Mashable မှာ What Your College Degree Will Be Worth After 20 - TopicsExpress



          

Mashable မှာ What Your College Degree Will Be Worth After 20 Years ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်း ဆောင်းပါး တစ်ပုဒ်ဖတ်ဖြစ်လိုက်လို့ပါ။ ဒီတော့ မြန်မာပြည်မှာတင် မကပဲ နိုင်ငံတကာမှာ ဘွဲ့ရ၊ ဒီဂရီရ လူငယ် များလည်း အလုပ်အကိုင် အခွင့်လမ်းပြဿနာတွေ ကြုံတွေ့နေရတာကို တပ်အပ်သိမြလိုက်ရပါတယ်။ အနီးစပ်ဆုံးအေနနဲ့ စင်္ကာပူမှာဆိုရလင်ည်း ဒီလိုပါပဲ။ NUS မဟုတ်ပဲ သာမန် အခြား ပုဂ္ဂလိက ကျောင်းဆင်း များအေနနဲ့ အလုပ်ရှာဖွေရန် တော်တော်ကြိုးစားရပါတယ်။ အများအားဖြင့်ကို ဆိုလိုတာပါ။ အချို့ အေနနဲ့ အလုပ် ကို အလွယ်တကူ ရသွားကြပါတယ်။ စင်္ကာပူမှာ ပုဂ္ဂလိက တက္ကသိုလ်ကျောင်းတို့ တက်ရောက်ပြီး ဒီဂရီ ရရှိဖို့ ကြိုးစားနေတဲ့ မိတ်ဆွေ သူငယ်ချင်းအချို့ နဲ့ ဆုံဖြစ်ခဲ့ပါတယ်။ Student Pass နဲ့ ကျောင်းတက်နေပမယ့် အလုပ်မရရင် ဗီဆာ သက်တမ်း တိုးလို့ မရေတာ့ပဲ မြန်မာပြည် ပြန်နေရပါတယ်။ S Pass တို့လို အခြား တရားဝင် အလုပ်လုပ်လို့ ရမယ့် ဗီဆာ မျိုးတို့ရရှိမှ ဆက်နေထိုခွင့်ရတာပါ။ ဒီတော့ Student Pass နဲ့ ကျောင်းတက်နေ တုန်း မြန်မာလူငယ်များဟာ မိမိအရည်အချင်းကို ကြိုးစားမြင့် တက်ကြပါတယ်။ ပြီးတော့ ကျောင်းပြီး တာနဲ့ အလုပ်ရဖို့အရေး ကြိုးစားပန်းစား ရှာဖွေရပြီး အဆင်ပြေသူတွေ ပြေသွားကြပါတယ်။ အိုကေ။ ဒါက နိုင်ငံတကာကို ပြောတာပါ။ မြန်မာပြည်ကို ပြန်ကြည့် ရအောင်။ အသက်မွေးဝမ်း ကျောင်းအတွက် သေချာတဲ့ အလုပ်တစ်ခုပါလို့ ဆုပ်ကိုင်နိုင်တဲ့အင်ဂျင်နီယာ၊ နည်းပညာ၊ ဆေးပညာ ဘာသာရပ်တို့ကို မပြောတော့ပါဘူး။ အခြားသော ဘာသာရပ် အသီးသီးများဖြစ်တဲ့ သင်္ချာ၊ ရူပေဗဒ၊ ဘူမိဗေဒ၊ ဘောဂေဗဒ၊ ဓာတုဇီဝ၊ အင်္ဂလိပ်၊ ရုက္ခဗေဒ၊ အေရှ့ တိုင်းပညာ၊ ယဉ်ကျေးမှု၊ သမိုင်း၊ မြန်မာစာ တို့အပြင် အခြားအခြား ရေတွက်လို့ မကုန်တဲ့ လူတိုင်းတောင် သိရမလွယ်တဲ့ ဘာသာရပ် ပညာရပ်တွေ အများကြီးပါ။ ဒီတော့ တက္ကသိုလ်ကို အမှတ်နည်းနည်းနဲ့အောရင် ယင်းတို့ထဲက အဆင်ပြေမယ့် တစ်ဘာ သာကို ယူပြီး ကျောင်းတက်လိုက်မယ်။ ကျောင်းပြီးရင် ဘွဲ့ယူမယ်။ ပြီးရင် အခြား အလုပ်လုပ် မယ်ဆိုတာ ဖျက်မရတဲ့ ပုံသေနည်းလို ဖြစ်လို့နေပါပြီ။ ဒီတော့ အမှတ်နည်းနည်းနဲ့ခေါ်တဲ့ ဘာသာရပ်တို့အပေါ်မှာ အလုပ်အကိုင်ခွင့်အလမ်း ဖန်တီးမပေးနိုင်က အနာဂတ်မှာ မြန်မာပြည်အတွက် ရဆိုင်စရာ အခက်အခဲတစ်ခုအဖြစ် ရှိလာမှာ ဖြစ်ပါ တယ်။ ပတ်ဝန်းကျင် မိတ်ဆွေတွေထဲမှာလည်း ယင်းကဲ့သို့ အမှတ်နည်းနည်း ဘာသာရပ်များကို အထူးပြုပြီးကျောင်းပြီးတဲ့ သူတွေ ရှိပြီး အချို့ က အခြား အလုပ်တွေနဲ့ အဆင်ပြေသွားပါတယ်။ အချို့ က ဘာအလုပ်မှ အဆင်မပြေပဲ လည်ယာ၊ပြန်စားရေး ဖြစ်သွားပါတယ်။ အချို့ ကျ နိုင်ငံခြားသွားလို့အခြခံ အလုပ်သမားဘဝ ကို ခံယူပါတယ်။ ဒီတော့ အထူးပြု ဘာသာရပ်အသီးသီးကနေ ဆိုရင်ဆိုင်ရာ အသက်မွေးဝမ်းကျောင်း Environment အသီးသီး ဖြစ်ထွန်းလာဖို့ အမှန်တကယ် လိုအပ်နေပါပြီ။ အများစုက စားဝတ်နေရး သင့်တော်ရာ အလုပ် ပြေလည်ဖို့အတွက် (Life Survival Job) ပင်ရင်း ဝါသနာ၊ ကြိုးစားချင်စိတ် တို့ ပျောက်ကုန်ကြပါတယ်။ အဆင်ပြေပြီးရော အလုပ်အကိုင်များကို ရွေးချယ်လုပ် ကိုင်ကြပြီး မြန်မာလူငယ်တို့ရဲ့  ပညာအရည်အချင်းဟာ တစ်နေ့ထက်တစ်နေ့ အတိုက်စား ခံခဲ့ကြရ ပါတယ်။ ဒီကိစ္စ အရင်းအမြစ် ပြဿနာကို မြေလှန်ရင်ဝေးသထက်ဝေးပါလိမ့်မယ်။ အနီးစပ်ဆုံး အနေနဲ့ ပြဿနာ ကိုဖြေရှင်းဖို့အတွက် သင့်မှာလည်း တာဝန် ရှိပါတယ်။ ( From-Tsj team)
Posted on: Sun, 01 Sep 2013 13:42:46 +0000

Trending Topics



Recently Viewed Topics




© 2015