Plane and Geodetic Surveying ( - TopicsExpress



          

Plane and Geodetic Surveying ( ရေပြင်ညီနှင့်ကမ္ဘာ့ပထ၀ီဆိုင်ရာတိုင်းတာခြင်း ) ပြင်ညီဖေါ်ဆောင်မှု၌ ရေပြင်ညီ ( Horizontal Plane ) ၊ အစဉ်အတိုင်း (Line) နှင့် ထောင့်အတိုင်းအတာ (Angular measurement) တို့ကို (Horizontal dimension ) ရေပြင်ညီအကွာအဝေးများ တိုင်းတာရရှိရန် ဆောင်ရွက်ရခြင်း။ လက်ရှိမြေပြင် မို့မောက် တွန့်ခေါက် ခုံးခွက် တည်ရှိနေမှုများ၏ အကွာအဝေးများကို အထူးတလည် Scale Model အဖြစ်တိကျစွာ ဖေါ်ပြနိုင်ခြင်းအားဖြင့်၎င်း၊ မရှိနိုင်သည့်အလို့ငှာ Plane and Geodetic Surveying ဟူ၍ နှစ်မျိုးကွဲထွက်ပေါ်ပေါက်လာသည်။ Horizontal Plane ရေပြင်ညီတိုင်းတာမှုမှာ ကမ္ဘာ့ဗဟိုချက်အား Plump Line ချိန်ကျရာဦးတည်မှု၊ တစ်နည်းအားဖြင့်ဆိုသော် ရေပြင်ညီတိုင်းတာမှုမှ Vertical အောက်တည့်တည့်လိုင်းသည် ကမ္ဘာ့ဗဟိုချက်မှနေရာသို့ရည်ညွှန်းသည်။ကမ္ဘာကြီး၏လုံးဝန်းသော ဦးတည်ရာ Plump Line များသည် ကွဲပြားခြားနား ဦးတည်ရာများရှိနေ၍ သာမန်ဖြစ်တည်မှု အမှန်တစ်ကယ်လိုင်းများ လားရာမရှိကြပေ။ သတ်မှတ်သောမျဉ်းပြိုင်နှင့် ရေပြင်ညီလိုင်းများသည် Point တစ်ခုတည်း၌ မျဉ်းပြိုင်လျက်မဆုံဆည်းကြပေ။ မည်သည့်အတွက်ကြောင့်ဆိုသော် ကမ္ဘာကြီး၏ မျက်နှာပြင်ပတ်လည်သည် ပုံမှန်မဟုတ်သော၊ရေပြင်ညီမဟုတ်သော အခုံးအခွက်များနှင့်လည်း တည်ဆောက်ထားပေသည်။ ၎င်းမျက်နှာပြင်အား ဦးထုတ်၏လျှာသကဲ့သို့ ပျမ်းမျှ ပင်လယ်မျက်နှာပြင် (Main Sea Level) ဟုယူဆလျှက် ဖြန့်ကျက်တိုင်းတာလုပ်ဆောင်သွားရမည်။ ယေဘူယျအားဖြင့် ကျယ်ဝန်းလှသော ကမ္ဘာ့အခုံးမျက်နှာပြင်အား တပြေးညီဟုယူဆလျက် ကမ္ဘာကြီး၏ပျမ်းမျှမျက်နှာပြင် (Main Surface) တစ်ခုခုသတ်မှတ်ကာ ဧရိယာတစ်ခုအတွက်၊ ဒေသတစ်ခုအတွက်၊ နိုင်ငံတစ်ခုအတွက် ၎င်းမျက်နှာပြင်အား Horizontal Plane အဖြစ်ယူဆသတ်မှတ်ရမည်။ ၎င်းကို Surveying Method အနေဖြင့် ရေပြင်ညီ(သို့မဟုတ်) မြေပြင်ညီ Plane Surveying ဟုခေါ်သည်။ ၎င်းကဲ့သို့ရေပြင်ညီယူဆချက်ဖြင့်တိုင်းတာရာတွင် ကမ္ဘာမျက်နှာပြင် အစိတ်အပိုင်း တည်နေရာတစ်ချို့ကိုသော်၎င်း ကျယ်ဝန်းလှသော ဧရိယာသော်၎င်း တိကျသောတိုင်းတာခြင်း Accurate Survey အဖြစ် အကျုံးဝင်မသတ်မှတ်နိုင်ပါ။ ကမ္ဘာကြီး၏ခုံးခွက်မှုအား တိကျသေချာသော Accuracy မသတ်မှတ်နိုင်ဘဲခွင့်ပြုသတ်မှတ်နိုင်သော Allowance တစ်ခုခုသတ်မှတ်ထား၍ ၎င်းဧရိယာ၏ အတွင်းဒေါင့် အကျယ်ဒေါင့် တို့အား Controlling Factor or Scale Factor ထားရှိ၍ ကမ္ဘာ့မျက်နှာပြင် တည်နေရာပေါ်ကို တိကျသော သတ်မှတ်ချက်ပုံစံမဟုတ်ဘဲ Geometrical Figure ဂျီအော်မေထရီ ပုံပန်းသဏ္ဌာန်ဖြင့် တွက်ချက်တိုင်းတာချမှတ်ခြင်းကို Geodetic Surveying ဟုခေါ်သည်။ ၎င်းကဲ့သို့ကွဲပြားခြားနား ရာတွင် 76 square mile ၌ 1 second ကျယ်သော ဧရိယာအတွက် Plane Surveying အားတိကျသော Accuracy သုံးစွဲကာ ဆောင်ရွက်နိုင်သည်။တစ်နည်းအားဖြင့်ဆိုသော် မိုင် ၁၀၀ ပတ်လည်အတွင်းရှိ ဧရိယာ၊စီမံကိန်း၊ ဆိုဒ် တစ်ခုအားခွဲခြား၍ လုပ်ဆောင်တိုင်းတာနိုင်သည်။
Posted on: Sat, 10 Aug 2013 04:15:08 +0000

Trending Topics



Recently Viewed Topics




© 2015