပြေတာပါ.. လမ်းသွားရင် သိပ်အဆင်မပြေပါဘူး..ဒီတော့ လမ်းလျှောက်ရင်း bus ကားစီးရင်း ကိုယ့်ရဲ့ mobile devices လေးနဲ့ နားထောင်လို့ရအောင် ကျွန်တော်တို့က မနက်ဖြန် တနင်္ဂနွေနေ့မှ စပြီး အပါတ်စဉ် "Album of the week" ဆိုတဲ့ အစီအစဉ် အသစ်တစ်ခုကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်.. ဒီအစီအစဉ်လေးကတော့ ကျွန်တော်တို့ နားထောင် စွဲလန်းခဲ့တဲ့ အဆိုတော်မျိုးစုံရဲ့ Album တွေကို တစ်ပါတ်လျှင် တစ်ချပ်ကျ တင်ပေးမှာ ဖြစ်ပါတယ်.. အခွေဆိုင်ရောက်ပြီး ဘာဝယ်ရမှန်းမသိ ယောင်ချာချာ ဖြစ်တတ်တဲ့ သူများအတွက် သတင်းကောင်း လေးပေါ့ဗျာ... ကဲ ရှည်ရှည်ဝေးဝေး မပြောတော့ပါဘူး.. မနက်ဖြန်မှာ ဘယ်သူ့ရဲ့ ဘယ် Album ကို ဘာကြောင့် ရွေးချယ်တာလဲဆိုတာ တင်ပြရင်း ပြန်လည်ဆုံကြ အုံးစို့ဗျာ.... #J#
Posted on: Sat, 03 Aug 2013 10:46:10 +0000

Trending Topics



Recently Viewed Topics




© 2015