Microsoft ကုမ္ပဏီ - TopicsExpress



          

Microsoft ကုမ္ပဏီ ပြည်တွင်းဈေးကွက်သို့ စဝင် .................................................. ရန်ကုန်၊ ဇွန် ၇ ကမ္ဘာ့ အကြီးဆုံး Software ထုတ်လုပ်သူအဖြစ် သတ်မှတ် ခံထားရသည့် Microsoft ကုမ္ပဏီ၏ ထိပ်တန်း ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် ပြည်တွင်း နည်းပညာ ကုမ္ပဏီတစ်ခုဖြစ် သည့် MIT နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ ဈေးကွက်သို့ စတင် ဝင်ရောက်ပြီ ဖြစ်ကြောင်း ဇွန်လ ၆ ရက်နေ့တွင် Microsoft က အတည်ပြု ကြေညာသည်။ Microsoft ကုမ္ပဏီ၏ Corporate Vice President ဖြစ်သူ Dan’1 Lewin ဦးဆောင်သည့် အဖွဲ့သည် နေပြည်တော်တွင် ကျင်းပသည့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့ စီးပွားရေးဖိုရမ်သို့ တက်ရောက် ရန် မြန်မာ နိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်ပြီး ၎င်း၏ ခရီးစဉ်အတွင်း MIT ကို မိတ်ဖက်အဖြစ် ခန့်အပ်ကြောင်း ကြေညာခြင်းဖြစ်သည်။ ပြည်တွင်း၌ Software ရေးဆွဲခြင်း နှင့် နည်းပညာ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် MIT (Myanmar Information Technology Co.,Ltd) ကို Microsoft ၏ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံး ဈေးကွက်ဖွံ့ ဖြိုးမှုမိတ်ဖက် (Market Development Partner) သစ် အဖြစ် ရွေးချယ်လိုက်ကြောင်း အရှေ့တောင်အာရှဒေသ အထွေထွေ မန်နေဂျာ Jamie Harper က ပြောကြားသည်။ Microsoft ကပြည်တွင်းသို့ တရားဝင် ဝင်ရောက်လာပြီ ဖြစ်သဖြင့် Microsoft ထုတ်ကုန်များအတွက် နည်းပညာ အထောက်အပံ့များ ရရှိနိုင်မည် ဖြစ်ကြောင်း အိုင်တီပညာရှင် ဦးဇော်မင်းဦးက ပြောကြားသည်။ “အထူးသဖြင့် Microsoft Software တွေကို ဈေးသက်သက်သာသာနဲ့ တရားဝင် အသုံးပြုလာ နိုင်မယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။ MIT သည် မြန်မာနိုင်ငံရှိ အစိုးရ ဌာနများ၊ ကျန်းမာရေး၊ ငွေကြေးနှင့် ဘဏ်လုပ်ငန်း ကဏ္ဍများတွင် နည်းပညာ ဝန်ဆောင်မှုများ ပေးအပ်လျက် ရှိပြီး ဝန်ထမ်းပေါင်း ၃၀၀ ကျော်ရှိသည့် ပြည် တွင်းကုမ္ပဏီကြီး တစ်ခုဖြစ်သည်။
Posted on: Sat, 08 Jun 2013 06:59:27 +0000

Trending Topics



Recently Viewed Topics




© 2015