Medicine posting ရောက်တာ ၃လ - TopicsExpress



          

Medicine posting ရောက်တာ ၃လ ပြည့်တောာ့မယ် အခုထိ History သေချာ မမေးတတ်သေးဘူး ဒီနေ့တော့ H/O ကို ရှယ်မေးပစ်မယ်ကွ " အစ်ကို ဘာဖြစ်လို့ ဆေးရုံတက်တာလဲဟင် "" ဖျားလို့ "Fever ဆိုတော့ duration က အရေးကြီးတယ် ရအောင်မေးရမယ်" ဘယ်တုန်းက စဖျားတာလဲ "" အင်း မြိတ်က ပြန်ရောက်ပြီး သိပ်မကြာဘူး ဖျားတာပဲ "" အော် မြိတ်ကနေ ဘယ်တုန်းက ပြန်ရောက်တာလဲ "" အငယ်ကောင်လေးမွေးပြီး တစ်လ လောက်ပဲရှိအုံးမယ် ထင်တယ် "" အင်းလေ ဟုတ်ပါပြီ အငယ်ကောင် ဘယ်တုန်းကမွေးလဲ...ပြော "" နေပါဦး အငယ်ကောင်နဲ့ အကြီးကောင်နဲ့က နှစ်နှစ်ပဲ ကွာတာဆိုတော့ အင်း...အကြီးကောင်အသက်က..."" တော်ပြီ တော်ပြီ ရပြီ မတွက်နဲ့တော့ အဲဒီကလေးမွေးတဲ့လကို မသိဘူးလား ပြောလေ "" အော် မှတ်မိပြီ မှတ်မိပြီ ဆရာ "" ဟင် ဟုတ်လား ပြော ပြော "" ကဆုန်လပြည့်ကျော်ပြီးလို့ လဆုတ် ၄ရက် "" အွန် "ငါတော့ သေတော့မှာပဲနော် duration နဲ့တင် ရွာလည်နေပြီ ခွီး တော်ပြီ တခြားဟာပြောင်းမေးမယ်" အစ်ကို အဖျားကရော ကြီးလားဟင် "" အနေတော်ပဲ "အမ် ဘယ်လိုကြီးတုန်း" ဆရာက ဘယ်အဖျားကို ပြောတာလဲဟင် "ဒုက္ခပဲ ဘယ်အဖျားရှိရမှာလဲ ဘာတွေလျှောက်တွေးနေလဲ မသိဘူး" ကိုယ်ပူပြီး ဖျားတဲ့ အဖျားကိုပြောတာ "" အင်းလေ အရမ်းကြီးလဲ မဖျားဘူး ငွေ့ငွေ့လေးဖျားတာလည်း မဟုတ်ဘူး အဲဒါကြောင့် အနေတော်ပဲလို့ ပြောတာ "အော် အဲလိုလား ငါ့ဘက်ကမှားတာပါ" တခြားရော ဘာတွေဖြစ်သေးလဲဟင် "" ဖြစ်တာကတော့ အစုံပဲ ဆရာ "ဘာတွေပြောအုံးမလဲ မသိဘူး မျက်ခုံးတော့ ခပ်လှုပ်လှုပ်ပဲ" အင်း ပြောကြည့်လေ "" ×××× " " ×××× " " ×××× " "×××× " အောင်မငီး များလိုက်တဲ့ Complaint တွေ ဒါတွေကိုသာ တစ်ခုချင်းလိုက်မေးရရင် သေပီဆရာပဲ ဒါပေမဲ့ မတတ်နိုင်ဘူးလေ မေးရမှာပဲ" ဟို လည်ပင်းမှာ အလုံးစမ်းမိတယ်လို့ပြောတယ်နော် "" အင်း "" ဒါဆို အလုံးက သေးသေးလေးပဲလား အကြီးကြီးလား ကြီးကြီးသေးသေးလား အဲ ဟုတ်ပါဘူး မှားကုန်ပြီ အဲဒါသီချင်းကြီး ဟို အလုံးက စပေါ်တုန်းက ဘယ်အရွယ်လောက်လဲလို့ မေးတာပါ "" စပေါ်တုန်းကတော့ သေးသေးလေးပဲ အခုတော့ ဘောပဲ ဆရာ " " အမ် ဘာပြောတယ် "" အော် အခုတော့ အောက်ကဘော( ဝှေးစေ့ ) လောက်ပဲ ရှိတော့တယ်လို့ ပြောတာပါ "နှိုင်းစရာရှားလို့ ကြံကြံဖန်ဖန် ဒီလူတော့ မဟုတ်တာတွေပဲ တွေးနေတယ်ထင်တယ်" တခြားနေရာတွေမှာရော အလုံးစမ်းမိသေးလား "" အလုံးစမ်းမိတဲ့ နေရာတွေကတော့ အစုံပဲ ဆရာ "လာပြန်ပြီ အစုံပဲဆိုတာကြီးကို ကြောက်ပါတယ်ဆိုနေမေးနေရင်းမှ သူ့ပုံစံကိုကြည့်မိတော့ အသက်က ၃၀ ဝန်းကျင်လောက် အရမ်းပိန်နေပြီးအားနည်းနေတဲ့ပုံစံ skin lesions တွေလည်းတွေ့ရတယ် Chronic fever နဲ့ Generalized lymphadenopathyနဲ့ဆိုတော့ Retro များလားမသိဘူး မဟုတ်ပါစေနဲ့လို့ ဆုတောင်းရင်း Personal H/O ကို ဆက်မေးလိုက်တယ် " ဟိုဟာ အစ်ကို အပျော်အပါး လိုက်စားလားဟင် " " အပျော်အပါးဆိုတာတော့ လူတိုင်း ပျော်ချင်ကြတာပေါ့ဗျာ ဆရာရော မပျော်ချင်ဘူးလား "" အင်း ပျော်ချင်တာပေါ့ အာ မဟုတ်ပါဘူး အဲဒါပြောတာမဟုတ်ဘူး မိန်းမကိစ္စ လိုက်စားလားလို့မေးတာ "" မိန်းမကိစ္စကိုတော့ စိတ်ကိုမဝင်စားတာ သူနဲ့က မတည့်ဘူး သူ့အမျိုးတွေနဲ့လည်း မခေါ်ဘူး "" ကိုယ့်မိန်းမနဲ့ကို ပြောတာမဟုတ်ဘူး တခြားမိန်းကလေးနဲ့ကိုပြောတာ "အဲဒီတော့မှ ကိုယ်တော်ချောက ရုတ်တရက် ထငိုပါလေရော" အီး ဟီး ဟီး ကျွန်တော်မှားတာပါ ဆရာရယ် ဘယ်သူ့ကို အပြစ်တင်ရမှန်းတောင် မသိတော့ဘူး "" အာ မငိုနဲ့လေဗျာ တိတ် တိတ် လိမ္မာတယ် မေးမိတဲ့ ကျွန်တော့်အပြစ်ပါ "" မဟုတ်ပါဘူး ဆရာက အပြစ်မဲ့သူပါ "တော်သေး နို့မို့ဆို ကိုယ်ပါရောပြီး ဇာတ်နာတော့မလို့ Comedy နဲ့စပြီး Drama နဲ့ ဆုံးမဲ့ ဇာတ်လမ်းပဲChart ကိုကြည့်လိုက်တော့ လူနာက ကျွန်တော်ထင်သလို Retro ပါပဲ ကျွန်တော်လည်း မေးပြီးမှ သူ့ကို တော်တော် သနားသွားမိတယ် တကယ်တော့ ကျွန်တော်တို့ဟာ ကိုယ်မေးချင်တာ စမ်းချင်တာကိုပဲ အမြဲရှေ့တန်းတင်လေ့ရှိတယ် လူနာက သူပြောတတ်သလို ရိုးရိုးသားသား ပြောတာကို ကျွန်တော်တို့က ဒီလူနာ မဖြေတတ်ဘူးလို့ ထင်ကြတယ် အမှန်တော့ သူတို့မဖြေတတ်တာထက် ကျွန်တော်တို့ မမေးတတ်တာပါတစ်ခါတစ်လေ လူနာတွေရှေ့မှာ သူတို့နားမလည်းတဲ့ Medical terms တွေနဲ့ ပြောပြီး ရယ်မောနောက်ပြောင်တတ်ကြပါတယ် ကျွန်တော်တို့လည်း လူတွေက ကိုယ်မသိတဲ့စကားတွေနဲ့ ကိုယ့်ဘေးမှာပြောပြီးရယ်နေရင် ကိုယ်ဘယ်လိုခံစားရတယ်ဆိုတာ ကိုယ်ချင်းစာကြည့်လိုက်ပါ ဝေဒနာ ခံစားနေရတဲ့ လူနာတွေဆို ပိုဆိုးတာပေါ့ဗျာမပြန်ခင်တော့ ကျွန်တော် သူ့ကို တစ်ခွန်းမေးလိုက်တယ်" အစ်ကို့ မိန်းမကို အစ်ကို ချစ်လား "သူက အလှဆုံး ပြုံးလိုက်ပြီး " အေး ချစ်တာပေါ့ကွ ချစ်လို့ယူပြီး ကလေး နှစ်ယောက်တောင်မွေးထားတာပေါ့ "သူရော ကျွန်တော်ရော ပြိုင်တူအသံထွက် ရယ်မိလိုက်ကြတယ် စိတ်ထဲမှာတော့ " အဲလို ချစ်တာများ ဘာလို့မဟုတ်တာတွေ လျှောက်လုပ်ရတာလည်းဗျာ " လို့ ပြောနေမိတယ်အော် အိမ်ကွင်း အဝေးကွင်းမရွေး ခြေစွမ်းပြတဲ့ တိုက်စစ်မှုးကြီးပါလားနော်ဘာပဲဖြစ်ဖြစ် ကျွန်တော်ကျေနပ်ပါတယ် သူဘယ်လောက်အသက်ရှင်မလဲ ဆိုတာ ကျွန်တော်မသိဘူး ဒါပေမဲ့ သူအသက်ရှင်စဉ်မှာတော့ သူ့ကို တစ်ခါရယ်အောင် ကျွန်တော် လုပ်ပေးနိုင်ခဲ့တယ်လေ ( ဘာရယ် မဟုတ်ပါဘူး ပိတ်ရက်မှာ စာအုပ်စင် ရှင်းရင်း 3rd MB တုန်းက H/O စာအုပ်လေးတွေ့တော့ H/O မေးရင်း တိုင်ပတ်ခဲ့ဖူးတဲ့ ဘဝကို သတိရမိလို့ပါ Part 2 မှာ မေးတတ်သွားပြီလားဆိုတော့ ပိုဆိုးပါတယ် ဒါပေမဲ့ လူနာတွေနဲ့ စကားပြောရတာကိုတော့ ကျွန်တော်ပျော်ပါတယ် ။ ကျွန်တော့် Wall မှာ တင်ပြီးသား Post အဟောင်းလေးကိုပဲ တင်ပေးလိုက်ပါတယ်။ ဖတ်ပြီးသားသူတွေကိုတော့ တကယ် တောင်းပန်ပါတယ်။ မဖတ်ရသေးတဲ့သူတွေလည်း ရှိမယ်ထင်လို့ပါ။ ဒီရက်ပိုင်း အတွင်းတော့ အဟောင်းထဲက ကောင်းတာလေးတွေပဲ ရွေးတင်ပေးပါမယ်။ Post အသစ် မရေးနိုင်သေးလို့ပါ။ ##ဗီလိန်##
Posted on: Thu, 10 Oct 2013 11:04:25 +0000

Trending Topics



iv>
r>
Love this!!! Helpful info. for beginners using essential oils!
SUNDAY TEST You must be able to recite/sing at least 10 of
Conheça o Edital Amazônia Cultural Com o intuito de fomentar a

Recently Viewed Topics




© 2015