Lloyds TSB ဆို ညနေ ၅ နာရီထိ - TopicsExpress



          

Lloyds TSB ဆို ညနေ ၅ နာရီထိ ဘဏ်ဖွင့်တာ မှတ်မိသေးတယ်။ စနေနေ့ ဆို နေ့ တဝက် ဖွင့်တာကိုလည်း မှတ်မိသေးတယ်။ အဲဒီတော့ ကြားရက်မှာ အတန်းချိန်တွေ ရှိလို့  ဘဏ်မသွားနိုင်တောင် စနေနေ့  မနက်ကို ဘဏ်သွားလို့ ရတော့ အဆင်ပြေတယ်။ ဘဏ်ဖွင့်ချိန်က ဘဏ်ခွဲတွေ နေရာဒေသအလိုက် မတူကြဘူး ။ တနင်္ဂနွေမှာ နေ့ တစ်ပိုင်း ဖွင့်ကြတဲ့ ဘဏ်ခွဲတွေလည်း ရှိတယ်။ HSBC ဆိုလည်း ၉ - ၆ ထိ ဖွင့်တာ များတယ်။ တနင်္ဂနွေနေ့  ဖွင့်တဲ့ ဘဏ်ခွဲတွေလည်း ရှိတယ်။ Barclays မှာ အကောင့်ဖွင့်ဖို့  ကြိုးစားဖူးပေမယ့် sanction ကြောင့် မရခဲ့ဘူး ။ အခု ပြန်ခွင့်ပြုလိုက်ပြီလားတော့ မသိဘူး ။ Barclays လည်း မှတ်မိသေးတယ်။ စနေနေ့  တဝက် ဖွင့်တယ်။ တို့ များ ရွှေပြည်ကြီးကတော့ ဘဏ်လုပ်ငန်းတွေ အင်မတန် အဖွံ.ဖြိုးလွန်ပြီးသားဆိုတော့ ၉ နာရီက ၃ နာရီထိပဲ။ စနေ၊ တနင်္ဂနွေလည်း ပိတ်မြဲ ပိတ်ဆဲ၊ မပြောင်းဘူး ။
Posted on: Sun, 06 Oct 2013 06:32:37 +0000

Trending Topics



Recently Viewed Topics




© 2015