Prepaid Meter Billing စနစ် ဆီသို့ .... - TopicsExpress



          

Prepaid Meter Billing စနစ် ဆီသို့ .... ရေးသားသူ ဦးထွန်းဝဏ္ဍ( Htun-Wunna) January 21, 2014 at 1:33am မြန်မာ့လူမှုဘ၀ တိုးတက်မြင့်မားရေး အတွက် အရေးပါသည့် လျှပ်စစ် သုံးစွဲမှု အခြေအနေ ကုန်ကျစရိတ်၊ ခေတ်နှင့် အညီ အဆင့်တိုးမြင့်မှုများ လုပ်ဆောင်ရန် အတွက် ပညာရှင် တဦးဖြစ်သူ ကိုထွန်းဝဏ္ဍ ရေးသားသည့် သုံးသပ်ချက်ကို ထပ်ဆင့် ဖေါ်ပြလိုက်ပါသည်။ ကိုထွန်းဝဏ္ဍ၏ တင်ပြချက်တွင် ............. လက်ရှိ ကျွန်တော်တို့ဆီမှာ လစဉ် မီတာခ ကောက်တဲ့ ပုံစံမှာ ကျွန်တော် သိသလောက် လုပ်ဆောင်ရတဲ့ အဆင့်တွေကတော့… (၁) တပ်ဆင်ထားတဲ့ မီတာတွေရှိတဲ့ နေရာကို မီတာဖတ်စာရေးတစ်ယောက်ဟာ လစဉ် လတစ်လရဲ့ ပထမ အပါတ်ထဲမှာ မီတာယူနစ်ကို တစ်အိမ်ဝင် တစ်အိမ်ထွက် ကိုယ်တိုင်မျက်မြင် သွားဖတ်ရပါတယ်… (( မီတာဖတ် စာရေး တစ်ယောက်ကို မီတာအလုံး (၁၀၀၀) ဖတ်နိုင်ဖို့ လျာထားတဲ့ အတွက် ရန်ကုန်တိုင်း တစ်ခုထဲမှာကို မီတာဖတ်စာရေး (၁၀၀၀) လောက် ခန့်ထားရပါတယ်… မီတာဖတ်စာရေး တစ်ယောက်ရဲ့ လစာကို ပျမ်းမျှလစာ (၆၀၀၀၀) ကျပ်နဲ့ တွက်မယ်ဆိုရင် လစဉ် လစာ သိန်း (၆၀၀) ကျပ် ကုန်ကျမှာ ဖြစ်ပါတယ်… တစ်နှစ်စာဆိုရင်တော့ ကျပ်သိန်းပေါင်း (၇၂၀၀) ကုန်ကျမှာပါ…. တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင်တော့ ဒိထက် အဆများစွာ ကုန်ကျမှာ ဖြစ်ပါတယ်…. )) (၂) လစဉ် မီတာ ယူနစ်ဖတ်ချက်ကို မီတာနံပါတ်အလိုက် ပြုလုပ်ထားတဲ့ ကဒ်ပြားမှာ လက်ရေးနဲ့ ရေးဖြည့်ရပါတယ်…. (( အဲဒိအတွက် လယ်ဂျာစာရေး ခန့်ထားရပါတယ်…. လယ်ဂျာစာရေး ၀န်ထမ်း အရေအတွက်ကလဲ မီတာဖတ်စာရေး နီးပါး ရှိတဲ့အတွက် လစာကုန်ကျစရိတ်က အထက်က တင်ပြခဲ့သလောက် ထပ်မံ ကုန်ကျမှာ ဖြစ်ပါတယ်…. )) (၃) လယ်ဂျာဖြည့်ပြီး … စာရင်းတွေ စစ်ဆေး အတည်ပြုပြီး…. သတ်မှတ်ပုံစံတွေ လုပ်ဆောင်ပြီးတဲ့ အခါမှာတော့ Bill စာရွက် ထုတ်ဖို့ ပြုလုပ်ရပါတယ်…. (( Bill စာရွက် တစ်စောင်အတွက် စာရွက် / ဆေးဖိုး / ပြုလုပ်ခ တွေအတွက် (၂၅) ကျပ် နဲ့ တွက်မယ်ဆိုရင် ရန်ကုန်တိုင်း တစ်ခုမှာတင် လစဉ် ကျပ် သိန်း (၂၅၀) ကုန်ကျမှာပါ… တစ်နှစ်ဆိုရင်တော့ ကျပ်သိန်း (၃၀၀၀) ကုန်ကျမှာ ဖြစ်ပါတယ်…. )) (၄) မီတာတစ်လုံးခြင်းအလိုက် ထွက်လာတဲ့ Meter Bill တွေကို လစဉ် ဒုတိယအပါတ်လောက်မှာ မီတာဖတ်စာရေးတွေက အိမ်ပေါက်စိ လိုက်ဝေပေးရပါတယ်…. (၅) လစဉ် တတိယအပါတ် နဲ့ နောက်ဆုံးအပါတ်တွေမှာ မီအသုံးပြုသူတွေက သက်ဆိုင်ရာ မြို့နယ်ရုံးတွေမှာ မီတာခကို လာရောက်ပေးသွင်းရပါတယ်… (( အဲဒိအတွက် ပိတ်ရက်မရှိ မီတာခ လက်ခံနိုင်အောင် မြို့နယ်ရုံး တစ်ရုံးမှာ အနည်းဆုံး (၃) ယောက်တော့ ခန့်ထားရပါတယ် … ရန်ကုန်တိုင်း တစ်ခုအတွက် ပျမ်းမျှ ၀န်ထမ်း (၂၀၀) ရှိတယ်လို့ ယူဆပြီး … ပျမ်းမျှလစာကို (၆၀၀၀၀)ကျပ်နဲ့ပဲ တွက်မယ်ဆိုရင် တစ်လကို ကျပ်သိန်း ( ၁၂၀) ဖြစ်ပြီး …. တစ်နှစ်ကို ကျပ်သိန်း (၁၄၄၀) ဖြစ်ပါတယ်… )) (၆) ဒါ့အပြင် ကောက်ခံရရှိတဲ့ မီတာခတွေကို စုစည်းပြီး ဘဏ်မှာ ပေးသွင်းဖို့ ကျွမ်းကျင် ဘဏ္ဍာရေးဝန်ထမ်း အနည်းဆုံး (၃) ဦးလောက် ခန့်ထားရပါသေးတယ်… (( အဲဒိအတွက် လစာကုန်ကျစရိတ်ကတော့ ရန်ကုန်တိုင်း တစ်ခုအတွက် ပျမ်းမျှ ၀န်ထမ်း (၂၀၀) ရှိတယ်လို့ ယူဆပြီး … ပျမ်းမျှလစာကို (၈၀၀၀၀)ကျပ်နဲ့ပဲ တွက်မယ်ဆိုရင် တစ်လကို ကျပ်သိန်း ( ၁၆၀) ဖြစ်ပြီး …. တစ်နှစ်ကို ကျပ်သိန်း (၁၉၂၀) ဖြစ်ပါတယ်… ))) ကျန်တဲ့ အိမ်ခန်းနေရာ ၊ အဆောင်နေရာ ချထားပေးတာ …. ဖယ်ရီကြိုပို့ပေးတာ စတဲ့ ကုန်ကျစရိတ်တွေကို ထည့်မတွက်ပဲ ခန့်ထားဝန်ထမ်းတွေရဲ့ လစာ တစ်ခုကိုပဲ တွက်ကြည့်မယ်ဆိုရင်… မီတာဖတ်စာရေး (၁၀၀၀)ဦး x (၆၀၀၀၀) ကျပ် x (၁၂) လ = ၇၂၀၀ သိန်း လယ်ဂျာစာရေး (၁၀၀၀)ဦး x (၆၀၀၀၀) ကျပ် x (၁၂) လ = ၇၂၀၀ သိန်း မီတာခ လက်ခံဝန်ထမ်း (၂၀၀)ဦး x (၆၀၀၀၀) ကျပ် x (၁၂) လ = ၁၄၄၀ သိန်း ဘဏ္ဍာရေးဝန်ထမ်း (၂၀၀)ဦး x (၈၀၀၀၀) ကျပ် x (၁၂) လ = ၁၉၂၀ သိန်း Bill စာရွက်ကုန်ကျစရိတ် (၂၅၀) သိန်း x (၁၂) လ = ၃၀၀၀ သိန်း စုစုပေါင်း တစ်နှစ်ကုန်ကျစရိတ် ဆိုရင်တော့ ကျပ်သိန်းပေါင်း (၂၀၇၆၀) ဖြစ်ပါတယ်…. မီသုံးစွဲသူတွေ နှစ်စဉ်တိုးတက်များပြားလာတာနဲ့ အမျှ ၀န်ထမ်းတွေလဲ တိုးခန့်နေရသလို…. မီတာခ ပေးချေဖို့အတွက် အများပြည်သူဟာလဲ မီတာရုံးကို လစဉ်လာနေရလို့ သွားခ / လာခ ကုန်ကျစရိတ် အပြင် အချိန်ကုန် အလုပ်ပျက်တာတွေလဲ လစဉ် ကြုံတွေ့နေကြရပါတယ်… ဒီလောက် ထုထည်ကြီးမားတဲ့ ပြသာနာကြီးကို အခြား နိုင်ငံတွေမှာတော့ IT နည်းပညာတွေ ၊ Control နည်းပညာတွေ အသုံးပြုပြီး ကျော်လွှားခဲ့ကြတာ တွေ့ရပါတယ်…. အဲဒါကတော့ မီတာခကို ယခု ကျွန်တော်တို့ သုံးနေတဲ့ Mobile ဖုန်း Bill ဆောင်သလို ကြိုတင်ငွေပေးချေတဲ့ စနစ်ကို ပြောင်းလိုက်တာပါပဲ…. မဖြစ်နိုင်ပါဘူးကွာ…. နောက်မှ လုပ်ကြတာပေါ့ …. ခုလဲ ဒီအတိုင်း အဆင်ပြေနေတာပဲ မလိုသေးပါဘူးကွာ … ဆိုပြီး ထားလိုက်ရင်တော့ … ဘယ်တော့မှလဲ ဖြစ်လာမယ် မထင်ပါဘူး…. အဲဒိလိုပြောနေကြတဲ့ သူတွေကြားထဲကနေ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဖုန်း Bill ပေးဆောင်ရတဲ့ စနစ်ကို Manual ကနေ Prepaid စနစ်ကို လွန်ခဲ့တဲ့ (၁)နှစ်ကျော် (၂)နှစ်လောက် ကတည်းက တစ်ဆင့်ပြီး တစ်ဆင့် ပြောင်းလာခဲ့တာ အခုဆိုရင် အားလုံးအဆင်ပြေနေကြပြီး… ဌာနရော ၊ ပြည်သူတွေရော အဲဒိ စနစ်ရဲ့ အကျိုးကျေးဇူးကို ယနေ့ လက်တွေ့ ခံစားနေကြရပြီ ဖြစ်ပါတယ်… လျှပ်စစ် ဌာနအတွက် ယခု ပြောင်းလဲ တပ်ဆင်နေတဲ့ Digital Meter တွေကို ဆက်သွယ်ရေးက တည်ဆောက်ထားတဲ့ တာဝါတိုင်တွေက တစ်ဆင့် ချိတ်ဆက်ပြီး လုပ်ဆောင်တဲ့ နည်း (သို့မဟုတ်) လျှပ်စစ်ဌာနပိုင် တာဝါတိုင်တွေကို ကိုယ်တိုင်တည်ဆောက်ပြီး သီးသန့် Network ထူထောင်တဲ့နည်း တွေနဲ့ လုပ်ဆောင်လို့ ရပါတယ်… တာဝါတိုင် တည်ဆောက်တဲ့ လုပ်ငန်းဆိုတာလဲ လျှပ်စစ်ဌာနမှာ အမြဲတန်းလို လုပ်နေရပြီး … အတွေ့ကြုံရှိ ၀န်ထမ်းတွေလဲ အများကြီး ရှိပြီးသားပါ… အဲဒိလို ပြောင်းလဲ လုပ်ဆောင်လိုက်တဲ့အတွက် ကနဦးမှာ တာဝါတိုင် ၊ Wireless Devices ၊ Control Devices ၊ Database Servers ၊ Billing Server စတာတွေအတွက် ကုန်ကျမှာ ဖြစ်ပေမယ့် တည်ဆောက်ပြီးသွားပြီဆိုရင်တော့ ကျွန်တော် အထက်က တွက်ပြခဲ့တဲ့ နှစ်စဉ်ကုန်ကျစရိတ် ကျပ်သိန်းပေါင်း (၂) သောင်းကျော်ရဲ့ (၇၅) ရာခိုင်နှုံန်းကို လျော့ချ သွားနိုင်မှာ ဖြစ်ပါတယ်…. ရရှိလာမယ့် အကျိုးကျေးဇူးတွေကတော့… လျှပ်စစ်ဌာနအတွက် (၁) မီတာ Bill အတွက် ကုန်ကျနေတဲ့ ၀န်ထမ်းစရိတ် (၇၅) ရာခိုင်နှုန်းကို လျော့ချနိုင်ပါမယ်… (၂) Prepaid စနစ်ဖြစ်တာကြောင့် ကြွေးကျန်ဆိုတာကြီး ပျောက်သွားမှာ ဖြစ်ပါတယ်… (၃) လက်ရှိ လုပ်နေရတဲ့ Manual Process တွေ လုပ်စရာ မလိုတော့ပဲ စက်တွေနဲ့ပဲ ထိန်းချုပ်ထားလို့ လုပ်ငန်းတွေဟာ သက်သာတဲ့အပြင် မြန်ဆန်၊ လွယ်ကူ ၊ တိကျ မှာ ဖြစ်ပါတယ်… (၄) တည်ဆောက်လိုက်တဲ့ တာဝါတိုင်တွေရဲ့ Network ပေါ်မှာ Mtere Billing Data များအပြင် Line Data များ၊ Transformer Data များ စတဲ့ အခြားအချက်အလက်များ Collect လုပ်ခြင်းတွေကိုလဲ တိုးချဲ့ လုပ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်... ပြည်သူတွေအတွက်လဲ (၁) လစဉ် မီတာရုံးကို လာစရာ မလိုတော့လို့ ခရီးစရိတ် အကုန်သက်သာ ၊ အချိန်ကုန် သက်သာ ၊ အလုပ်ရှုပ် သက်သာမှာ ဖြစ်ပါတယ်… (၂) မီတာရုံးလာတဲ့သူတွေလျော့သွားလို့ Traffic ကိုလဲ အထိုက်လျောက် လျော့ချပေးနိုင်ပါမယ်… (၃) Traffic လျော့သွားတဲ့အတွက် လောင်စာဆီ သုံးစွဲမှုကို လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်… ကျွန်တော့်ဘာသာ တစ်ယောက်ထဲ စိတ်ကူးယဉ်ကြည့်နေတာပါဗျာ… လုပ်ခွင့်ရတဲ့ တစ်နေ့ .. လုပ်နိုင်တဲ့ တစ်နေ့ နဲ့ ကြုံ ကြိုက်ခဲ့ရင်တော့.. ဒီစိတ်ကူးလေးတွေကို အကာင်အထည် ဖော်နိုင်ဖို့ မျှော်လင့်လျက်…. လာရောက်ဖတ်ရှုသွားတဲ့ Face Book သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ပါတယ် Credit ပေးပြီး ယခု Note အား ကြိုက်သလို ဖြန့််ဝေ ထုတ်ဝေနိုင်ပါတယ်… ထွန်းဝဏ္ဍ ရေးပြီးချိန် နံနက် (01:35) (21.1.2014)
Posted on: Tue, 21 Jan 2014 00:54:16 +0000

Trending Topics



Recently Viewed Topics




© 2015