UMFCCI ရန်ကုန်ရုံးချုပ်အား - TopicsExpress



          

UMFCCI ရန်ကုန်ရုံးချုပ်အား ကမ္ဘောဇဘဏ်တွင် ကျပ်သိန်းနှစ်သောင်းဖြင့် ပေါင်နှံထားပြီး ရန်ကုန်နှင့် နေပြည်တော်ရှိ အသင်းချုပ်နှစ်ခု၏ ဆောက်လုပ်ရေးစရိတ် ကျပ်၂၈၄၁၂ သိန်းအတွက် ဘဏ္ဍာရေးရှင်းတမ်း ထုတ်ပြန်နိုင်ခြင်း မရှိသေး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၏ အငြင်းပွားမှု ဖြစ်ပေါ်နေသည့် ဘဏ္ဍာရေးရှင်းတမ်း ထုတ်ပြန်နိုင်မှု မရှိသည့် ပြဿနာများတွင် ရန်ကုန်မြို့ရှိ အသင်းချုပ်ရုံးနှင့်မြေအား ကမ္ဘောဇဘဏ်တွင် ကျပ်သိန်းနှစ်သောင်းဖြင့်ပေါင်၍ အာမခံချက် မရှိဘဲ အပြင်သို့ ငွေထုတ်ချေးခြင်းနှင့် ရန်ကုန်နှင့် နေပြည်တော်ရှိ ကုန်သည်စက်မှု အသင်းချုပ် တည်ဆောက်မှုအတွက် ကုန်ကျငွေ ကျပ် ၂၈၄၁၂ သိန်း၊ စုစုပေါင်းကျပ်သိန်း လေးသောင်းရှစ်ထောင်ကျော်အတွက် ရှင်းလင်းနိုင်မှု မရှိခြင်းက အဓိကကျနေကြောင်း အသင်းဝင်အချို့က ပြောကြားသည်။ ရန်ကုန်မြို့ရှိ အသင်းချုပ်ရုံးအား ၂၀၁၁ ခုနှစ်အတွင်း ကမ္ဘောဇဘဏ်တွင် ပေါင်နှံခဲ့ကာ ရငွေအား GLAD Co.Ltd အား ထုတ်ချေးခဲ့ပြီး ပြန်ဆပ်ငွေအား ဖော်ကျွန်းအင်တာနေရှင်နယ်မှ ဦးမြဟန်အား ကျပ်သိန်းတစ်သောင်းခွဲ၊ သစ်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးစိန်လွင်အား ကျပ်သိန်း ၃၀၀၀၊ Global Star ကုမ္ပဏီအား ကျန်ငွေသိန်း ၂၀၀၀ နှင့် အသင်းပိုင်ငွေ ကျပ်သိန်း ၄၅၀၀ အား ၂၀၁၂ ခုနှစ် ဖော်ဖော်ဝါရီ ၂၄ ရက်နှင့် ၂၈ ရက်များတွင် ထုတ်ချေးခဲ့သည်ဟု အသင်းဝင် လုပ်ငန်းရှင်အချို့က ပြောကြားသည်။ ၂၀၀၄ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ရန်ကုန်မြို့ရှိ ကုန်သည်စက်မှု အသင်းချုပ်အတွက် လက်ရှိဥက္ကဋ္ဌဖြစ်သူ ဦးဝင်းအောင်မှ ဆောက်လုပ်ရေး ကော်မတီအဖြစ် ငွေကျပ် သိန်း ၁၁၆၃၂ အား ထုတ်ယူထားပြီး ၁၀ နှစ် ခန့် ကြာသည့်အထိ ရှင်းလင်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ အလားတူပင် နေပြည်တော်ရှိ အစိုးရပေးသည့် မြေကွက်ပေါ်တွင် နှစ်ထပ်တိုက်အဖြစ် တည်ဆောက်မည့် ကုန်သည်စက်မှု အသင်းချုပ်အတွက် ကျပ် ၁၆၇၇၉ သိန်းအား ၂၀၁၁ ခုနှစ်တွင် တည်ဆောက်ရန် ထုတ်ယူခဲ့ပြီး လက်ရှိကာလအထိ ကုန်ငွေသုံးငွေအား စာရင်းရှင်းလင်း ပြသနိုင်မှု မရှိကြောင်း သိရသည်။ "၂၀၀၄ မှာ ရန်ကုန်အသင်းချုပ်အတွက် ကျပ်သိန်းတစ်သောင်းတစ်ထောင်ကျော်ကို ထုတ်ယူထားတာ အခုဆို ရုံးချုပ်တောင် တော်တော်စုတ်နေပြီ။ မရှင်းနိုင်သေးဘူး။ နေပြည်တော်ရုံးဆိုလည်း ဦးဝင်းအောင်က အလုပ်အမှုဆောင် အဖွဲ့တွေရဲ့ ဆုံးဖြတ်ချက် မယူဘဲ ကမ္ဘောဇဘဏ်မှာ အကောင့်ဖွင့်ပြီး ကျပ်သိန်းတစ်သောင်းခြောက်ထောင်ကျော် ထုတ်ထားတယ်။ လိမ်ပြီးထုတ်သွားရင် ဘယ်လိုလုပ်မလဲ။ ပြီးတော့ ဆောက်နေတဲ့သူက အသင်းချုပ်ရဲ့ စာရင်းစစ်လေ။ သူပဲ ဆောက်လုပ်ရေး ကော်မတီ အတွင်းရေးမှူးဆိုပြီး တာဝန်ယူ ဆောက်နေတာ။ သူပဲ ရုံးကိုဆောက် သူပဲ စာရင်းစစ်နေတာ။ အဆောက်အအုံ ကုန်ကျစရိတ်တွေ မှန်၊ မမှန် ဘယ်သူထောက်ပြမလဲ" ဟု အလုပ်အမှုဆောင်ဟောင်း တစ်ဦးက ဆိုသည်။ ဆောက်လုပ်ရေး ကော်မတီတွင် ၂၀၀၄ ခုနှစ်မှ လက်ရှိဥက္ကဋ္ဌဖြစ်သူ ဦးဝင်းအောင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ ငွေများထုတ်ယူခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တာဝန်ယူ တည်ဆောက်နေသည့် စာရင်းစစ် ဦးတင်မောင်ဝင်းက အတွင်းရေးမှူးအဖြစ် အဆိုပါ ဆောက်လုပ်မှုများအား ဦးဆောင်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၏ ဇွန်လအတွင်း ပြုလုပ်ခဲ့သည့် နှစ်ပတ်လည်ပွဲတွင် ဘဏ္ဍာရေး စာရင်းဆိုင်ရာ အငြင်းပွားမှု၊ မကျေလည်မှုများ ဖြစ်ပေါ်ခဲ့ပြီး ရုန်းရင်းဆန်ခတ် ဖြစ်သည်အထိ အငြင်းပွားမှု ဖြစ်ပေါ်ခဲ့သည့် အသင်းချုပ်၏ ဘဏ္ဍာရေး စာရင်းရှင်းတမ်းအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဖြေရှင်းပေးမည်ဟု ပြောဆိုခဲ့သော်လည်း တစ်လကျော် ကြာသည့်အထိ ဖြေရှင်းပေးနိုင်ခြင်း မရှိကြောင်း သိရသည်။ အဆိုပါ ဘဏ္ဍာရေး စာရင်းရှင်းတမ်း အငြင်းပွားမှုနှင့် ပတ်သက်၍ ကုန်သည်စက်မှု အသင်းချုပ်မှ ထိပ်ပိုင်းတာဝန်ရှိသူ ဦးလှမောင်ရွှေ အပါအ၀င် တာဝန်ရှိသူကိုးဦး ပါဝင်သည့်အဖွဲ့နှင့် ဦးခင်လှိုင်တို့ သြဂုတ် ၆ ရက်က တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။ ယင်းအပြင် အဆိုပါ ဘဏ္ဍာရေး စာရင်းရှင်းတမ်းနှင့် ပတ်သက်၍ အသင်းချုပ်မှ တာဝန်အရှိဆုံးသူဖြစ်သည့် ဥက္ကဋ္ဌဖြစ်သူ ဦးဝင်းအောင်မှာ ဂျာမနီနိုင်ငံသို့ သွားရောက်သည်ဆိုကာ တက်ရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။ အသင်းချုပ်၏ အဓိက ၀င်ငွေရလမ်းဖြစ်သည့် အသင်းဝင်ပေါင်း ၂၆၃၁၉ ဦး၏ အသင်းဝင်ကြေး ရရှိမှု အနေအထားများအား ရှင်းလင်းနိုင်မှု မရှိကြောင်းလည်း အဆိုပါ တွေ့ဆုံပွဲမှ သိရသည်။ အထက်ပါ ပြောဆိုမှုများနှင့် ပတ်သက်၍ ကုန်သည်စက်မှု အသင်းချုပ်မှ ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် ဒုဥက္ကဋ္ဌအချို့အား ဆက်သွယ်မေးမြန်းရာ အသင်းချုပ်ရုံးမှ အလုပ်အမှုဆောင် အစည်းအဝေး ပြုလုပ်နေကြောင်း ပြန်လည်ဆက်သွယ်မည်ဖြစ်ကြောင်း သြဂုတ် ၁၄ ရက် မွန်းလွဲပိုင်းက ဖြေဆိုခဲ့သော်လည်း ရုံးချိန်ကုန်ဆုံးသည့်အထိ ပြန်လည်ဖြေဆိုခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။ "အလုပ်အမှုဆောင်တွေ အားလုံးတိုင်ပင်ပြီးမှ လုပ်တာပါ။ စာရင်းမရှင်းဘူး။ သူ့သဘောနဲ့သူ လုပ်တယ်ဆိုတာလည်း မမှန်ပါဘူး။ နေပြည်တော်နဲ့ ရန်ကုန်ရုံးတွေအတွက် ကုန်ကျစရိတ်ကိုလည်း EC၊ CEC ဆွေးနွေးပွဲတိုင်းမှာ တင်ပြနေပါတယ်" ဟု ကုန်သည်စက်မှု အသင်းချုပ်မှ ဒုဥက္ကဋ္ဌတစ်ဦးက ပြောကြားသည်။ Reposted by pyae phyo Credit to eleven media facebook/MMcities
Posted on: Thu, 15 Aug 2013 00:57:18 +0000

Trending Topics



t:30px;"> HOT NEWS, DIkarenakan melihat situasi Peminat yang banyak atas LA
Il laboratorio creativo “Just the Fantasy” offre servizi di
#Pomona Job: Travel ICU RN - Critical Care Registered Nurse -
♛ NEW NEW NEW Short term program! From great admin! ♛ Join
My cousin is only 16 years old, but he has been wearing glasses

Recently Viewed Topics




© 2015