THE TRUMAN SHOW (1998) - - TopicsExpress



          

THE TRUMAN SHOW (1998) - သူကိုယ်တိုင်မသိရှာပဲ အကွက်ကျကျ မွေးကတည်းက အတုအယောင် ဆက်တင်ကမ္ဘာထဲမှာ ရိုက်ကူးခံရပြီး Live ထုတ်လွှင့်ခံနေရတဲ့ Truman ရဲ့ဘ၀ (Jim Carrey) EDTV (1999) - The Truman Show လို ဇာတ်လမ်းမျိုးပါပဲ။ ဒါပေမဲ့ Ed ကတော့ သူကိုယ်တိုင် သဘောတူညီမှုနဲ့ သူ့ဘ၀ကို Channel မှာ Live ပြသပါတယ် (Matthew McConaughey) S1M0NE (2002) - ဒစ်ဂျစ်တယ်နည်းပညာနဲ့ သူ(Viktor) ဖန်တီးလိုက်တဲ့ ရုပ်ရှင်မင်းသမီးဟာ ကျော်ကြားသွားပြီး လူလုံးထုတ်ပြဖို့ လူတွေတောင်းဆိုလာကြရာက နောက်ဆုံး ဘယ်လို အဆုံးသတ်ဖို့ ကြိုးစားသလဲဆိုတာ (Al Pacino) CLICK (2006) - လူ့ဘ၀ကို ရီမုဒ်ကွန်ထရိုးတစ်ခု ကိုင်ပြီး ကျော်မယ်၊ ရစ်မယ်၊ ရပ်မယ်၊ ကြိုက်သလိုလုပ်နေရာက နောက်ဆုံးမလိုချင်တော့လို့ ပြန်တောင်းပန်ရတဲ့ Click (Adam Sandler) *မှတ်မိသလောက် ဒီရုပ်ရှင် ၄ ကားစလုံးဟာ နာမည်ကျော် ဒါရိုက်တာ၊ မင်းသားတွေနဲ့ ရိုက်ခဲ့တာပါ။ ကျွန်တော်တို့ ဘယ်လိုမှမစဉ်းစားမိတဲ့ အကြောင်းအရာတွေကို တင်ပြသွားခဲ့ပါတယ်။ နည်းပညာတိုးတက်လာမှု၊ ဆန်းသစ်ဖန်တီးမှုကြောင့် လူတွေအတွက် ကောင်းကျိုး၊ ဆိုးကျိုးတွေကို မီးမောင်းထိုးပြခဲ့ပါတယ်။* ၄ ကားပေါင်းပြီး အတိုဆုံး ရေးလိုက်တဲ့အတွက် အချက်အလက်တွေမပြည့်စုံပါဘူး။ ဒါပေမဲ့ နီးစပ်ရာမှာ DVD ဖြစ်ဖြစ် ရှာကြည့်ပြီးလို့ မကောင်းဘူးဆိုရင် ကျွန်တော့်ကို လာထိုးနိုင်ပါတယ်။ (မျက်စောင်းနဲ့) :P
Posted on: Sun, 10 Nov 2013 07:28:49 +0000

Trending Topics



Recently Viewed Topics




© 2015