Telenor ဆင်းမ်ကတ်များတွင် - TopicsExpress



          

Telenor ဆင်းမ်ကတ်များတွင် အင်တာနက် တစ်ပါတည်းပါရှိမည်ဖြစ်ပြီး လိုင်စင်ရအပြီး ရှစ်လအကြာတွင် ဆင်းမ်ကတ်များ စတင်သုံးစွဲ နိုင်မည်။ Telenor Myanmar၏ CEO အဖြစ်ခန့်အပ်ခံရသူ မစ္စတာ ပတ်တာဖားဘတ်က "အခုက တာဝါတိုင်တွေ ဆောက်ဖို့ ပူးတွဲလုပ်ကိုင်မဲ့ သူတွေနဲ့ ဆွေးနွေးညှိနှိုင်းနေပါတယ် တစ်နိုင်ငံလုံးမှာ 2G ရော 3Gပါ သုံးစွဲနိုင်အောင် ပြုလုပ်သွားမှာဖြစ်ပါတယ် ဆင်းမ်ကတ်ကိုလည်း ၁၅၀၀ထက် နည်းတဲ့ ငွေကြေးနဲ့ ရောင်းချသွားမှာဖြစ်ပါတယ်" ဟု ဇူလိုင် ၁၇ တွင် ပြောကြားခဲ့သည်။ Telenor ကုမ္ပဏီက ၄င်းတို့၏ဆက်သွယ်ရေး ဝန်ဆောင်မှု အတွက် တစ်မိနစ်လျှင် ဖုန်းခေါ်ဆိုခ ၂၅ ကျပ်သတ်မှတ်ထားသည်။ မြန်မာနိုင်ငံတွင် ဝန်ဆောင်မှုပေးရာတွင် တစ်နိုင်ငံ လုံးအသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ပြီး နိုင်ငံအနှံ့တွင် ၄င်းတို့၏ဆင်းမ်ကတ်ကို ဝယ်ယူနိုင်မည့်နေရာပေါင်း ခုနှစ်သောင်း နီးပါးနှင့် ငွေဖြည့်ကတ်ဝယ်ယူနိုင်မည့် နေရာပေါင်း ကိုးသောင်း မှ တစ်သိန်း ကြားထားရှိနိုင်ရန် စီစဉ်သွားမည်ဟု သိရသည်။ Credid:by Daily ELEVEN
Posted on: Sat, 20 Jul 2013 02:02:20 +0000

Recently Viewed Topics




© 2015