LifeProof nüüd for iPhone 5 LifeProof ရဲ့ Nüüd iPhone5 - TopicsExpress



          

LifeProof nüüd for iPhone 5 LifeProof ရဲ့ Nüüd iPhone5 ဖုန်းခွံတွေက အပေါ်က screen cover တောင်မပါဘဲ waterproof ဖြစ်တဲ့ အပြင် ၆.၆ပေ အထိ drop-resistant ဒဏ်ကို ခံနိုင်ပါတယ်။ ၇၅ရာခိုင်နှုန်းသော အမေရိကန် တွေက သူတို့ရဲ့ ဆဲလ်ဖုန်းတွေကို ရေချိုးခန်းထဲ ယူသွားတတ် ကြပါတယ်။ အဲ့မှာ ပြဿနာ စတာပါပဲ။ ဖုန်းတော်တော် များများက လွတ်ကျပြီး ကွဲတာမျိုး သာမက အိမ်သာထဲ ပြုတ်ကျတာမျိုး တွေတောင် ဖြစ်တတ်ပါတယ်။ ကျွန်တော်တို့ရဲ့ တန်ဖိုးကြီး ဖုန်းတွေကို ကာကွယ်ဖို့ ဖုန်းခွံ case ကောင်းကောင်း လိုလာပါပြီ။ LifeProof က waterproof ဖုန်းခွံတွေက ဒါတွေကို ကောင်းကောင်း ကာကွယ် ပေးမှာပါ။ သူ့ရဲ့လှည့်ကွက် အသစ်က screen cover တောင်မပါဘဲ waterproof ဖြစ်တာပါ။ ဆိုလိုချင် တာက သင်လက်ချောင်းနဲ့သင့် iPhone 5 ရဲ့ Retina Display ကြားမှာ ဘာမှ မရှိပါဘူး။ LifeProof က iPhone5 ရဲ့ built-in feature ဖြစ်တဲ့ Gorilla Glass ကို sealing agent အဖြစ် သုံးထား တာပါ။ seal ကနှစ်ထပ် ရှိပါတယ်။ ပလတ်စတစ် frame မှာသုံးထားတဲ့ silicon နဲ့သူ့ရဲ့ အောက်က ရော်ဘာ အကွပ်ပါ။ ဒီဟာကို မှန်သားပြင် ပေါ်မှာ ဖိကပ်ထား ပြီးတော့ ရေလုံအောင် ပြုလုပ် ထားတဲ့အပြင် display အပေါ်က ထပ်ကာ ထားတာမျိုး မဟုတ်တော့ သူ့ရဲ့ စွမ်းဆောင်ရည်ကို မထိခိုက် စေပါဘူး။ LifeProof ရဲ့ကောင်းတဲ့ အချက် နောက်တစ်ခုက bulky မဖြစ်တာပါ။ များသောအားဖြင့် protection ကောင်းကောင်း ပေးနိုင်တဲ့ case တွေက အကြီးကြီးတွေ များပါတယ်။ LifeProof က waterproof နဲ့၆.၆ပေ အထိ drop-resistant ဖြစ်တဲ့အပြင် သူ့အလေး ချိန်က ၁.၃ အောင်စ လောက်ပဲ ရှိပါတယ်။ ပါးပါးလှပ်လှပ် iPhone5 ကိုနည်းနည်းလေးပဲ ပိုထူသွား စေတာပါ။ ရေထဲကို ပစ်ချပြီး အကြိမ်ကြိမ် စမ်းသပ် ကြည့်ပြီး ဖုန်းခွံကို ဖြုတ်ကြည့်တဲ့ အခါ ဖုန်းကို ခြောက်ခြောက် သွေ့သွေ့ပဲ တွေ့ရပါတယ်။ အပေါ်က screen display ကတော့ ဘာမှ ကာထားတာ မရှိဘူး ဆိုတော့ ရေစို ပေမယ့် ဘာမှ မဖြစ်ပါဘူး။ ရေထဲမှာ ဓာတ်ပုံ ရိုက်ချင် ရင်တောင် ရိုက်လို့ ရပါတယ်။ သတိပြု မိတာ တစ်ခုကတော့ ရေထဲမှာ ဆိုရင်တော့ Capacitive touch screens ကအလုပ် မလုပ်ဘူး ဆိုတော့ volume up button ကိုသုံးပြီး ရိုက်ရမှာပါ။ ပုံထွက် ကလည်း ကောင်းပါတယ်။ drop-resistant ကိုစမ်းသပ်ကြည့် တဲ့အခါ ကျသွားတဲ့ အသံက ရင်တုန်စရာ ကြီးပါ။ ရော်ဘာ အပျော့သားကို ပတ်ပတ်လည် မကာထား တာကြောင့်ပါ။ ဒါပေမယ့် ဖုန်းကို ဘာမှ မထိခိုက် ပါဘူး။ အပေါ်ဘက်က display screen ကိုခြစ်ရာ ထင်မှာ စိုးရင်တော့ scratch protector ပါပါဝင်ပြီး ကပ်၊မကပ် ကတော့ ကိုယ့်သဘောပါ။ ဒီလို ကောင်းကောင်း ကာကွယ် ပေးနိုင်တဲ့ ဖုန်းခွံဆိုတော့ ဈေးကလည်း သက်သာမယ်လို့ မထင်ပါနဲ့။ LifeProof ရဲ့ Nüüd for iPhone ကို $89.99 နဲ့ဝယ်ယူ နိုင်ပြီး Samsung Galaxy S3 အတွက်လည်း မကြာခင် ထုတ်လာတော့ မှာပါ။ ဈေးနည်းနည်း ပိုသက် သာဖို့ မျှော်လင့် ပေမယ့် ကိုယ့်ရဲ့ စိတ်အေးချမ်း သာမှုကို ဒီလောက်တော့ တန်ပါ တယ်နော်။ From: MMYC Myanmar Youth Center
Posted on: Thu, 11 Jul 2013 23:11:39 +0000

Recently Viewed Topics




© 2015