NUS ဘွဲ့လွန် - TopicsExpress



          

NUS ဘွဲ့လွန် ဒီပလိုမာကျောင်းလခ ချေးငွေ ၉၀ ရာခိုင်နှုန်း လျှောက်ထားတက်ရောက်နိုင် ရန်ကုန်၊ ဇူလိုင် ၁၅ စင်ကာပူ အမျိုးသားတက္ကသိုလ် (NUS) ၏ Institute of System Science ကွန်ပျူတာဘွဲ့လွန် ဒီပလိုမာသင်တန်းကို မြန်မာနိုင်ငံမှ အရည်အချင်း ပြည့်မီသူများ ကျောင်းလခချေးငွေ (Tuition Fee Loan) ၉၀ ရာခိုင်နှုန်းအထိ လျှောက်ထား တက်ရောက်နိုင်ကြောင်း ပညာရေးဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သည့် Crown Education မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါ ဘွဲ့လွန်ဒီပလိုမာသည် မြန်မာနိုင်ငံမှ ကွန်ပျူတာသိပ္ပံဘွဲ့ ရရှိထားသူများ၊ အိုင်တီနယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံ ရှိထားသူများ လျှောက်ထားနိုင်ပြီး ဝင်ခွင့်ရရှိသူများ အနေနှင့် Industry Attachment နှင့် အတူ လက်တွေ့လုပ်ငန်းခွင် ၁၈ ပတ် အပါအဝင် စုစုပေါင်း သင်တန်းကာလ ၁၃ လ ကြာမြင့်မည်ဖြစ်ကာ ပေးဆောင်ရမည့် ကျောင်းလခများအတွက် ချေးငွေ (Tuition Fee Loan (TFL) Scheme) ကို ၉၀ ရာခိုင်နှုန်းအထိ လျှောက်ထားနိုင်သည်။ အဆိုပါ NUS ၏ Institute of System Science ဘွဲ့လွန်ဒီပလိုမာသင်တန်း ဝင်ခွင့်နှင့် စင်ကာပူနိုင်ငံတွင် လိုအပ်လျက်ရှိသည့် IT Industry အကြောင်း မိတ်ဆက် ဟောပြောဆွေးနွေးပွဲကို ဇူလိုင်လ ၁၈ ရက် ကြာသပတေးနေ့ ညနေ ၃ နာရီ၌ CROWN Education Learning Center တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း CROWN Education မှ စုံစမ်းသိရှိရသည်။ အဆိုပါ ပရိုဂရမ်တွင် Design Based on Rational Unified Process (RUP) နှင့် Unified Modeling Language (UML) များ၊ Object Oriented Programme များဖြစ်သော C#.Net,Java.JSP,EJB (Enterprise Java Bean) on J2EE တို့အပြင်၊ ASP.NET, WML နှင့် J2ME အသုံးပြုပြီး Web Services and Mobile Solution များကိုပါ လေ့လာသင်ယူရမည် ဖြစ်ကြောင်း၊ ကျောင်းပြီး အလုပ်အကိုင် အခွင့်အလမ်း အနေနှင့် ပြည်တွင်းပြည်ပတွင် IT Auditor၊ IT Security Engineer တစ်ဦးအဖြစ် လုပ်ကိုင်နိုင်ကြောင်း အဆိုပါသင်တန်း၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ဘွဲ့လွန်ဒီပလိုမာ တက်ရောက်လိုသူများအတွက် ဝင်ခွင့်စာမေးပွဲကို မြန်မာနိုင်ငံတွင် လာရောက်စစ်ဆေးပေးမည် ဖြစ်ပြီး Aptitude Test နှင့် Interview ဖြေဆိုအောင်မြင်မှသာ တက်ရောက်နိုင်မည် ဖြစ်သည်။ ဆွေးနွေးပွဲ တက်ရောက်လိုသူများနှင့် အသေးစိတ် သိရှိလိုသူများသည် CROWN Education Learning Center၊ အမှတ် (၂၇၀) ပထမထပ်၊ အခန်း (၁-ဘီ)၊ မြေနီကုန်း၊ ပြည်လမ်း၊ ကောင်းမြတ် မွန်ဆေးခန်း အပေါ်ထပ်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း ၀၉-၇၃၂၇၃၂၇၇ နှင့် ၀၁-၅၂၇၈၃၈ သို့ ကြိုတင်စာရင်းပေး စုံစမ်းနိုင်သည်။ The Voice Weekly
Posted on: Tue, 16 Jul 2013 13:40:00 +0000

Recently Viewed Topics




© 2015