Myanmar Police Group ဆိုတဲ့ Group - TopicsExpress



          

Myanmar Police Group ဆိုတဲ့ Group တစ်ခုထဲသတင်းရချင်စိတ် ရဲတွေရဲ့ အကြောင်းသိချင်စိတ်နဲ့ member အဖြစ်ဝင်ထားတယ်။ ၀င်မကြည့်ဖြစ်တာကြာတော့ ဒီနေ့ဝင်ကြည့်ဖြစ်တယ်။ post တစ်ခုမှာရေးထားတာက ၂လုံး၊၃လုံးရောင်းတာတွေကနေစပြီး ရဲတွေလာဘ်စားချင်ရင်တိုင်လို့ရတဲ့ဖုန်းနံပါတ်၊လိပ်စာတွေကို တစ်ယောက်ကတောင်းတာတွေ့ရတယ်။ အဲဒီပို့စ်အောက်မှာရဲတွေပိုက်ဆံမလောက်လို့လာဘ်စားရတာဖြစ်ကြောင်း၊ သို့သော်လည်း မချမ်းသာကြကြောင်း၊မိသားစုအတွက်သာဖြစ်ကြောင်း ရဲမှုမထမ်းမနေရ ဥပဒေထုတ်ကြည့်ရင် ၄င်းတို့၏ဘ၀ကိုစာနာမည်ဖြစ်ပါကြောင်း စသဖြင့်...ကြောင်းပါများစွာနဲ့ လာဘ်စားခြင်းဟာ အပြစ်မရှိကြောင်း ပြောင်းပြောင်းတင်းတင်းကိုငြင်းခုံတာတွေ့ရတော့ တော်တော်လေးစိတ်မကောင်းဖြစ်မိတယ်။ သတင်းထောက်လုပ်သက်တစ်နှစ်ကျော်ကျော်လေးအတွင်းမှာ ရဲတော်တော်များနဲ့စကားပြောဖြစ်ခဲ့ဖူးလို့ သူတို့ရဲ့အခက်အခဲတစ်ချို့ကိုစာနာခဲ့ဖူးပါတယ်။ အချိန်ရှားပါးမှု၊ငွေရေးကြေးရေးမပြေလည်မှု၊မိသားစုနဲ့ဝေးကွာမှုနဲ့ အထောက်အကူပစ္စည်းချို့တဲ့မှုတွေကို ကြားခဲ့ဖူးပါတယ်။ ဒါပေမယ့်..ဒီအခက်အခဲတွေအပေါ်ဖြေရှင်းနည်းဟာ ပြည်သူလူထုဆီက အေးဓားမြ တိုက်တဲ့ လာဘ်စားနည်းတော့မဖြစ်သင့်တော့ပါဘူး၊ စီမံခန့်ခွဲမှု အလွဲတွေကိုပဲအပြစ်တင်သင့်ပါတယ်။ ရဲဝန်ထမ်းတွေလည်း လစာတိုးသင့်သလောက်တိုးပါတယ်။ နောက်ပြီး ရဲအတွက်က ရဲတန်းလျားဆိုတာလည်းရှိပါတယ်။ ချို့တဲ့တိုင်းသာ သူများပိုက်ဆံအိတ်မျက်စောင်းထိုးမယ်ဆိုရင်တော့ အိုတီကြေးအပါအ၀င်တစ်လလုပ်ခခြောက်သောင်းလောက်ရတဲ့ အထည်ချုပ်ဝန်ထမ်းမလေးတွေလည်း အကုန်သူခိုးဖြစ်ကုန်ပါလိမ့်မယ်။ စီမံခန့်ခွဲမှုအလွဲလို့ မမြင်ပဲ ပြည်သူကိုအကာအကွယ်ပေးမယ့် တရားဥပဒေ စိုးမိုးရေးကိုစောင့်ရှောက်မယ့် ရဲတွေအတွက် လာဘ်စားခြင်းဟာ ဖြစ်သင့်တဲ့ကိစ္စတစ်ခုလို့ပဲဆက်မြင်နေမယ်ဆိုရင်တော့........။ — feeling ပြည်သူ့ရဲတို့၏ mind set အားစိတ်ပျက်လက်ပျက်ဖြစ်.
Posted on: Sat, 31 Aug 2013 19:48:13 +0000

Trending Topics



Recently Viewed Topics




© 2015