SOURCE: DAILY ELEVEN - TopicsExpress



          

SOURCE: DAILY ELEVEN NEWS မုံရွာခရိုင်အတွင်း ဘုရားခိုးမှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်းသိရ မုံရွာခရိုင် အတွင်း ရှေးဟောင်းယဉ်ကျေးမှု နယ်မြေများ အပါအ၀င် ကျေးရွာစေတီများ တွင် ဘုရားခိုးခံရမှုများ ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။ "ဘုရားခိုးခံရတာတွေ က မုံရွာခရိုင်နဲ့  ယင်းမာပင် ခရိုင် တို့ ထဲ မှာ ဖြစ်ကြတယ်။ဖြစ်ပွားပြီးတော့  အရပ်ထဲမှာ ကိုယ့် အစီအစဉ်နဲ့ စုံစမ်းကြပြီး မရတော့  မတိုင်တာတွေ ရှိသလို စုံစမ်းမရ မှ လာတိုင်တာတွေလဲရှိတယ်။အရပ်ထဲမှာပြောကြတာတော့  ကားတွေနဲ့ တောင် လာပြီး ခိုးတယ် လို့ သိရတယ်။လွန်ခဲ့ တဲ့ နှစ်အတော်များများလောက်က ယင်းမာပင်ခရိုင်ကဖိုလ်ဝင်တောင် နဲ့  မုံရွာခရိုင်ထဲက အမြင့်ရွာ လို သမိုင်းအထောက်အထား နဲ့ ယဉ်ကျေးမှု နယ်မြေ တွေ မှာ ရှေးဟောင်း အမွေအနှစ်တွေ အခိုးခံရဖူးတယ်။စက်တင်ဘာလ ၄ ရက်နေ့ က ချောင်းဦးရဲစခန်းမှာ လွန်ခဲ့ တဲ့  ၃လ လောက်က အခိုးခံရတဲ့  ဘုရား အတွက်လာတိုင်လို့  (ပ)၂၅၂/၂၀၁၃ ပြစ်မှုပုဒ်မ၃၈၀/၂၉၅ နဲ့  အမှုဖွင့်စုံစမ်းနေပါတယ်။အမြင့်ကျေးရွာ ကူးတို့ ကုန်းရပ်ကွက် ဖောင်တော်ဦး ဘုရားသစ် ထဲက မုခ် ၄ မုခ်မှာ ကိုးကွယ်ထားတဲ့  ဥာဏ်တော် ၂၀ လက်မ လောက်ရှိတဲ့  ဘုရား၃ ဆူပျောက်တာကို အရင်က ကျေးရွာအစီအစဉ်နဲ့ စုံစမ်းရာက နေ အခုလို လာတိုင်တာ ။" ဟူ၍ မုံရွာခရိုင် ဒေသအာဏာပိုင်တစ်ဦး ကပြောပြခဲ့ သည်။ မုံရွာခရိုင် ချောင်းဦးမြို့ နယ် ရွှေဂူကျေးရွာအုပ်စု သောတာပန်ကျေးရွာ မာန်ဘုရားဝင်း အတွင်းတွင် ဇူလိုင်လ ၂၂ရက်နေ့ က ခြေတော်ရာ အခိုးခံရပြီး သြဂုတ်လ ပထမပတ်အတွင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့ နယ် ဇီးပဏီ(တောင်)အုပ်စု ကုန်းကြီးကျေးရွာ ရွာအရှေ့ ဘက် ရတနာမှန်စီ ဘုရားကျောင်းဝင်းအတွင်းရှိ စေတီ၃ဆူနှင့်သိမ် အတွင်းမှ ဘုရားဆင်းတုတော် ၇ ဆူ အခိုးခံရကြောင်းသတင်းရရှိသည်။ ယင်းမာပင်ခရိုင် ဖိုလ်ဝင်တောင် မှာ ဟန်လင်းမြို့ ပြ ယဉ်ကျေးမှု ၊ပုဂံ ယဉ်ကျေးမှုတို့  နှင့် ခေတ်ပြိုင် အဖြစ် ထင်ရှားခဲ့ ကာ ဆားလင်းကြီး မြို့ နယ် ဒေသများမှာ အလောင်းစည်သူမင်း တိုင်းခန်းလှည့် လည်စဉ် ရောက်ရှိခဲ့ သော သမိုင်း အထောက်အထားများ ရှိခဲ့ ကြောင်းသိရသည်။ ချောင်းဦးမြို့ နယ် အမြင့် ၊အနိမ့် ၊သောတာပန် ကျေးရွာ တို့  မှာ ပုဂံခေတ် သမိုင်းဝင် ဒေသများ ဖြစ်ပြီး အနော်ရထာမင်းမျက်သင့်ကာ ကျန်စစ်သား ရှောင်တိမ်းစဉ် က ရောက်ရှိခဲ့ သော သမိုင်းဝင် အချက်အလက်များ တည်ရှိသော ဒေသများ ဖြစ်ကြောင်းသိရသည်။
Posted on: Mon, 09 Sep 2013 06:35:58 +0000

Trending Topics



Recently Viewed Topics




© 2015