U Win Cho နဲ - TopicsExpress



          

U Win Cho နဲါအပေါင်းပါများအတွက် John Steinbeck s Grapes of Wrath မှ ကျနော်အကြိုက်ဆုံး အခန်းကို ဘာသာပြန်ထားတာ THE WESTERN LAND, nervous under the beginning change. The Western States, nervous as horses before a thunder storm. The great owners, nervous, sensing a change, knowing nothing of the nature of the change. The great owners, striking at the immediate thing, the widening government, the growing labor unity; striking at new taxes, at plans; not knowing these things are results, not causes. Results, not causes; results, not causes. The causes lie deep and simple- the causes are a hunger in a stomach, multiplied a million times; a hunger in a single soul, hunger for joy and some security, multiplied a million times; muscles and mind aching to grow, to work, to create, multiplied a million times. The last clear definite function of man- muscles aching to work, minds aching to create beyond the single need- this is man. To build a wall, to build a house, a dam, and in the wall and house and dam to put something of Manself, and to Manself take back something of the wall, the house, the dam; to take hard muscles from the lifting, to take the clear lines and form from conceiving. အနောက်ပိုင်းနယ်မြေတွေဟာ ကနဦးအစမှာ တုန်တုန်လှုပ်လှုပ်နဲ့ ပြောင်းလဲလာကြတယ်၊ အနောက်ပိုင်းနယ်မြေတွေ၊ မုန်တိုင်းမကျခင် မြင်းတွေ မထိန်းနိုင်မသိမ်းနိုင်ကြောက်ရွံ့ ကျသလိုကို တုန်လှုပ်နေကြတယ်။ မြေပိုင်ရှင် လုပ်ငန်းပိုင်ရှင်ကြီးတွေလဲ တုန်လှုပ်နေတာပဲ၊ အပြောင်းအလဲတခုလာနေပြီဆိုတာကို သိနေပြီး ဘယ်လို ပြောင်းလဲမယ်ဆိုတာကို မခန့် မှန်းနိုင်ကြတာကိုး။ ပိုင်ရှင်ကြီးတွေက လောလောလတ်လတ် အရာတွေကိုပဲ ဦးတည် တိုက်ခိုက်နေကြတော့တယ်၊ ကျယ်ပြန့် လာတဲ့ အုပ်ချူပ်ရေးစနစ်၊ ပိုပြီး ကြီးထွားညီညွတ်လာတဲ့ အလုပ်သမားထု၊ အသစ်ကောက်လာတဲ့ ၀င်ငွေခွန်တွေ၊ စီမံကိန်းတွေ၊ ဒါတွေဟာ အကျိုးဆက်တွေ ရလဒ်ဆိုတာကို နားမလည်နိုင်ကြဘူး၊ ဒီရလဒ်တွေဟာ သက်ရောက်မှုဖြစ်စေတဲ့ အကြောင်းဆက်တွေမဟုတ်ဘူး၊ အကျိုးဆက်တွေ၊ အကြောင်းဆက်တွေ မဟုတ်ဘူး။ အကြောင်းဆက်တွေက နက်ရှိုင်းသလောက် ရိုးစင်းပါတယ်၊ အကြောင်းဆက်တွေက ၀မ်းဗိုက်တဗိုက်ထဲမှာ ရှိနေတဲ့ ဆာလောင်မွတ်သိပ်မှု၊ ဒါကို သန်းချီပြီး မြှောက်တွက်လိုက်၊ စိတ်ဝိညာဏ်တခုထဲမှာပဲ ရှိနေတဲ့ မွတ်သိပ်မှု၊ ပျော်ရွှင်မှုနဲ့  လုံခြုံမှု အနည်းငယ်စတာတွေကို မွတ်သိပ်မှု အဲဒါကိုလဲ သန်းချီပြီး မြှောက်လိုက်။ စိတ်ဝိညာဏ်တခုထဲမှာပဲ ရှိနေတဲ့ မွတ်သိပ်မှု၊ ပျော်ရွှင်မှုနဲ့  လုံခြုံမှု လို့ နောက်ဆုံးပြောခဲ့တာက လူသားဆိုတာရဲ့ ရှင်းလင်းပြတ်သားတဲ့ အဓိပ္ပါယ်ပဲ။ ကြွက်သားတွေကနေ တောင့်တနေတဲ့ အလုပ်လုပ်လိုစိတ်၊ စိတ်တွေက ပြင်းပြနေတဲ့ သာမန် လိုအပ်မှုတွေထက် ပိုမိုပြီးဖန်တီးလိုစိတ်၊ ဒါဟာ လူပဲ၊ တံတိုင်းနံရံတွေကို ဆောက်မယ်၊ အိမ်တွေ ဆောက်မယ်၊ ဆည်တွေဆောက်မယ်၊ တံတိုင်းရယ် အိမ်ရယ် ဆည်တွေရဲ့ အထဲမှာ လူဆိုတဲ့ အရာရဲ့ အစိတ်အပိုင်းတခုကို ထည့်မယ်၊ လူသားစိတ်ဓါတ်ထဲကိုလဲ အဲဒီတံတိုင်းတွေ၊ အိမ်တွေ ဆည်တွေဆီက တခုခုပြန်ယူမယ်၊ ပင့်တင်အလုပ်လုပ်မှုတွေရဲ့ ကြွက်သားမာတွေ ဖန်တီးမှုတွေအတွက် ပြတ်သားတိကျတဲ့ လိုင်းတွေ ပုံစံတွေ For man, unlike any other thing organic or inorganic in the universe, grows beyond his work, walks up the stairs of his concepts, emerges ahead of his accomplishments. This you may say of man- when theories change and crash, when schools, philosophies, when narrow dark alleys of thought, national, religious, economic, grow and disintegrate, man reaches, stumbles forward, painfully, mistakenly sometimes. Having stepped forward, he may slip back, but only half a step, never the full step back. This you may say and know it and know it. This you may know when the bombs plummet out of the black planes on the market place, when prisoners are stuck like pigs, when the crushed bodies drain filthily in the dust. You may know it in this way. If the step were not being taken, if the stumbling-forward ache were not alive, the bombs would not fall, the throats would not be cut. . လူသားဆိုတာ စကြာဝဋ္ဌာကြီးထဲက တခြားသက်ရှိသက်မဲ့အရာတွေနဲ့ မတူတာက သူဖန်တီးခဲ့တဲ့ လုပ်ငန်းတွေကို ကျော်လွန်ပြီး ကြီးထွားနိုင်စွမ်းရှိတယ်၊ သူ့ ယုံကြည်ချက်လှေခါးတွေကို နင်းပြီး အထက်ကို တက်လှမ်းနိုင်တယ်၊ သူ့ စွမ်းဆောင်မှုတွေရဲ့ ရှေ့ ကို ရောက်သွားနေအောင် စွမ်းဆောင်နိုင်တယ်၊ လူသားနဲ့ ပတ်သက်လာရင် ဒါတခု ပြောလို့ ရတယ်၊ သီအိုရီတွေ ပြောင်းလဲ ကျဆုံးသွားတဲ့အခါ၊ ကျောင်းတွေ ဒဿနတွေ၊ အမျိုးသားရေး၊ ဘာသာရေး၊ စီးပွားရေး စတာတွေနဲ့ ပတ်သက်လို့ ကျဉ်းမြောင်းတဲ့ လမ်းမှောင်လေးတွေက အတွေးတွေကနေ ကြီးထွားလာလိုက်၊ ပြိုကွဲသွားလိုက် ဖြစ်နေကြတဲ့အခါ၊ လူသားဟာ ရှေ့ ခရီးလမ်းကို ဆုပ်ကိုင်တယ်၊ ဒယိမ်းဒယိုင်နဲ့ ရှေ့ ကိုတိုးတယ်၊ တခါတလေလဲ လမ်းမှားကို နာကျင်စွာ လျှောက်တာပေါ့၊ ရှေ့ ကို တိုးရင်း သူ နောက်ကို ပြန်ချော်ကြတတ်ပါတယ်၊ ဒါပေမဲ့ နောက် လှမ်းဝက်ပဲ ဆုတ်တာပါ၊ ဘယ်တော့မှ ခြေလှမ်းပြည့် ဆုတ်လေ့ မရှိပါဘူး၊ ဒါကို မင်းပြောပါ၊ ပြီးတော့လဲ ကြပ်ကြပ်သိထားပါ။ မင်းဘယ်အချိန်တွေကြရင် သိထားရမလဲဆိုရင် လေယာဉ်မဲကြီးတွေထဲကနေ ဈေးတွေပေါ်ကို ဗုံးတွေ ကျလာတဲ့အခါမှာ၊ အကျဉ်းသားတွေကို ၀က်တွေလို ပြွတ်သိပ်ပြီး အထားခံရတဲ့အခါမှာ၊ ကျိုးပဲ့ပျက်စီးသွားကြတဲ့ လူ့ ခန္ဓာကိုယ်တွေ ဖုံအညစ်အကြေးတွေ ဖြစ်နေကြရတဲ့အခါမှာ၊ မင်းဘယ်လိုသိထားရမလဲ၊ ရှေ့ ကိုခြေလှမ်းတွေ မလှမ်းခဲ့ဘူးဆိုရင်၊ ရှေ့ ကိုလှမ်းချင်တဲ့ စိတ်ဓါတ်တွေ မဆာလောင်ခဲ့ဘူးဆိုရင်၊ ဗုံးဆိုတာ ကျလာမှာမဟုတ်ဘူး၊ လည်ပင်းတွေလဲ အဖြတ်ခံရမှာမဟုတ်ဘူး၊ Fear the time when the bombs stop falling while the bombers live- for every bomb is proof that the spirit has not died. And fear the time when the strikes stop while the great owners live- for every little beaten strike is proof that the step is being taken. And this you can know- fear the time when Manself will not suffer and die for a concept, for this one quality is the foundation of Manself, and this one quality is man, distinctive in the universe. ဗုံးကြဲတဲ့လူတွေက အသက်ရှင်နေပြီး ဗုံးတွေက ကျမလာတော့တဲ့အချိန်ကို ကြောက်ပါ၊ ဘာကြောင့်လဲဆိုတော့ ဗုံးတွေကြဲနေရတယ်ဆိုတာက စိတ်ဓါတ်တွေ ရှင်သန်နေတာကို ပြတာပဲ၊ အရင်းရှင်ကြီးတွေ အလုပ်ရှင်ကြီးတွေ ရှင်သန်နေကြပြီး ဆန္ဒပြတာတွေ ရပ်သွားပြီဆိုရင်လဲ ကြောက်ရမဲ့ အချိန်ပါပဲ၊ နှိမ်နှင်းခြင်းခံရတဲ့ ဆန္ဒပြမှုလေးတွေ အားလုံးက လူရဲ့ ရှေ့ ကို လှမ်းတဲ့ ခြေလှမ်းတွေ လှမ်းနေတုံးပဲဆိုတာကို ပြတာပါပဲ၊ ဒီကိစ္စကို သိထားပါ၊ ဘယ်အချိန်ကြရင် လူသားတွေအတွက် စိုးရိမ်ရမလဲဆိုတော့၊ လူတွေက ယုံကြည်မှုအတွက် အသေမခံတော့ဘူး၊ ဒုက္ခမခံတော့ဘူးဆိုတဲ့ အချိန်ပါပဲ၊ ဒီလို ယုံကြည်မှုအတွက် ဒုက္ခခံတာ၊ အသေခံတာဟာ လူစိတ်ဓါတ်ရဲ့ အခြေခံပဲ၊ လူရဲ့ အရည်အချင်းပဲ၊ လူကို စကြာဝဋ္ဌာထဲမှာ ထူးခြားစေတဲ့အရာပဲ
Posted on: Wed, 05 Mar 2014 05:44:00 +0000

Trending Topics



Recently Viewed Topics




© 2015