This is Myanmar ဆိုတဲ့ - TopicsExpress



          

This is Myanmar ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျွန်တော်ပုံတွေကို တင်တဲ့အခါ မြန်မာပြည်မှာ လက်ရှိဖြစ်ပျက်နေသသမျှ ပုံရိပ်အားလုံးကို တင်ချင်တာပါ ။ ဆိုပါတော့ ရန်ကုန်မှာ ရေမြုပ်နေလို့  ဆိုက်ကားတွေ ၊ကားတွေ ပါ နစ်နေရတာမျိုး အပါအ၀င်ပေါ့ ။ ထူးခြားခဲ့တဲ့ ဖြစ်ရပ်ဆိုးကြီးတွေရဲ့  ပုံကိုလည်း မှတ်တမ်းမှတ်ရာ အနေနဲ့ တင်ချင်တာပါပဲ ။ မလှလို့  ၊ ကျွန်တော်တို့  တွေ လုပ်ခဲ့ ၊ ဖြစ်ခဲ့ကြတဲ့ လုပ်ရပ်တွေက မလှလို့  ၊ မသင့်တော်လို့  ၊ လူမြင်မတင့်တယ်လို့  ဆိုပြီးတော့ ကျွန်တော် က ဖုံးကွယ်မထားချင် ၊ ချန်မထားချင်ပါဘူး ။ ကျွန်တော်တို့ရဲ့  သက်တမ်းမှာ ဖြစ်ခဲ့သမျှ အရာရာအတွက်တော့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အကုန်လုံးက ကျွန်တော်တို့တွေနဲ့  သက်ဆိုင်နေတာပဲကိုး...။ ပြီးတော့ဒါတွေဟာကျွန်တော်တစ်ယောက်တည်း ပိုင်ဆိုင်တဲ့ သီူသန့် လျို့ဝှက်ပုံများလည်း မဟုတ်ကြပါဘူး ။ Google မှာ ပဲ ရှာထားတာတွေပါ ။ တစ်ချို့ ပုံတွေကို မတင်ပါနဲ့ လို့  ကန့် ကွက်တဲ့သူ ရှိလာတဲ့အတွက် ကျွန်တော်စိတ်မကောင်းပါဘူး ။ ကျွန်တော်တို့မျိုးဆက်ဟာ ဖုံခါ ထုံးသုတ်ပြီး တစ်ပွဲတိုး ကော်ဇောခင်း ပေးတဲ့ စနစ်ကို ကျော်လွန်သင့်ခဲ့ပါပြီ ။ မကောင်းတာတွေကိုလည်း မကောင်းတဲ့အတိုင်း ၊ ကျွန်တော်တို့  မှားခဲ့ကြရတယ် ဆိုရင်လည်း အဲဒီအမှားကို တာဝန်ယူပေးကြဖို့ နဲ့ ၊ကျွန်တော်တို့က အမှားခံခဲ့ကြရတယ် ဆိုရင်လည်း အဲဒီအမှားတွေအတွက် တာဝန်ရှိသူကို ဖော်ထုတ်တာဝန်ယူခိုင်းကြစေဖို့  ကျွန်တော်တို့  ရဲရင့်မှန်ကန်ဖို့  လိုကြပြီ မဟုတ်ပါလား...............။ ပြည်ချစ်သူ 22,8.2013
Posted on: Thu, 22 Aug 2013 15:58:47 +0000

Trending Topics



Recently Viewed Topics




© 2015