Myanma Radio and Television ( MRTV - TopicsExpress



          

Myanma Radio and Television ( MRTV ) ပေါက်ကွဲမှုများတွင် သံသယရှိသူများအား ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် ၂၄ နာရီအတွင်း ဖော်ထုတ်ရရှိ ++++++++++++++++++++++++++++++++++++++++++++++ နိုင်ငံတော်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန် ရည်ရွယ်ပြီး ယခုရက်ပိုင်းအတွင်း တိုင်းဒေသကြီးအချို့တွင် မသမာသူများက ဖောက်ခွဲမှုများအား လုပ်ဆောင်ခဲ့ကြသည်။ အထူးသဖြင့် ပြည်သူများ ထိတ်လန့်မှု၊ စိုးရိမ်ကြောင့်ကျမှုများ ဖြစ်ပေါ်စေပြီး နိုင်ငံ တည်ငြိမ်အေးချမ်းမှုကို ထိခိုက် ပျက်ပြားစေရန် ဦးတည်ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည်။ ရန်ကုန်တိုင်းဒေသကြီး စော်ပွားကြီးကုန်း၊ အဝေးပြေးကားဝင်းရှေ့ ကားမှတ်တိုင်ရှိ ခရီးသည်နားနေဆောင် ပေါက်ကွဲမှု၊ သာကေတမြို့နယ် အခွန်လွတ်ဈေး ခြံစည်းရိုးအနီး ပေါက်ကွဲမှု၊ အလုံမြို့နယ် ကမ်းနားလမ်းရှိ Western Park II စားသောက်ဆိုင် စားပွဲခုံအောက်တွင် ကြွပ်ကြွပ်အိပ်ဖြင့် ထုပ်ထားသည့်မိုင်း တွေ့သည့်ဖြစ်စဉ်နှင့် ကျောက်တံတားမြို့နယ် ကုန်သည်ကြီးများဟိုတယ်၊ အခန်းအမှတ် ၉၂၁ တွင် ပေါက်ကွဲမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုဖြစ်စဉ်များတွင် သံသယရှိသူ စောမြင့်လွင် (ခ) မောထ ဆိုသူအား ဖြစ်စဉ်ဖြစ်ပွားပြီး ၂၄ နာရီအတွင်း ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။ ထို့အပြင် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှ ဖြူးမြို့သို့ ထွက်ခွာလာသည့် ဇေယျာဟိန်း ယာဉ်လိုင်းပေါ်တွင် ကြွပ်ကြွပ်အိပ်ဖြင့် ထုပ်ထားသည့်မိုင်း တွေ့သည့်ဖြစ်စဉ်နှင့် တောင်ငူမြို့ ချမ်းမြေ့တည်းခိုခန်းအပေါ်ထပ် အခန်းအမှတ် ၆ တွင် ပေါက်ကွဲမှုဖြစ်စဉ်တို့တွင် ပြစ်မှုကျူးလွန်သူဟုယူဆရသူမှာ စောစောထွန်းဆိုသူဖြစ်ကြောင်း ဖော်ထုတ်ရရှိပြီး ၄င်းအား ဖမ်းဆီးရမိရေးအတွက် ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ အလားတူ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၁၆ လမ်းနှင့် လမ်း ၈၀ ထောင့် စားသောက်ဆိုင်တစ်ဆိုင် မိုင်းတွေ့သည့်ဖြစ်စဉ်၊ ရွှေပြည့်စုံတည်းခိုခန်း စားသောက်ခန်း ပေါက်ကွဲမှုနှင့် ဆွမ်းဦးပုညရှင်စေတီ ယာဉ်ရပ်နားနေရာ ပေါက်ကွဲမှု ဖြစ်စဉ်တို့အတွက် တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် တရားဥပဒေစိုးမိုးရေးအဖွဲ့များက ပြည်သူလူထုနှင့် ပူးပေါင်းဖော်ထုတ် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ youtu.be/_HW-j4wzGoY
Posted on: Tue, 15 Oct 2013 10:07:21 +0000

Trending Topics



Recently Viewed Topics




© 2015